Google ၏ Android ပစ္စည်းများ လူကဲ့သို့တွေးခေါ်နိုင်တော့မည်

သင့်ရဲ့ နောက်ထွက်မယ့် Android ဖုန်းဟာ လူတွေလိုတွေးခေါ်လာနိုင်တဲ့ ဖုန်းတစ်လုံးဖြစ်လာနိုင်တော့မှာပါ။ Google က သူတို့ရဲ့ ဖုန်း OS ကို အဲ့ဒီလိုမျိုးဖြစ်လာနိုင်ဖို့အတွက် ထဲထဲဝင်ဝင်လေ့လာနေတယ် လို့သိရပါတယ်။

Google အနေနဲ့ အခုလိုအစီအစဉ်ကို Movidius ကုမ္ပဏီနဲ့ ပူးတွဲအလုပ်လုပ် နေတာဖြစ်ပါတယ်။ ကုမ္ပဏီနှစ်ခုဟာ အရင်ကလည်း Google ရဲ့ Tango အတွက် အတူတကွ ပူးတွဲအလုပ်လုပ်ခဲ့ဖူးတာဖြစ်ပြီး ယခုတော့ ထပ်မံလက်တွဲခဲ့တာဖြစ်ပါတယ်။

လုပ်ဆောင်ချက်အသစ်မှာ ဖုန်းတွေဟာ သူတို့အနေနဲ့ ဘယ်လိုတွေ့နေတယ်၊ ဘယ်မှာဘယ်လိုဖြစ်နေတယ်ဆိုတာကို အင်တာနက်မပါပဲ ပြောပြလာနိုင်မယ်လို့ အစီရင်ခံစာအရသိရပါတယ်။ ပြီးတော့ ၄င်းဟာ ဘယ်လမ်းမှာ သင်ရောက်နေတယ် စတာတွေကို သင်္ကေတနဲ့ဖြစ်စေ၊ စကားနဲ့ဖြစ်စေ ဖော်ပြလာနိုင်မှာပါ။

နောက်ထပ်ဖြစ်နိုင်ခြေရှိတာကတော့ အဲ့ဒီအစီအစဉ်ကို နောက်ထပ်ထွက်မယ့် ပစ္စည်းသစ်တွေနဲ့ ဖုန်းတွေမှာ တွေ့လာရနိုင်တယ်လို့ Google ကပြောပါတယ်။ အခုလိုမျိုး သေချာစွာသင်ကြားထားတဲ့ ကွန်ပျူတာတွေဟာ လူတွေရဲ့ ဦးနှောက်လိုဖွဲ့စည်းမှာဖြစ်ပြီး ကျွန်တော်တို့တွေးခေါ်နေတဲ့ အတွေးအခေါ်တွေနဲ့ နားလည်နိုင်စွမ်းတွေကို သိရှိနိုင်တော့မှာဖြစ်ပါတယ်။

Google အနေနဲ့ ဒီလိုနည်းပညာကို သူတို့ရဲ့ ထုတ်ကုန်အချို့ဖြစ်တဲ့ Google Photos မှာလည်းအသုံးပြုထားပြီး အဲ့ဒါဟာ သူ့အထဲမှာရှိနေတဲ့ ဓာတ်ပုံတွေထဲက အရာဝတ္ထုတွေနဲ့ လူတွေကို သေချာတိကျစွာရှာဖွေ နိုင်ဖို့ ခွင့်ပြုထားပါတယ်။

best app2

Google Photos

Ref: Independent

You may be interested

LG ရဲ့ လေဆိပ် ဧည့်လမ်းညွှန် စက်ရုပ်
NEWS, Tech Update
0 shares0 views

LG ရဲ့ လေဆိပ် ဧည့်လမ်းညွှန် စက်ရုပ်

Ko Thuya - Jul 22, 2017

တောင်ကိုရီးယားမှာ လာမယ့်နှစ်တွင် ကျင်းပမယ့် Winter Olympics ပွဲအတွက် LG က နိုင်ငံရဲ့ အကြီးမားဆုံး လေဆိပ်မှာ စက်ရုပ်များကို စမ်းသပ်နေပါတယ်။ ဒီနေ့ကစပြီး ဆိုးလ်မြို့ရဲ့ အင်ချီယွန် နိုင်ငံတကာ လေဆိပ်မှာ LG ရဲ့ Airport Guide Robot…

Samsung က Galaxy Note 8 မိတ်ဆက်ပွဲအတွက် ဖိတ်စာများ ဝေငှ
Mobiles & Tablets, NEWS
99 shares39 views

Samsung က Galaxy Note 8 မိတ်ဆက်ပွဲအတွက် ဖိတ်စာများ ဝေငှ

Ko Thuya - Jul 22, 2017

Samsung က သြဂုတ်လ ၂၃ ရက်နေ့မှာ နယူးယောက်စီးတီးတွင် ကျင်းပမယ့် Galaxy Note 8 မိတ်ဆက်ပွဲအတွက် ဖိတ်စာများအား မီဒီယာများထံ ဝေငှလိုက်ပါတယ်။ ဖိတ်စာမှာတော့ Galaxy Note 8 ကို မိတ်ဆက်မယ်လို့ မရေးသားထားဘဲ Do bigger…

Apple ရဲ့ စက်တင်ဘာ ဟန်းဆက် (သို့မဟုတ်) iPhone Pro
Apple, HUBS, Mobiles & Tablets
687 shares1613 views

Apple ရဲ့ စက်တင်ဘာ ဟန်းဆက် (သို့မဟုတ်) iPhone Pro

zayarsan - Jul 21, 2017

Apple ရဲ့ စက်တင်ဘာ ဟန်းဆက် လို့ နာမည်ကြီးနေတဲ့ အမျိုးအစား က ဘာများပါလိမ့်...ဆိုတဲ့ မေးခွန်းဟာ လတ်တလောမှာ Apple ထုတ်ကုန်တွေကို စောင့်ကြည့်လေ့လာနေသူတိုင်းအတွက် ခေါင်းစားစေတဲ့ မေးခွန်းတစ်ခု ဖြစ်တယ် လို့ DailyMail က သုံးသပ်ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် အံ့သြစရာကောင်းတဲ့…

Most from this category