Facebook ရှယ်ယာဈေး ထိုးတက်လာတာကြောင့် ကမ္ဘာ့ဆဋ္ဌမမြောက်အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာတဲ့ Mark Zuckerberg

Jan 30, 2016
0 8

Facebook ပူးတွဲတည်ထောင်သူနဲ့၊ CEO ဖြစ်သူ Mark Zuckerberg ဟာ ဗုဒ္ဓဟူးနေ့မှာ Oracle နည်းပညာကုမ္ပဏီရဲ့ ဥက္ကဌ Larry Ellison ကို ကျော်ဖြတ်ကာ ကမ္ဘာ့ဆဋ္ဌမမြောက်အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာပါတယ်။

၂၀၁၅ ခုနှစ်၊ နောက်ဆုံးသုံးလပတ်မှာ စံချိန်တင်ဝင်ငွေရရှိခဲ့ကြောင်း Facebook က ကြေငြာခဲ့ပြီးနောက်မှာ၊ Facebook ရှယ်ယာဈေးနှုန်းဟာ ဗုဒ္ဓဟူးနေ့ ရှယ်ယာဈေးကွက်ပိတ်သိမ်းချိန်မှာ ၁၂ ရာခိုင်နှုန်းအထိ တန်ဖိုးထိုးတက်သွားခဲ့ပါတယ်။

အခုလို ရှယ်ယာဈေးတက်မှုကြောင့် Mark Zuckerberg ဟာ ပိုင်ဆိုင်မှုတန်ဖိုး ဒေါ်လာ ၄၆.၂၅ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး၊ ဒေါ်လာ ၄၃.၆ ဘီလီယံပိုင်ဆိုင်တဲ့ Oracle ဥက္ကဌ Ellison ထက် ဒေါ်လာ ၂ ဘီလီယံ ကျော်ပိုများကာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်းမှာ နံပါတ်ခြောက်နေရာကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ်သာရှိသေးတဲ့၊ Mark Zuckerberg ဟာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးထဲမှာ အသက်အငယ်ဆုံးဘီလျံနာတစ်ယောက် ဖြစ်ပြီး၊ အမေရိကရဲ့ စတုတ္ထမြောက်အချမ်းသာဆုံးပုဂ္ဂိုလ်လည်းဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလမှာ သမီးဦးလေးမွေးဖွားပြီးနောက်  Mark Zuckerberg ဟာ သူပိုင်ဆိုင်တဲ့ Facebook ရှယ်ယာ ၉၉ ရာခိုင်နှုန်းကို Chan Zuckerberg Initiative ဖောင်ဒေးရှင်းကို လှူဒါန်းသွားမှာဖြစ်တယ်လို့ ကတိပြုပြောကြားခဲ့ပါတယ်။

Ref: Forbes

 

 

 

You may be interested

ဈေးကွက်ထဲ ထိုးဖောက်ယှဉ်ပြိုင်လာနိုင်မှာက V7 များဖြစ်လေမလား????
Vivo
0 shares0 views

ဈေးကွက်ထဲ ထိုးဖောက်ယှဉ်ပြိုင်လာနိုင်မှာက V7 များဖြစ်လေမလား????

Nwe Oo - Nov 25, 2017

Vivo V7 ဖုန်းတွေကို မြန်မာနိုင်ငံဈေးကွက်ထဲ နိုဝင်ဘာလတတိယပတ်ကစပြီး ဖြန့်လိုက်ပါပြီ။ V7+ ထက်တော့ ဈေးနည်းပေမယ့် သုံးရတဲ့ experience တွေကတော့ V7+ နဲ့ V7 တူတူလောက်ပါပဲ။ ဈေးနှုန်းလျော့သွားတယ်ဆိုတော့ ဒါ ဈေးကွက်မှာ အပြိုင်နေရာယူတော့မယ့်ပုံစံပါပဲ။ သုံးရတာချင်းသိပ်မကွာဘူး ဈေးနှုန်းကျကွာသွားတယ်ဆိုတော့ V7…

ပိုင်ဆိုင်မှု ဒေါ်လာ ၁၀၀ ဘီလီယမ် ကျော်သွားတဲ့ ကမ္ဘာ့အချမ်းသာဆုံး Jeff Bezos
NEWS
0 shares17 views

ပိုင်ဆိုင်မှု ဒေါ်လာ ၁၀၀ ဘီလီယမ် ကျော်သွားတဲ့ ကမ္ဘာ့အချမ်းသာဆုံး Jeff Bezos

Ko Thuya - Nov 25, 2017

Jeff Bezos ဟာ ဒေါ်လာ ၁၀၀ ဘီလီယမ်ကျော် ပိုင်ဆိုင်တဲ့ ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာပါတယ်။ သူဟာ အမေဇုန် အွန်လိုင်းစတိုးဆိုင်ကို တည်ထောင်သူဖြစ်ပြီး စတော့ရှယ်ယာအများဆုံးကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ သူဟာ ၉၃.၆ ဘီလီယမ် တန်ကြေးရှိတဲ့ အမေဇုန်ရဲ့ စတော့ရှယ်ယာပေါင်း…

Budweiser က အာကာသမှာ ဘီယာ ထုတ်လုပ်မည်
NEWS, Science, Tech Update
92 shares15 views

Budweiser က အာကာသမှာ ဘီယာ ထုတ်လုပ်မည်

Ko Thuya - Nov 24, 2017

Budweiser ဘီယာကို ထုတ်လုပ်တဲ့ Anheuser-Busch Company က ယခုနှစ်အစောပိုင်းမှာ အင်္ဂါဂြိုလ်တွင် ပထမဆုံး ဘီယာထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်ချင်တယ်လို့ ပြောခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းကတော့ ဒီစကားကို ယုံကြည်သူ နည်းပါးခဲ့ပါတယ်။ အခုတော့ အဲဒီစီမံကိန်းရဲ့ ပထမဆုံး အဆင့်ကို ကြေညာလိုက်ပါတယ်။ Budweiser…

Most from this category