4 Shares 841 Views

ပျောက်သွားတဲ့ Android Device ကို မြေပုံမှာ ခြေရာခံနည်း

Dec 21, 2016
4 841

ဒီနေ့ခေတ်မှာ Mobile Banking များကို သုံးလာကြပြီ ဖြစ်တဲ့အတွက် သင့် ဖုန်း ပျောက်သွားရင် စိတ်ပူစရာပါ။ သင့်ဖုန်းကို ကောက်ရတဲ့ လူက သင့်ဘဏ်အကောင့်ထဲမှ ငွေများကို ခိုးယူသွားနိုင်ပါတယ်။ ဒါ့အပြင် သင့်ရဲ့ အရေးကြီး ဒေတာများလည်း ပေါက်ကြားသွားနိုင်ပါတယ်။ အဲဒီ ပြဿနာများကို ဖြေရှင်းဖို့ သင့်ဖုန်း ပျောက်သွားတဲ့ အချိန်မှာ ဖုန်းရဲ့ တည်နေရာကို မြေပုံမှာ ခြေရာခံခြင်း၊ အိမ်ထဲမှာ ပျောက်နေတာဆိုရင်လည်း Ring သံမြည်အောင် ပြုလုပ်ခြင်း၊ ဖုန်းမှ ဒေတာများကို ဖျက်ဆီးခြင်း စတဲ့ အဝေးကနေ ဖုန်းကို အင်တာနက်မှ တစ်ဆင့် ထိန်းချုပ်နိုင်တဲ့ Android Device Manager ကို ဖုန်းများမှာ ထည့်သွင်းပေးထားပါတယ်။

ဖုန်း မပျောက်ခင် ကြိုတင်ပြုလုပ်ထားရမယ့် အချက်

Google Settings App> Security > Android Device Manager ထဲသွားပြီး “ Allow remote lock and erase “ ကို Enable လုပ်ပေးပါ။ “ Remotely Locate “ ကိုလည်း Enable လုပ်ထားရမှာပါ။ တစ်ခုမှတ်ထားရမှာက အဝေးကနေ သင့်ဖုန်းမှ ဒေတာများကို Erase လုပ်တဲ့ အခါမှာ Internal Storage ထဲမှ ဒေတာများကိုသာ ဖျက်ဆီးပေးမှာ ဖြစ်တဲ့အတွက် အရေးကြီး ဒေတာများကို Internal Storage ထဲမှာသာ သိမ်းထားသင့်ပါတယ်။
img_55d8ab791cce9

ဖုန်းမှ ဒေတာများကို အဝေးမှ ဖျက်ဆီးနည်း

သင့် ဖုန်း ပျောက်သွားတဲ့ အခါမှာ ဘရောက်စာကနေ Android Device Manager ၀က်ဆိုက်ကို သွားပါ။ သင့် Google အကောင့်နဲ့ Login ၀င်ပါ။ သင့်ဖုန်းဟာ ပါဝါဖွင့်ထားပြီး Signal ရရှိနိုင်တယ်ဆိုရင် ဖုန်းရဲ့ တည်နေရာကို မြေပုံမှာ မြင်နိုင်မှာပါ။ Ring it ကို နှိပ်ရင် Phone Ring သံကို ဖွင့်ပေးမှာပါ။ Lock it ကတော့ ဖုန်းကို Lock လုပ်ပေးတာပါ။ Remotely wipe it ကို သုံးရင် ဖုန်းမှ ဒေတာများကို ဖျက်ပေးမှာပါ။ သင့်ရဲ့ ဖုန်းဟာ Signal မရရှိတဲ့ အခြေအနေမှာဆိုရင်တော့ Android Device Manager က ဖုန်းဟာ အွန်လိုင်း ဖြစ်လာတဲ့ အချိန် သို့မဟုတ် ၀ိုင်ဖိုင် ၊ ဆယ်လူလာ ကွန်ရက်များကို ချိတ်ဆက်မိတဲ့အချိန်များမှာ ဖုန်းရဲ့ တည်နေရာကို ခြေရာခံထားပြီး သင့်ကို ပြသမှာပါ။

unnamed

ရွေးချယ်စရာ နည်းလမ်းများထဲမှ ဒေတာ ပျက်ဆီးမှု မရှိတဲ့ နည်းလမ်းများကို အရင်ဆုံး သုံးသင့်ပါတယ်။ အဲဒီ နည်းလမ်းများနဲ့ အဆင်မပြေမှသာ ဒေတာများ ဖျက်ဆီးတဲ့ နည်းလမ်းကို သုံးပါ။ Erase လုပ်တာဟာ တစ်နည်းအားဖြင့် Full Factory Reset လုပ်တာ ဖြစ်တဲ့အတွက် Photos, Music, Apps, Settings များ အားလုံးကို ဖျက်ဆီးမှာပါ။ SD Card မှ ဒေတာများကိုတော့ မဖျက်ဆီးနိုင်ပါဘူး။

သင့်ဖုန်းမှာ Android Device Manager ကို Set Up မလုပ်ထားမိဘူးဆိုရင်

ဖုန်းများမှာ Android Device Manager ကို Default အားဖြင့် Enable လုပ်ထားပါတယ်။ အကယ်၍ သင်က Disable လုပ်ထားပြီးနောက်မှ ဖုန်းပျောက်သွားတဲ့ အခြေအနေမှာလည်း သင့်ဖုန်းကို ခြေရာခံနိုင်တဲ့ နည်းလမ်းများ ရှိပါသေးတယ်။ သင့်ဖုန်း ပျောက်သွားပြီးမှ Play Store ကိုသွားပြီး သင့် Google အကောင့်နဲ့ Login ၀င်ပါ။ Tracking App တစ်ခုကို အဝေးကနေ Remote Install လုပ်လိုက်ရင် သင့်ဖုန်း အင်တာနက် ချိတ်ဆက်တဲ့ အချိန်မှာ အလိုအလျှောက် အင်စတောလုပ်ပေးမှာပါ။ နာမည်ကြီးတဲ့ Tracking Apps များမှာ Android Lost , Cerberus, AirDroid , Prey , Lookout တို့ ဖြစ်ပါတယ်။ Android Lost ကတော့ Android 2.2 နဲ့တောင် အဆင်ပြေပါတယ်။

Ref : android pit

Facebook Comments

You may be interested

Huawei က အနောက် ကင်မရာ နှစ်လုံး ပါတဲ့ Nova 2 နဲ့ Nova 2 Plus တို့ကို မိတ်ဆက်
Mobiles & Tablets, NEWS
0 shares85 views

Huawei က အနောက် ကင်မရာ နှစ်လုံး ပါတဲ့ Nova 2 နဲ့ Nova 2 Plus တို့ကို မိတ်ဆက်

Ko Thuya - May 28, 2017

Huawei က စွမ်းဆောင်ရည်သင့် Nova 2 နဲ့ Nova 2 Plus တို့ကို မိတ်ဆက်လိုက်ပြီး စွမ်းဆောင်ရည်မြင့် P Series များနဲ့ ဆင်တူတဲ့အတွက် အလွန် လှပ ပါတယ်။ ထူးခြားတာက စွမ်းဆောင်ရည်သင့် ဖုန်းများမှာ အနောက်ကင်မရာ…

သင် Porn ကြည့်နေတာကို လူမမိအောင် ကာကွယ်ပေးမယ့် Minimeyes
Audio & Video, Gadgets, NEWS
5 shares108 views

သင် Porn ကြည့်နေတာကို လူမမိအောင် ကာကွယ်ပေးမယ့် Minimeyes

Ko Thuya - May 28, 2017

Minimeyes ဟာ အထူးပြုလုပ်ထားတဲ့ Motion Sensor တစ်ခု ဖြစ်ပြီး သင့် အခန်းထဲကို လူတစ်ယောက် ၀င်လာတာနဲ့ သင့် ကွန်ပြူတာ ဘရောက်စာ ၀င်းဒိုးနဲ့ အသံများကို ချက်ချင်း အလိုအလျှောက် ပိတ်ပေးနိုင်ပါတယ်။ အဲဒီ အတွက် သင့် ကွန်ပြူတာမှာ…

iPhone နဲ့ iPad ကြောင့် လေယာဉ်ပျက်ကျခဲ့သလား ဆိုတာကို စုံစမ်းနေ
Mobiles & Tablets, NEWS, Security & Safety
0 shares96 views

iPhone နဲ့ iPad ကြောင့် လေယာဉ်ပျက်ကျခဲ့သလား ဆိုတာကို စုံစမ်းနေ

Ko Thuya - May 28, 2017

၂၀၁၆ ခုနှစ် မေလမှာ Egypt Air လေကြောင်းပိုင် လေယာဉ်တစ်စီးဟာ ပဲရစ်ကနေ ကိုင်ရိုကို ပျံသန်းလာစဉ် ပျက်ကျခဲ့ပါတယ်။ အခုတော့ ပြင်သစ် စုံစမ်းရေးမှူးများက လေယာဉ်ပေါ်ပါ iPhone 6S နဲ့ iPad Mini 4 တို့ရဲ့ ဘက်ထရီ…

Most from this category