0 Shares 54 Views

CES 2017 မှာ 4K HDR monitor ကို ပွဲထုတ်ပြသမယ့် LG

Dec 15, 2016
0 54

လာမယ့် (၂၀၁၇) ဇန်နဝါရီမှာ ကျင်းပပြုလုပ်မယ့် CES (Consumer Electronics Show) 2017 မှာ LG အနေနဲ့ 4K HDR monitor ကိုပွဲထုတ်ပြသ မှာဖြစ်တယ်လို့သိရပါတယ်။

အဆိုပါ 4K HDR monitor ကို colour-sensitive gamer တွေအတွက် အဓိကရည်ရွယ်ကာ ထုတ်လုပ်ထား တာဖြစ်ပြီး HDR နဲ့ 4K ရုပ်ထွက်တွေကို ထောက်ပံ့ပေးတဲ့ Playstation 4 Pro နဲ့ Xbox One S တို့နဲ့ တွဲဖက် အသုံးပြုဖို့ အထူးသင့်တော်မှာဖြစ်ပါတယ်။

(၃၂) လက်မ 32UD99 IPS panel ဟာ HDR10 standard နဲ့အတူ ဘီလီယံနဲ့ ချီတဲ့ အရောင်တွေကို အထူးထောက်ပံ့ပေးမှာဖြစ်ပြီး new MacBook Pro owner တွေအတွက် အထူးသင့်တော်တယ်လို့ လည်း ဆိုပါတယ်။

အရောင်အသွေးပိုင်းကို အဓိကအသားပေးထုတ်လုပ်ထားတဲ့အတွက် Graphic ဒီဇိုင်နာတွေ နဲ့ ဓာတ်ပုံ နဲ့ video editor တွေအတွက်လည်း အသင့်တော် ဆုံးဖြစ်မယ့် monitor တစ်ခုဖြစ်ပါတယ်။

LG အနေနဲ့ (၃၂) လက်မ monitor အပြင် (၃၄)လက်မ 34UCDD monitor ကိုလည်းပြသသွားမှာဖြစ်ပြီး စမတ်ဖုန်းတွေနဲ့ အခြား နည်းပညာပစ္စည်းတွေကိုလည်း CES 2017 မှာ မိတ်ဆက်ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံ Nevada မှာရှိတဲ့ Las Vegas မှာ နှစ်စဉ် ဇန်နဝါရီလတိုင်း CES ပွဲကိုကျင်းပပြုလုပ်လေ့ရှိတာဖြစ်ပါတယ်။

Ref: Engaget

You may be interested

Apple က iPhone X ကို စတင် ထုတ်လုပ်နိုင်ခြင်း မရှိသေးဟု သတင်းထွက်ပေါ်
Mobiles & Tablets, NEWS
346 shares89 views

Apple က iPhone X ကို စတင် ထုတ်လုပ်နိုင်ခြင်း မရှိသေးဟု သတင်းထွက်ပေါ်

Ko Thuya - Sep 22, 2017

မကြာခင်ကပဲ Apple ဟာ ဖုန်း အစိတ်အပိုင်း ရရှိမှု အခက်အခဲများကြောင့် iPhone X ကို သတ်မှတ်ထားတဲ့ နေ့ရက်ထက် နောက်ကျပြီးမှ ရောင်းချနိုင်မယ်ဆိုတဲ့ သတင်းများထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုလည်း နောက်ထပ် သတင်းအရင်းအမြစ်တစ်ခုက လူအများစုဟာ ဒီနှစ်ထဲမှာ iPhone X ကို…

ဖုန်းမှ ရောဂါပိုးမွှားများကို သတ်ပေးသလို အားလည်းသွင်းပေးမယ့် PhoneSoap
Gadgets, NEWS
175 shares33 views

ဖုန်းမှ ရောဂါပိုးမွှားများကို သတ်ပေးသလို အားလည်းသွင်းပေးမယ့် PhoneSoap

Ko Thuya - Sep 22, 2017

စမတ်ဖုန်းများမှာ ကပ်ညိနေတဲ့ ရောဂါပိုးမွှားများဟာ အိမ်သာကထက်တောင် ပိုမိုများပြားတယ်ဆိုတဲ့ သုတေသနရလဒ်များစွာ ထွက်ပေါ်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီအတွက် စမတ်ဖုန်းများကို အမြဲတမ်း သန့်ရှင်းရေး ပြုလုပ်ပေးသင့်ပါတယ်။ သန့်ရှင်းရေး ပြုလုပ်ဖို့အတွက် ဆပ်ပြာများ၊ ပေါင်ဒါအမှုန့်များကို အသုံးပြုခြင်းဟာ ဖုန်းကို ပျက်ဆီးစေပါတယ်။ အဲဒီအတွက် PhoneSoap အမည်ရ…

CCleaner ကနေတဆင့် ဝင်ရောက်ပြီး ကုမ္ပဏီကြီးများကို တိုက်ဖို့လုပ်ခဲ့တဲ့ Hacker များ
Security & Safety
138 shares47 views

CCleaner ကနေတဆင့် ဝင်ရောက်ပြီး ကုမ္ပဏီကြီးများကို တိုက်ဖို့လုပ်ခဲ့တဲ့ Hacker များ

Zar Ni Nyein Tun - Sep 22, 2017

Cisco က လုံခြုံရေး သုတေသနများက ထုတ်ပြန်လိုက်တဲ့ သတင်းအရ လုံခြုံရေးချိုးဖောက်မှုတစ်ခုဝင်ရောက်လာပြီး သတိပေးချက်တွေမြည်ခဲ့တယ်လို့ဆိုပါတယ်။ပထမတော့ စက်ပစ္စည်းချွတ်ယွင်းမှုကြောင့် ထမြည်တဲ့မြည်သံလို့ထင်ပြီး ဟက်ကာတွေရဲ့ တိုက်ခိုက်မှုကို သတိပေးမှန်းမသိဖြစ်ခဲ့ပါတယ်။Cisco ဟာ စက်ပေါင်း 20ကျော်နဲက လည်ပတ်နေတဲ့ ကုမ္ပဏီတခုဖြစ်ပြီး ကုမ္ပဏီခွဲ 8 ခုရှိတာဖြစ်ပါတယ်။ဒုတိယအကြိမ် သတိပေးချက် အမြည်မှာ…

Most from this category