0 Shares 31 Views

iPad Air 3 ကို မတ်လအလယ်လောက်မှာ Apple မိတ်ဆက်ဖွယ်ရှိ

Jan 29, 2016
0 31

Apple ဟာ မတ်လအလယ်လောက်မှာပြုလုပ်မယ့် Apple Event မှာ Apple နာရီအသစ်တစ်မျိုး၊ ၄ လက်မအရွယ် iPhone 5se နဲ့ iPad Air 3 တို့ကို မိတ်ဆက်သွားဖွယ်ရှိကြောင်း သိရပါတယ်။

Apple ဟာ မျက်နှာပြင် ၉.၇ လက်မရှိတဲ့ iPad Air 2 ကို ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလမှာ နောက်ဆုံးထုတ်တာကြောင့်၊ ယခုနှစ် မတ်လမှာ မော်ဒယ်အသစ် iPad Air 3 ကို မိတ်ဆက်သွားဖို့ ရှိနေပါတယ်။ ယခု iPad Air 3 မှာ Apple Pencil အသုံးပြုနိုင်မှု၊ ကျောဘက်ကင်မရာဖလက်ရှ်မီး၊ ပရိုဆက်ဆာအသစ်နဲ့ ပိုမိုမြန်ဆန်တဲ့ Touch ID လက်ဗွေရာစနစ်တို့ ပါဝင်လာဖွယ်ရှိတယ်လို့သိရပါတယ်။

လူတွေမျှော်လင့်စောင့်စားနေကြတဲ့ iPhone အသေးတစ်မျိုးကိုလည်း iPhone 5se နာမည်နဲ့ မတ်လပွဲမှာပဲ မိတ်ဆက်သွားဖို့ရှိတယ်လို့ သိရပါတယ်။ ၄ လက်မအရွယ်မျက်နှာပြင်၊ A9 ပရိုက်ဆာတို့ပါဝင်လာပြီး၊ Siri ကိုအမြဲတမ်းဖွင့်ထားနိုင်တာတို့ ပါဝင်လာဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ယခု မျက်နှာပြင် လေးလက်မရှိတဲ့ iPhone မှာ Apple ရဲ့ ဖုန်းငွေပေးချေမှုစနစ် Apple Pay လည်း ပါဝင်လာဖွယ်ရှိပါတယ်။

ဒီ့အပြင် အရောင်အသွေးအသစ်တွေနဲ့ Apple နာရီမော်ဒယ်အသစ်တွေကိုလည်း အဆိုပါပွဲမှာ ပြသသွားဖို့ရှိပြီး၊ နာရီမှာ hardware ပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုလေးတွေလုပ်ထားတယ်လို့လည်း သိရပါတယ်။

Ref: zdnet

 

You may be interested

Xiaomi Redmi Note 5 Pro မှာ 60fps ဖြင့် Full HD Video များကို ရိုက်ကူးနိုင်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi Redmi Note 5 Pro မှာ 60fps ဖြင့် Full HD Video များကို ရိုက်ကူးနိုင်လာ

Ko Thuya - Jun 25, 2018

တစ်စက္ကန့်လျှင် ၆၀ ဖရိမ်နှုန်းဖြင့် Full HD Video များကို ရိုက်ကူးနိုင်တဲ့ စွမ်းရည်ဟာ Xiaomi Redmi Note 5 Pro ရဲ့ Chinese MIUI 10 Beta မှာ ပါလာပါတယ်။ ဒီသတင်းကို XDA…

IGTV ဆိုတဲ့ App အသစ်ကိုဖန်တီးလိုက်တဲ့ Instagram
NEWS
96 shares32 views

IGTV ဆိုတဲ့ App အသစ်ကိုဖန်တီးလိုက်တဲ့ Instagram

Nwe Oo - Jun 24, 2018

[Zawgyi] ၂၀၁၀ စတည်ထောင်တဲ့အချိန်ကနေ ဒီနေ့ထိဆိုရင် Instagram ကိုအသုံးပြုသူပေါင်း ၁ဘီလီယံရှိသွားပြီဖြစ်ပြီး ဒီကြေညာချက်နဲ့အတူ စိတ်ဝင်စားစရာ App တစ်ခုပါ ထွက်ရှိလာခဲ့ပါပြီ။ သူကတော့ Instragram မှာ ဒေါင်လိုက် ဗီဒီယိုအရှည်တွေကို ကြည့်လို့ရနိုင်မယ့် IGTV ဆိုတဲ့ App အသစ်လေးဖြစ်ပြီး ဗီဒီယိုဖန်တီးသူတွေအတွက်…

ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်
Automobiles, Mobiles & Tablets, NEWS
123 shares32 views

ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်

Ko Thuya - Jun 24, 2018

စမတ်ဖုန်းများဟာ လူတွေနဲ့ အနီးဆုံးရှိတဲ့ ကိရိယာများ ဖြစ်လာသလို သူ့မှာ စွမ်းရည်များ ပိုမိုများပြားအောင်လည်း ထည့်သွင်းပေးနေကြပါတယ်။ အခုလည်း စမတ်ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါများ ဖွင့်ခြင်းများကို ပြုလုပ်နိုင်မယ့် စံနှုန်းတစ်ခုကို သတ်မှတ်လိုက်ပါတယ်။ Car Connectivity Consortium (CCC) က Digital…

Most from this category