111 Shares 544 Views

SINGTECH Phone နဲ့ SAMSUNG Phone တွေသုံးဖြစ်တယ်ဆိုတဲ့ ဖွေးဖွေး

Dec 18, 2016
111 544

အနုပညာနဲ့ပတ်သက်ရင် ထိခိုက်ဒဏ်ရာရထားတာတောင်မမှုပဲ ပရိတ်သတ်အတွက် အကောင်းဆုံးတွေ ကြိုးစားနေတဲ့ဖွေးဖွေးနဲ့တွေ့ဆုံခိုက် အနုပညာအကြောင်းနဲ့ IT ပစ္စည်းတွေအကြောင်းကို မေးမြန်းဖြစ်ခဲ့ပါတယ်။

Q ဖွေးဖွေးရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုကို ပြောပြပေးပါလား။

အခုကိုဝိုင်းနဲ့ရုပ်ရှင်ကားကြီးရိုက်နေတာပါ တစ်ခြားတောဘာမှလက်မခံထားသေးဘူး ။ကိုဝိုင်းနဲ့ရိုက်နေတဲ့ အချိန်ဆိုဖွေးတစ်ခြား ဘာမှမလုပ်ဖြစ်ဘူး။

Q ဒီကားမရိုက်ခင်က အနုပညာလှုပ်ရှားမှုအနေနဲ့ ဘာတွေလုပ်ဖြစ်လဲ။

ဘန်ကောက်မှာ TRUE MONEY  ကြော်ငြာသွားရိုက်တယ်။ဇာတ်ကားအနေနဲ့က မခိုင်သင်းကြည်နဲ့အတူ ပွဲကြမ်းပြီ ဆိုတဲ့ဇာတ်ကားလေးရိုက်ဖြစ်တယ်။ ဒီဇာတ်ကားလေးက ဖိုက်တင်ဇာတ်ကားလေးပါ ဖွေးဖွေးလည်းကြိုးစားထားပါတယ်။ ကိုမင်းရာဇာကတော့ ဖွေးကိုဖိုက်တင်သင်ပေးတယ်။ ဖွေးကတစ်လောက်ကြို ပြီးပြင်ဆင်ချင်တာ တကယ်တမ်းကျတော့ ကြိုတင်ပြင်ဆင်ဖို့တစ်ပတ်လောက်ပဲ အချိန်ရခဲ့တယ်။ တစ်ပတ်မှာတောင်(၃)ရက်လောက်ပဲ သေချာလုပ်ဖြစ်တယ်။သိပ်တော့အားမရဘူး ဖွေးကကြိုတင်ပြင်ဆင်ချင်တာပေါ့နော် အချိန်သိပ်မရလိုက်ဘူးဖြစ်သွားတယ်။

Q ဖိုက်တင်တွေရိုက်တဲ့အခါ ဘယ်လိုအခက်အခဲတွေကြုံရလဲ။

အခက်အခဲကတော့ အများကြီးမရှိပါဘူး။ တစ်ကိုယ်လုံးတော့ညိုမဲစွဲနေတာပဲ အဲဒါကိုအိမ်ရောက်မှသိတယ် ရှူတင်မှာတုန်းကဇောနဲ့လုပ်နေတာ ဆိုတော့မသိလိုက်ဘူး။အဲဒီရှေ့မှာ ကိုမြင့်မြတ်နဲ့ရိုက်တဲ့ကားပဲ ဘုန်းကညာနှစ်ပါး အဲဒီကားမှာဆိုသွားကျိုးသွားတယ်။ ကိုမြင့်မြတ်နဲ့ ဖွေးနဲ့ ဝိညာဉ်ပြောင်းတဲ့အခန်းမှာ သူကကွမ်းစားတော့ ကွမ်းစားတဲ့အခန်းပါတယ်။အဲဒီမှာဖွေးက ကွမ်းကိုအားရားပါးရဝါးလိုက်တာ ကွမ်းကမပြုတ်ထားလိုလား မသိဘူး။သွားကကျွတ်ဆိုပြီး ကျိုးသွားတယ် အရင်တုန်းကလည်း ထိခိုက်ဒဏ်ရာ အနည်းအကျဉ်းတော့ကြုံရတယ်။ဒါကို ဖွေးသိပ်မပြောဖြစ်ဘူး အခုနောက်ပိုင်းတော့ ပြောတော့မယ်။

Q ဒီကားပြီးရင် ဘာတွေလက်ခံထားသေးလဲ။

ဒီကားပြီးရင် ကိုလူမင်းနဲ့ပြောထားတာရှိတယ်။ ကိုဝိုင်းနဲ့လည်း ဆက်ရိုက်ဖို့ရှိတယ်။ ဇာတ်ကားတွေကို ဖြေးဖြေးမှန်မှန်ပဲ ရိုက်သွားမှာပါ။

Q အခုဖွေးဖွေး ဘာဖုန်းတွေကိုင်ထားလဲ။

SINGTECH ကိုင်တယ်၊ SAMSUNG ကိုင်တယ်။ SINGTECH ကို brand ambassador အဖြစ်လက်ခံထား တော့ SINGTECH ဖုန်းတိုင်းကိုင်ဖြစ်ပါတယ်။

Q ဖွေးဖွေးဖုန်းထဲမှာ ဘယ်App တွေသုံးလဲ။

ဖွေးကApp များများသိပ်မသုံးဖြစ်ဘူး၊ ဖုန်းပြောတယ်၊ ဓာတ်ပုံရိုက်တာအများဆုံး သုံးဖြစ်တယ်၊ facebook သုံးတယ်၊ Istagram သုံးတယ်။

Q ဖုန်းအပြင်အခြား IT ပစ္စည်းဘာတွေသုံးဖြစ်လဲ။

Laptop သုံးဖြစ်တယ်။Laptop ထဲမှာဖွေးဖွေးဓာတ်ပုံတွေသိမ်းတယ်။အရေကြီးတာလေးတွေ သိမ်းဖြစ်တယ်။

Q ကိုယ်နဲ့မပါမဖြစ်ယူသွားတဲ့ IT ပစ္စည်းကဘာဖြစ်မလဲ။

ဖုန်းကိုပဲယူသွားဖြစ်တယ်။Laptop ကကျတော့ သယ်ရတာသိပ်အဆင်မပြေဘူး။

 

 

You may be interested

Android 8.0 Oreo ရရှိနိုင်မယ့် Device များအား Lenovo အတည်ပြု
HUBS, Lenovo, Mobiles & Tablets
0 shares0 views

Android 8.0 Oreo ရရှိနိုင်မယ့် Device များအား Lenovo အတည်ပြု

Ko Thuya - Oct 18, 2017

တရုတ်စမတ်ဖုန်းထုတ်လုပ်သူ Lenovo ကသုံးစွဲသူတွေအနေနဲ့ သူတို့ရဲ့ စမတ်ဖုန်းမော်ဒယ် ၃ မျိုးထဲက တခုကိုပိုင်ဆိုင်လျင်ပင် Android 8.0 Oreo ကိုရရှိနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။ သူတို့ဆီကထုတ်လုပ်ထားတဲ့ စမတ်ဖုန်းတွေဖြစ်တဲ့ K8, K8 Plus နဲ့ K8 Note စမတ်ဖုန်းများကို နောက်ဆုံးထွက် Android…

ကမ္ဘာ့ပထမဦးဆုံး 3D-Priint နည်းပညာဖြင့်ဆောက်ထားသည့် တံတား နယ်သာလန်တွင် ဖွင့်လှစ်
NEWS, Tech Update
81 shares21 views

ကမ္ဘာ့ပထမဦးဆုံး 3D-Priint နည်းပညာဖြင့်ဆောက်ထားသည့် တံတား နယ်သာလန်တွင် ဖွင့်လှစ်

Ko Thuya - Oct 18, 2017

3D နဲ့ပရင့်ပြုလုပ်ခြင်းနည်းပညာဟာ အခုနောက်ပိုင်းမှာ အတော်ကြီးခေတ်စားလာခဲ့ပါတယ်။ လူပုံစံရုပ်တွေကစ လို့ အရာဝတ္ထူပုံတူတွေထုတ်လုပ်ခြင်း၊ အဆောက်အအုံပြုလုပ်ခြင်းတွေ တဖြည်းဖြည်းနဲ့ ပြလုပ်လာခဲ့တာဟာ အခုဆိုရင် 3D Print ထုတ်ပြီးဆောက်လုပ်ထားတဲ့ တံတားအဆင့်ထိတောင်ရောက်လာခဲ့ပါပြီ။ နယ်သာလန်နိုင်ငံ အရှေ့တောင်ပိုင်းမှာရှိတဲ့ ဂျီမတ်မြို့လေးမှာ တံတားအတိုလေးတံစင်းကို ပြုလုပ်ဖွင့်လှစ်ခဲ့တာပါ။ စက်ဘီးတွေစီးနင်းပြီးဖွင့်လှစ်ခဲ့တဲ့ ဒီပွဲမှာ Eindhoven…

အမေရိကန် လူမျိုးများဟာ Apple Products များကို ပိုမို စွဲလမ်းနေဟု စစ်တမ်းက ဖော်ပြ
Android, HUBS, Mobiles & Tablets
342 shares19 views

အမေရိကန် လူမျိုးများဟာ Apple Products များကို ပိုမို စွဲလမ်းနေဟု စစ်တမ်းက ဖော်ပြ

Ko Thuya - Oct 18, 2017

အမေရိကန် လူမျိုးများဟာ အခြား ထုတ်ကုန်များထက် Apple ထုတ်ကုန်များကို ပိုမို စွဲလမ်းနေတယ်လို့ စစ်တမ်းတစ်ခုက ဖော်ပြလိုက်ပါတယ်။ CNBC ရဲ့ All-American Economic စစ်တမ်းက ပျမ်းမျှအားဖြင့် အမေရိကန် အိမ်ထောင်စုတစ်ခုမှာ Apple ထုတ်ကုန် ၂.၆ ခု ပိုင်ဆိုင်တယ်လို့…

Most from this category