0 Shares 28 Views

တစ်လကိုလည်ပတ်သူ ၁.၆ ဘီလျံရှိလာတဲ့ Facebook

တစ်လသုံးစွဲသူ ၁.၆ဘီလျံနီးပါးရှိလာပြီးတဲ့နောက်မှာ Facebook ရဲ့ သုံးလတစ်ဖြတ် အမြတ်ဝင်ငွေဟာ နှစ်ဆနီးပါးမြှင့်တက်လာခဲ့တယ်လို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ရဲ့ ဆက်သွယ်မှုတွေဟာ ဆက်လက်မြှင့်တက်နေပြီး ကျွန်တော်တို့ရဲ့လုပ်ငန်းဟာ ဆက်လက်စည်ကားနေပါတယ်” လို့ Facebook ပူးတွဲတည်ထောင်သူ နဲ့ အမှုဆောင်ချုပ် Mark Zuckerberg
ကသုံးလတစ်ဖြတ် အမြတ်တွေကို ထုတ်ပြန်ခဲ့ပြီးနောက် ကမ္ဘာ့အကြီးဆုံး လူမှုကွန်ယက်နေရာကို ဆက်လက်ရယူခဲ့တာဖြစ်ပါတယ်။

အစီရင်ခံချက်အရ ပြီးခဲ့တဲ့နှစ် နောက်ဆုံးသုံးလပတ်မှာ ဒေါ်လာ ၁.၅၆ ဘီလီယံနီးပါး အမြတ်အစွန်းရရှိခဲ့ပြီး ၂၀၁၄ခုနှစ်တုန်းကရရှိခဲ့တဲ့ ပမာဏ ဒေါ်လာ၇၀၁ သန်း ရရှိခဲ့တာနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။
Facebook ရဲ့ဒီဇင်ဘာ၃၁ရက်နေ့ထိ ရရှိခဲ့တဲ့ ဘဏ္ဍာရေးအခြေအနေစုစုပေါင်းကတော့ ဒေါ်လာ ၅.၈၄ ဘီလျံ ရှိခဲ့ပြီး၊ ၂၀၁၄ခုနှစ်တုန်းက ဒေါ်လာ ၃.၈၅ဘီလျံ ပဲရခဲ့တာဖြစ်ပါတယ်။

ရလဒ်တွေအရဆိုရင်တော့ Facebook ရဲ့အွန်လိုင်းကြော်ငြာ ဝန်ဆောင်မှုဟာ ဆက်လက်ပြီးတော့ ကြီးထွားနေပြီး အထူးသဖြင့် Mobile ပစ္စည်းတွေ တခြားသော စီးပွားရေးလုပ်ငန်းတွေ ကြော်ငြာခြင်းတွေကနေ
ဘဏ္ဍာရေးရဲ့ ၈၀ရာခိုင်နှုန်းလောက်အထိ ရရှိခဲ့တာဖြစ်ပါတယ်။

အသားတင်အမြတ်ဝင်ငွေအနေနဲ့ ဒေါ်လာ ၃.၇ ဘီလျံလောက်အထိခုန်တက်သွားတာဖြစ်ပြီး ၂၀၁၄ တုန်းက ၂.၉ ဘီလျံသာရှိခဲ့တာဖြစ်လို့ Zuckerberg က ၂၀၁၅ခုနှစ်ဟာ တကယ်မိုက်တဲ့ နှစ်တစ်နှစ်ပါပဲလို့ ပြောခဲ့ပါတယ်။ လစဉ်အသုံးပြုသူပေါင်းဟာ ဒီဇင်ဘာလမှာ ၁.၅၉ ဘီလျံလောက်ထိရှိနေလို့ ၁၄ ရာခိုင်နှုန်းလောက် ထိအရင်နှစ်ကထက်များပြားလာတာဖြစ်ပါတယ်။

Ref: Gadgets360

You may be interested

Xiaomi Redmi Note 5 Pro မှာ 60fps ဖြင့် Full HD Video များကို ရိုက်ကူးနိုင်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi Redmi Note 5 Pro မှာ 60fps ဖြင့် Full HD Video များကို ရိုက်ကူးနိုင်လာ

Ko Thuya - Jun 25, 2018

တစ်စက္ကန့်လျှင် ၆၀ ဖရိမ်နှုန်းဖြင့် Full HD Video များကို ရိုက်ကူးနိုင်တဲ့ စွမ်းရည်ဟာ Xiaomi Redmi Note 5 Pro ရဲ့ Chinese MIUI 10 Beta မှာ ပါလာပါတယ်။ ဒီသတင်းကို XDA…

IGTV ဆိုတဲ့ App အသစ်ကိုဖန်တီးလိုက်တဲ့ Instagram
NEWS
96 shares32 views

IGTV ဆိုတဲ့ App အသစ်ကိုဖန်တီးလိုက်တဲ့ Instagram

Nwe Oo - Jun 24, 2018

[Zawgyi] ၂၀၁၀ စတည်ထောင်တဲ့အချိန်ကနေ ဒီနေ့ထိဆိုရင် Instagram ကိုအသုံးပြုသူပေါင်း ၁ဘီလီယံရှိသွားပြီဖြစ်ပြီး ဒီကြေညာချက်နဲ့အတူ စိတ်ဝင်စားစရာ App တစ်ခုပါ ထွက်ရှိလာခဲ့ပါပြီ။ သူကတော့ Instragram မှာ ဒေါင်လိုက် ဗီဒီယိုအရှည်တွေကို ကြည့်လို့ရနိုင်မယ့် IGTV ဆိုတဲ့ App အသစ်လေးဖြစ်ပြီး ဗီဒီယိုဖန်တီးသူတွေအတွက်…

ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်
Automobiles, Mobiles & Tablets, NEWS
123 shares32 views

ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်

Ko Thuya - Jun 24, 2018

စမတ်ဖုန်းများဟာ လူတွေနဲ့ အနီးဆုံးရှိတဲ့ ကိရိယာများ ဖြစ်လာသလို သူ့မှာ စွမ်းရည်များ ပိုမိုများပြားအောင်လည်း ထည့်သွင်းပေးနေကြပါတယ်။ အခုလည်း စမတ်ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါများ ဖွင့်ခြင်းများကို ပြုလုပ်နိုင်မယ့် စံနှုန်းတစ်ခုကို သတ်မှတ်လိုက်ပါတယ်။ Car Connectivity Consortium (CCC) က Digital…

Most from this category