0 Shares 354 Views

တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်တဲ့ LG ရဲ့ G Pad III 10.1 tablet

Dec 19, 2016
0 354

LG က နောက်ဆုံးပေါ် Tablet အဖြစ် G Pad III 10.1 tablet ကို တရားဝင် မိတ်ဆက်ပေးလိုက်ပြီဖြစ်ပြီး တောင်ကိုရီးယား နိုင်ငံတွင်းမှာ စတင်ရောင်းချနေပြီဖြစ်ပါတယ်။

နာမည်အတိုင်း (၁၀.၁)လက်မ မျက်နှာပြင်နဲ့ထွက်ရှိလာပြီး Full HD resolution (1920×1200) ကိုထောက်ပံ့မှာဖြစ်ပါတယ်။ Octa-core 1.5GHz process ကိုသုံးထားပြီး RAM 2GB ၊ storage 32GB နဲ့ ကြာရှည်အသုံးခံတဲ့ 6000mAh battery တို့ပါဝင်ပါတယ်။

ကင်မရာတွေအဖြစ် ရှေ့ရော နောက်ရော 5MP ကိုသုံးထားပြီး Bluetooth 4.2 နဲ့ USB type-C တို့ကို အသုံးပြုထားတာတွေ့ရပါတယ်။ 4G LTE ကိုထောက်ပံ့ထားပြီး Android 6.0.1 Marshmallow ကိုအသုံးပြုထားပါတယ်။

Tablet နဲ့အတူ (၇၀)ဒီဂရီ ချိန်ညှိနိုင်တဲ့ kick stand တစ်ခုပါဝင်မှာဖြစ်ပြီး Tablet ကို dock တစ်ခုအဖြစ် အကောင်းဆုံးအသုံးပြုနိုင်မှာဖြစ်ပါတယ်။

LG ရဲ့ ပြည်တွင်းဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံတွင်းမှာ ဒေါ်လာ (၃၆၀) ဝန်းကျင်နဲ့ စတင်ရောင်းချနေပြီဖြစ်ပြီး အခြားနိုင်ငံတွေကို တင်သွင်းမယ့် နေ့ရက်ကိုတော့ ကြေညာခဲ့ခြင်းမရှိသေးဘဲ လာမယ့်နှစ်မှာ Stylus Pen ပါဝင်တဲ့ device တစ်မျိုးကို မိတ်ဆက်သွားဖို့ရှိတယ်လို့ LG ကပြောကြားခဲ့ပါတယ်။

Ref: GSMarena

You may be interested

Microsoft က လက်တော့၊ တက်ဘလက် နှစ်မျိုးသုံး Surface Book 2 ကို မိတ်ဆက်
HUBS, Microsoft, Mobiles & Tablets
76 shares16 views

Microsoft က လက်တော့၊ တက်ဘလက် နှစ်မျိုးသုံး Surface Book 2 ကို မိတ်ဆက်

Ko Thuya - Oct 18, 2017

Microsoft က စွမ်းဆောင်ရည်မြင့် Notebook Computer ကို မိတ်ဆက်လိုက်ပါတယ်။ Surface Book 2 လို့ အမည်ပေးထားပြီး ယခင်မော်ဒယ်ထက် ဒီဇိုင်း၊ Hardware များ၊ ဆက်သွယ်မှုများ၊ ဘက်ထရီ သက်တမ်းတို့ကို အဆင့်မြှင့်ထားပါတယ်။ အရွယ်အစား နှစ်မျိုးထုတ်လုပ်ပေးထားပါတယ်။ Surface…

မျက်နှာပြင် နှစ်ခုပါပြီး ခေါက်ချိုးနိုင်တဲ့ ZTE Axon M ကို မိတ်ဆက်ပြီ
HUBS, Mobiles & Tablets, NEWS
197 shares60 views

မျက်နှာပြင် နှစ်ခုပါပြီး ခေါက်ချိုးနိုင်တဲ့ ZTE Axon M ကို မိတ်ဆက်ပြီ

Ko Thuya - Oct 18, 2017

ZTE က မျက်နှာပြင်နှစ်ခုပါပြီး ခေါက်ချိုးနိုင်တဲ့ Axon M ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ မျက်နှာပြင်ဟာ ကွေးညွှတ်ပျော့ပြောင်းခြင်း မရှိဘဲ မျက်နှာပြင်နှစ်ခုကို ခေါက်ချိုးအသုံးပြုရတာ ဖြစ်တဲ့အတွက် သူ့ကို Flip Phone လို့ ခေါ်ဆိုနိုင်ပါတယ်။ သူ့မှာ ၅.၂ လက်မ…

ကိုယ်ထည်မှ မျက်နှာပြင် အချိုး အများဆုံးအဖြစ် ဦးဆောင်နေတဲ့ V7+
FEATURES, HUBS, Mobile & Tablets
70 shares19 views

ကိုယ်ထည်မှ မျက်နှာပြင် အချိုး အများဆုံးအဖြစ် ဦးဆောင်နေတဲ့ V7+

Ko Thuya - Oct 18, 2017

V7+ lead the screen-to-body ratio Vivo က သူတို့ရဲ့ V7+ ထုတ်ကုန်အတွက် FullViewTM Display လို့ Highlight လုပ်တာကတော့ စိတ်ဝင်စားစရာ အသုံးအနှုန်းပါပဲ။ ဘာကြောင့်လဲဆိုတော့ သုံးစွဲသူတွေက မျက်နှာပြင်နဲ့ ပတ်သက်ရင် ပိုပြီးကျယ်ပြန့်လာဖို့ကို မျှော်လင့်တတ်ကြလို့ပါပဲ။…

Most from this category