0 Shares 588 Views

မျက်နှာမှတ်မိတဲ့ နည်းပညာဖြင့် အပြာမင်းသမီးများကို ရှာဖွေနေတဲ့ ရုရှားလူမှုကွန်ရက်

Dec 17, 2016
0 588

ရုရှားမှာတော့ Facebook ရဲ့ အကြီးမားဆုံး ပြိုင်ဖက်က VK လို့ အတိုကောက်ခေါ်ကြတဲ့ Vkontakte လူမှုကွန်ရက် ဖြစ်ပါတယ်။ အဲဒီ လူမှုကွန်ရက်မှာ သူငယ်ချင်းများ ရှာဖွေဖို့အတွက် ရုရှား ကုမ္ပဏီ Trinity Digital က FindFace App ကို ဖန်တီးပေးထားပါတယ်။ FindFace မှာ မျက်နှာ ခွဲခြမ်းစိတ်ဖြာတဲ့ နည်းပညာ ပါရှိပြီး ဓါတ်ပုံတစ်ပုံကို VK မှာ တင်လိုက်တာနဲ့ အဲဒီလူကို လူမှုကွန်ရက်မှာ ရှာဖွေပေးမှာ ဖြစ်ပါတယ်။
.
FindFace ရဲ့ နည်းပညာဟာ သူငယ်ချင်းများ၊ မိသားစုဝင်များကို VK မှာ အလွယ်တကူ ရှာလို့ ရတဲ့အတွက် အသုံးဝင်ပေမယ့် လူတွေက အပြာမင်းသမီးနဲ့ လိင် အလုပ်သမများကို အဓိက ရှာဖွေနေကြပါတယ်။ အပြာကားမှာ ပါဖူးတဲ့ မင်းသမီးများရဲ့ ပရိုဖိုင်များကို လူမှုကွန်ရက်မှာ မျှဝေမှုများ ဖြစ်လာကြတဲ့အတွက် အပြာမင်းသမီးများ၊ လိင် အလုပ်သမများအတွက် Privacy အရ လုံခြုံမှု မရှိတော့ပါဘူး။
.
FindFace မှ ပြောရေးဆိုခွင့်ရှိသူက သူတို့ရဲ့ ၀န်ဆောင်နဲ့ပတ်သက်ပြီး ကန့်ကွက်မှုများစွာ ရရှိခဲ့ပေမယ့် ဒီနည်းပညာကို လူတွေ မသုံးနိုင်အောင် ရပ်တန့်ဖို့ နည်းလမ်း မရှိဘူးလို့ ပြောပါတယ်။ FindFace ဟာ လူ့ အသိုက်အ၀န်းကို အကျိုးရှိစေခဲ့တဲ့ ဥပမာများလည်း ရှိပါတယ်။ ပြီးခဲ့တဲ့ အပတ်က စိန့်ပီတာစဘတ်မှ အဆောက်အဦးကို မီးရှို့ခဲ့တဲ့ လူ ၂ ယောက်ကို FindFace အကူအညီဖြင့် လူမှုကွန်ရက်မှာ ရှာဖွေနိုင်ခဲ့ပါတယ်။

 

Ref : the next web

 

 

Facebook Comments

You may be interested

Huawei က အနောက် ကင်မရာ နှစ်လုံး ပါတဲ့ Nova 2 နဲ့ Nova 2 Plus တို့ကို မိတ်ဆက်
Mobiles & Tablets, NEWS
0 shares76 views

Huawei က အနောက် ကင်မရာ နှစ်လုံး ပါတဲ့ Nova 2 နဲ့ Nova 2 Plus တို့ကို မိတ်ဆက်

Ko Thuya - May 28, 2017

Huawei က စွမ်းဆောင်ရည်သင့် Nova 2 နဲ့ Nova 2 Plus တို့ကို မိတ်ဆက်လိုက်ပြီး စွမ်းဆောင်ရည်မြင့် P Series များနဲ့ ဆင်တူတဲ့အတွက် အလွန် လှပ ပါတယ်။ ထူးခြားတာက စွမ်းဆောင်ရည်သင့် ဖုန်းများမှာ အနောက်ကင်မရာ…

သင် Porn ကြည့်နေတာကို လူမမိအောင် ကာကွယ်ပေးမယ့် Minimeyes
Audio & Video, Gadgets, NEWS
0 shares94 views

သင် Porn ကြည့်နေတာကို လူမမိအောင် ကာကွယ်ပေးမယ့် Minimeyes

Ko Thuya - May 28, 2017

Minimeyes ဟာ အထူးပြုလုပ်ထားတဲ့ Motion Sensor တစ်ခု ဖြစ်ပြီး သင့် အခန်းထဲကို လူတစ်ယောက် ၀င်လာတာနဲ့ သင့် ကွန်ပြူတာ ဘရောက်စာ ၀င်းဒိုးနဲ့ အသံများကို ချက်ချင်း အလိုအလျှောက် ပိတ်ပေးနိုင်ပါတယ်။ အဲဒီ အတွက် သင့် ကွန်ပြူတာမှာ…

iPhone နဲ့ iPad ကြောင့် လေယာဉ်ပျက်ကျခဲ့သလား ဆိုတာကို စုံစမ်းနေ
Mobiles & Tablets, NEWS, Security & Safety
0 shares78 views

iPhone နဲ့ iPad ကြောင့် လေယာဉ်ပျက်ကျခဲ့သလား ဆိုတာကို စုံစမ်းနေ

Ko Thuya - May 28, 2017

၂၀၁၆ ခုနှစ် မေလမှာ Egypt Air လေကြောင်းပိုင် လေယာဉ်တစ်စီးဟာ ပဲရစ်ကနေ ကိုင်ရိုကို ပျံသန်းလာစဉ် ပျက်ကျခဲ့ပါတယ်။ အခုတော့ ပြင်သစ် စုံစမ်းရေးမှူးများက လေယာဉ်ပေါ်ပါ iPhone 6S နဲ့ iPad Mini 4 တို့ရဲ့ ဘက်ထရီ…

Most from this category