0 Shares 729 Views

ဓာတ်ပုံတွေကို ပြင်ဆင်ဖို့ ပြီးပြည့်စုံတဲ့ Photo Editing App (၃) ခု

Dec 19, 2016
0 729

အခုခေတ် စမတ်ဖုန်း အသုံးပြုသူတွေအနေနဲ့ ဓာတ်ပုံရိုက်ပြီးလို့ Social Media တွေပေါ်တင်ချင်တဲ့အခါ ဓာတ်ပုံတွေကို ကြည့်ကောင်းစေဖို့အတွက် Photo Editing app တွေကို အသုံးပြုကြပါတယ်။ ခရီးထွက်တဲ့ အခါမျိုးတွေမှာ ရိုက်လာတဲ့ သဘာဝ အလှ ရှုခင်းဓာတ်ပုံတွေ ကိုလည်း အလျင်းသင့်သလို Filter တွေ၊ Effect တွေထည့်ခြင်းက ပိုမိုပြီး ဆွဲဆောင်မှုရှိစေပါတယ်။ အဲ့ဒီအတွက် သင်ရိုက်ကူးထားသမျှ ဓာတ်ပုံတွေကို ပိုမိုဆွဲဆောင်မှုရှိလာအောင် အကောင်းဆုံး ပြုပြင်နိုင်ဖို့ အသင့်တော်ဆုံး Photo Editing App (၃) ခုကို ဖော်ပြပေးလိုက်ပါတယ်။

Pixlr – Free Photo Editor

 

Autodesk ရဲ့ ဖန်တီးမှုတစ်ခုဖြစ်ပြီး ဓာတ်ပုံတွေကို အလွယ်ကူဆုံး ပြုပြင်နိုင်မယ့် Android photo editing app တစ်ခုဖြစ်ပါတယ်။ App ရဲ့ features တွေအဖြစ် effect တွေ၊ overlay တွေနဲ့ filter တွေ စုစုပေါင်း (၂) သန်းနီးပါးလောက် ပါဝင်ပါတယ်။ Quick crop နဲ့ minor editing တွေပြုလုပ်နိုင်တဲ့အပြင် အနေအထားမလှတဲ့ဓာတ်ပုံတွေကိုတောင် အနည်းငယ် ကြည့်ပျော်ရှုပျော် ဖြစ်သွားစေဖို့အတွက် ပြင်ဆင်နိုင်ပါတယ်။ အောက်က Link မှာ အခမဲ့ ရယူနိုင်ပါတယ်။

https://play.google.com/store/apps/details?id=com.pixlr.express

VSCO

 

ဒီ app ကတော့ ခပ်ပေါပေါ Android ဖုန်းတစ်လုံးကိုတောင် အကောင်းဆုံး ဓာတ်ပုံတွေ ဖန်တီးနိုင်စေမှာဖြစ်ပါတယ်။ ပြင်ဆင်ထားတဲ့ ဓာတ်ပုံတွေကို VSCO ရဲ့ ကိုယ်ပိုင် Social network ပေါ်တင်နိုင်သလို အခြား social network တွေပေါ်မှာလည်း မျှဝေနိုင်ပါတယ်။ အောက်ကလင့် မှာ အခမဲ့ရယူနိုင်ပေမယ့် ပိုမိုကောင်းမွန်တဲ့ filter pack တွေရယူဖို့အတွက်တော့ Google Play account ကနေ ဝယ်ရမှာဖြစ်ပါတယ်။ ဝယ်လိုက်တဲ့ Filter packs တွေကို Google Play account ထဲမှာ သိမ်းဆည်းပေးထားမှာဖြစ်တဲ့အတွက် ဖုန်းတစ်လုံးကနေ နောက်တစ်လုံး ပြောင်းသုံးရင်တောင် ဝယ်ပြီးသားအတိုင်းရှိနေမှာဖြစ်ပါတယ်။

https://play.google.com/store/apps/details?id=com.vsco.cam

Snapseed

 

Google Photos နဲ့ မလုံလောက်တဲ့အခါ Google ရဲ့ ကိုယ်ပိုင်ဖြစ်တဲ့ Snapseed ကို သုံးနိုင်ပါသေးတယ်။ ဒီ App ရဲ့ feature တွေကတော့ destkop photo editing app တွေမှာလိုမျိုး essential tools တွေ ပါဝင်တာဖြစ်ပါတယ်။ On-screen histogran , lens corrector ,့ healing brush ,ံHDR tuner စတာတွေပါဝင်ပြီး frame တွေနဲ့ filter တွေလည်း ပြည့်ပြည့်စုံစုံ ပါဝင်တာတွေ့ရပါတယ်။ JPEG ရော RAW ကိုပါ ထောက်ပံ့တဲ့အတွက် big camera photography  အဖြစ် major edit တွေလည်းပြုလုပ်နိုင်ပါတယ်။ အောက်က Link မှာ အခမဲ့ရယူနိုင်ပါတယ်။

https://play.google.com/store/apps/details?id=com.niksoftware.snapseed

Ref: AndroidCentral

You may be interested

Android 8.0 Oreo ရရှိနိုင်မယ့် Device များအား Lenovo အတည်ပြု
HUBS, Lenovo, Mobiles & Tablets
0 shares0 views

Android 8.0 Oreo ရရှိနိုင်မယ့် Device များအား Lenovo အတည်ပြု

Ko Thuya - Oct 18, 2017

တရုတ်စမတ်ဖုန်းထုတ်လုပ်သူ Lenovo ကသုံးစွဲသူတွေအနေနဲ့ သူတို့ရဲ့ စမတ်ဖုန်းမော်ဒယ် ၃ မျိုးထဲက တခုကိုပိုင်ဆိုင်လျင်ပင် Android 8.0 Oreo ကိုရရှိနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။ သူတို့ဆီကထုတ်လုပ်ထားတဲ့ စမတ်ဖုန်းတွေဖြစ်တဲ့ K8, K8 Plus နဲ့ K8 Note စမတ်ဖုန်းများကို နောက်ဆုံးထွက် Android…

ကမ္ဘာ့ပထမဦးဆုံး 3D-Priint နည်းပညာဖြင့်ဆောက်ထားသည့် တံတား နယ်သာလန်တွင် ဖွင့်လှစ်
NEWS, Tech Update
81 shares21 views

ကမ္ဘာ့ပထမဦးဆုံး 3D-Priint နည်းပညာဖြင့်ဆောက်ထားသည့် တံတား နယ်သာလန်တွင် ဖွင့်လှစ်

Ko Thuya - Oct 18, 2017

3D နဲ့ပရင့်ပြုလုပ်ခြင်းနည်းပညာဟာ အခုနောက်ပိုင်းမှာ အတော်ကြီးခေတ်စားလာခဲ့ပါတယ်။ လူပုံစံရုပ်တွေကစ လို့ အရာဝတ္ထူပုံတူတွေထုတ်လုပ်ခြင်း၊ အဆောက်အအုံပြုလုပ်ခြင်းတွေ တဖြည်းဖြည်းနဲ့ ပြလုပ်လာခဲ့တာဟာ အခုဆိုရင် 3D Print ထုတ်ပြီးဆောက်လုပ်ထားတဲ့ တံတားအဆင့်ထိတောင်ရောက်လာခဲ့ပါပြီ။ နယ်သာလန်နိုင်ငံ အရှေ့တောင်ပိုင်းမှာရှိတဲ့ ဂျီမတ်မြို့လေးမှာ တံတားအတိုလေးတံစင်းကို ပြုလုပ်ဖွင့်လှစ်ခဲ့တာပါ။ စက်ဘီးတွေစီးနင်းပြီးဖွင့်လှစ်ခဲ့တဲ့ ဒီပွဲမှာ Eindhoven…

အမေရိကန် လူမျိုးများဟာ Apple Products များကို ပိုမို စွဲလမ်းနေဟု စစ်တမ်းက ဖော်ပြ
Android, HUBS, Mobiles & Tablets
342 shares19 views

အမေရိကန် လူမျိုးများဟာ Apple Products များကို ပိုမို စွဲလမ်းနေဟု စစ်တမ်းက ဖော်ပြ

Ko Thuya - Oct 18, 2017

အမေရိကန် လူမျိုးများဟာ အခြား ထုတ်ကုန်များထက် Apple ထုတ်ကုန်များကို ပိုမို စွဲလမ်းနေတယ်လို့ စစ်တမ်းတစ်ခုက ဖော်ပြလိုက်ပါတယ်။ CNBC ရဲ့ All-American Economic စစ်တမ်းက ပျမ်းမျှအားဖြင့် အမေရိကန် အိမ်ထောင်စုတစ်ခုမှာ Apple ထုတ်ကုန် ၂.၆ ခု ပိုင်ဆိုင်တယ်လို့…

Most from this category