Huawei GR5 2017 ကို မှာယူပါက MPT မှ ဆုလက်ဆောင်များပေးမည်

Huawei နဲ့ MPT တို့ရဲ့ ပူပေါင်းမှုအဖြစ် Huawei GR5 2017 (MPT Special Edition) ကို MPT မှ တစ်ဆင့် ကြိုတင်မှာယူနိုင်မှာဖြစ်ပြီး မှာယူသူများအတွက် MPT က ဆုလက်ဆောင်များ ပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်၊ မန ္တလေး၊ မုံရွာ၊ ပြင်ဦးလွင်၊ မော်လမြိုင်၊ ပဲခူး၊ ပုသိမ်၊ ဘားအံ နဲ့ တောင်ကြီးမြို့တွေမှာရှိတဲ့ MPT အမှတ်တံဆိပ်အရောင်းဆိုင်တွေမှာ လာမယ့် ဒီဇင်ဘာ(၂၁) မှ (၂၄) ရက်နေ့အတွင်း အရောင်းပြပွဲများကို ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး GR5 2017 ကိုလည်းပြသသွားမှာဖြစ်ပါတယ်။

GR5 2017 ကို ဇန်နဝါရီ (၁၀) ရက်နေ့မှာ စတင်ရောင်းချပေးမှာဖြစ်ပြီး ကြိုတင်မှာယူတဲ့သူတွေကတော့ လက်ဆာင်အဖြစ် Power Bank တစ်လုံး၊ ကျောပိုးအိပ်တစ်လုံးနဲ့ 32GB SD card တို့ကိုရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် MPT မှ Huawei GR5 2017 အတွက် အထူး Data Package များကို သီးသန့်ဖန်တီးပေးထားပြီး ဖုန်းတိုင်းမှာ ဆင်းကတ်တစ်ခု ပါဝင်မှာဖြစ်ကာ သူစွဲသူအနေနဲ့ တစ်လကို (၅၀၀၀)ကျပ် ငွေဖြည့်သွင်းတိုင်း 4GB အင်တာနက်ကို (၆) လတိတိရရှိမှာဖြစ်ပါတယ်။

Huawei GR5 2017 MPT Special Edition ဖုန်းမှာ MPT4U, Lotaya, Facebook, Viber နဲ့ Line ဝန်ဆောင်မှုတွေကိုလည်း ကြိုတင်ထည့်သွင်းပေးထားမှာဖြစ်တယ်လို့သိရပါတယ်။

%d bloggers like this: