0 Shares 31 Views

တရုတ်နိုင်ငံမှာ မိုဘိုင်းဖုန်းတွေကနေ အင်တာနက်သုံးစွဲသူပေါင်း သန်း ၆၂၀ ရှိ

Jan 30, 2016
0 31

တရုတ်နိုင်ငံလူဦးရေရဲ့တစ်ဝက်နီးပါးဖြစ်တဲ့၊ တရုတ်လူမျိုး သန်း ၆၂၀ လောက်ဟာ ၂၀၁၅ ခုနှစ်မှာ အင်တာနက်ကို မိုဘိုင်းဖုန်းတွေကနေ တဆင့် ၀င်ရောက်အသုံးပြုခဲ့ကြကြောင်း၊ တရုတ်အစိုးရရဲ့အစီရင်ခံစာတစ်စောင်မှာ ဖော်ပြထားပါတယ်။

ဖုန်းကနေအင်တာနက်အသုံးပြုတဲ့ တရုတ်လူမျိုးဦးရေဟာ ၂၀၁၅ ခုနှစ်မှာ ၆၃.၀၃ သန်း မြင့်တက်လာခဲ့ပြီး၊ နိုင်ငံအတွင်း အင်တာနက်အသုံးပြုသူပေါင်း ၆၈၈ သန်းရဲ့ ၉၀.၁ ရာခိုင်နှုန်းလောက်ဟာ မိုဘိုင်းဖုန်းကနေ အင်တာနက်အသုံးပြုကြတာဖြစ်ကြောင်း တရုတ်အင်တာနက်ကွန်ရက်ဆိုင်ရာသတင်း အချက်အလက်စင်တာ (CNNIC) က သောကြာနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အင်တာနက်ရရှိမှုဟာ တရုတ်နိုင်ငံရဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၊ ပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်းနဲ့၊ အီလက်ထရောနစ်စီးပွားရေးစနစ် တို့ကို တိုးတက်စေခဲ့တယ်လို့ CNNIC က ဆိုပါတယ်။

အဆိုပါအစီရင်ခံစာမှာဖော်ပြထားချက်အရ၊ ၂၀၁၅ ခုနှစ်မှာ မိုဘိုင်းဖုန်းကနေငွေပေးချေရေးဝန်ဆောင်မှုသုံးသူအရေအတွက် ၃၅၈ သန်း၊ အွန်လိုင်းအကြံပေးဆရာဝန်တွေနဲ့ ဆွေးနွေးသူဦးရေ ၁၅၂ သန်းနဲ့ အင်တာနက်ကနေ ပညာသင်ယူသူအရေအတွက်ဟာ သန်း ၁၁၀ လောက် အသီးသီးမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

ထို့အပြင်၊ တရုတ်လူမျိုး ၁၄ ယောက်မှာ ၁ ယောက် (သို့မဟုတ်) တရုတ်လူမျိုး ၉၆.၆ သန်းဟာ ၂၀၁၅ ခုနှစ်မှာ အွန်လိုင်းကနေ တက္ကစီမှာစီးခဲ့ကြပြီး၊ အများစုဟာ မိုဘိုင်းဖုန်းကတဆင့်ဖြစ်တယ်လို့လည်း အစီရင်ခံစာမှာဖော်ပြထားပါတယ်။

ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံမှာ ၂၀၁၅ ခုနှစ်အတွင်း အွန်လိုင်းဈေးဝယ်သူပေါင်း ၄၁၃ သန်းရှိခဲ့ပြီး၊ ထိုအထဲက လူ သန်း ၅၀ လောက်ဟာ အွန်လိုင်းရှော့ပင်းကို ပထမဆုံးစမ်းသပ်သုံးကြည့်ခဲ့ကြတဲ့လူတွေဖြစ်တယ်လို့လည်း သိရပါတယ်။

Ref: Gadgets360

 

You may be interested

မောင်းသူမဲ့ ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံလိုက်တဲ့ Baidu
Automobiles, NEWS
76 shares8 views

မောင်းသူမဲ့ ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံလိုက်တဲ့ Baidu

Ko Thuya - Sep 23, 2017

တရုတ်နိုင်ငံရဲ့ Google လို့ တင်စားခြင်းခံရတဲ့ Baidu က စက်ရုပ်ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံမယ်လို့ ကြေညာလိုက်ပါတယ်။ သူ့ရဲ့ Apollo Fund စီမံကိန်းကနေ လာမယ့် ၃ နှစ်အတွင်းမှာ မောင်းသူမဲ့ ကား စီမံကိန်း ၁၀၀…

ရာဇ၀တ်မှုကို တိုက်ဖျက်ပေးမယ့် လုံခြုံရေး စက်ရုပ်
NEWS, Security & Safety
71 shares6 views

ရာဇ၀တ်မှုကို တိုက်ဖျက်ပေးမယ့် လုံခြုံရေး စက်ရုပ်

Ko Thuya - Sep 23, 2017

လုံခြုံရေး စက်ရုပ်များကို တီထွင်နေတဲ့ Knightscope Company က စက်ရုပ်အသစ်များကို ပြသလိုက်ပါတယ်။ စက်ရုပ်များကို K7 လို့ အမည်ပေးထားပြီး ဘီးလေးဘီး တပ်ဆင်ထားပါတယ်။ K7 ဟာ ၅ ပေကျော် အရပ်မြင့်ပြီး ၇ ပေနီးပါး အရှည်ရှိပါတယ်။ စက်ရုပ်ဟာ…

Huawei က ကင်မရာ ၄ လုံးပါတဲ့ စမတ်ဖုန်းကို မိတ်ဆက်
Mobiles & Tablets, NEWS
309 shares184 views

Huawei က ကင်မရာ ၄ လုံးပါတဲ့ စမတ်ဖုန်းကို မိတ်ဆက်

Ko Thuya - Sep 23, 2017

Huawei က တရုတ်မှာ Maimang 6 အမည်ရ စမတ်ဖုန်း အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ကို အခြားနိုင်ငံများမှာ Mate 10 Lite အမည်ဖြင့် ရောင်းချနိုင်ပါတယ်။ Huawei Maimang 6 မှာ ၅.၉ လက်မ Full…

Most from this category