0 Shares 147 Views

အိန္ဒိယမှာ စတင် ဖြန့်ချိခဲ့တဲ့ Moto M အကြောင်း

Dec 14, 2016
0 147

လီနိုဗို ကုမ္ပဏီက ၀ယ်ယူခဲ့ပြီးနောက်ပိုင်း အဆန်းသစ်ဆုံး နည်းပညာတွေ ပိုပြီး ကြွယ်ဝလာခဲ့တဲ့ မော်တာရိုလာ ရဲ့ Moto M ကို အိန္ဒိယနိုင်ငံမှာ ဒီကနေ့ စတင်ဖြန့်ချိခဲ့တယ် လို့ သိရပါတယ်။ ကိုယ်ထည်တစ်ခုလုံးကို Metal နဲ့ တည်ဆောက်ထားပြီး လှပတဲ့ အသွင်သဏ္ဍာန်ရှိတဲ့ Moto M ရဲ့ 32 GB version ကို အိန္ဒိယ ရူးပီး ၁၅၉၉၉ ( ဒေါ်လာ ၂၄၀ ) နဲ့ 64 GB အတွက် အိန္ဒိယရူးပီး ၁၇၉၉၉ (ဒေါ်လာ ၂၆၅) တွေနဲ့ စတင်ရောင်းချခဲ့တယ် လို့ သိရပါတယ်။
.
ဖြန့်ချိခဲ့တဲ့ Moto M ဟာ အရွယ်အစား ၅.၅ လက်မ ရှိပြီး resolution 1920×1080 pixel သုံးစွဲထားတဲ့ မျက်နှာပြင် ဟာ HD ရုပ်ထွက်တွေ အတွက် အဆင်သင့်ဖြစ်နေစေကာ 3050 mAh ဘက်ထရီကလည်း မြန်မြန်ဆန်ဆန် အားပြန်ဖြည့်သွင်းပေးနိုင်မှာ ဖြစ်ပါတယ်။ fingerprint scanner ကိုလည်း အထောက်အပံ့ပေးပြီး ATMoS speakers ထည့်သွင်းထားတဲ့အတွက် ကြည်လင်အေးမြတဲ့ အသံအရည်အသွေးကိုပါ ရရှိစေမှာဖြစ်ပါတယ်။
.
4GB DDR3 RAM ကို 2.2 Octa-core ပရိုဆက်ဆာ နဲ့ တွဲဖက်ထားတဲ့တွက် အဆင်မြင့် ရုပ်ထွက်ပိုင်းတွေအတွက် ပူပင်နေစရာမလိုတော့ပါဘူး။ camera ကတော့ 16 MegaPixel ပါဝင်ပြီး ရှေ့ဘက်ကင်မရာကတော့ 8 MegaPixel ရှိပါတယ်။ Moto M ဟာ ရှေ့ကနောင်တော်တွေလိုပဲ Hybrid Dual-SIM card slot ကို သုံးစွဲထားပြီး သိုလှောင်နိုင်စွမ်းကတော့ 32GB ပါရှိပါတယ်။ တခြား ထောက့်ပံ့မှုတွေအဖြစ် Bluetooth 4.1 ၊ USB C type ၊ 3.5 mm headphone jack စတာတွေလည်း ပါရှိပါသေးတယ်။ အဓိကအားဖြင့်တော့ ဈေးနှုန်းပဲ ဖြစ်ပါတယ်။ အိန္ဒိယ နဲ့ အရှေ့အာရှ ဈေးကွက်ကို ထိုးဖောက်ဖို့အတွက် မော်တာရိုလာ ဟာ အသေအချာ ပြင်ဆင်လာခဲ့ပုံရပြီး လက်ရှိဈေးကွက်မှာ ရောင်းအားကောင်းနေတဲ့ စမတ်ဖုန်းတွေနဲ့ တန်းတူ အရည်အသွေးမျိုးကို ဖန်တီးပေးထားခဲ့ပေမယ့် ပြန်လည်တောင်းဆိုထားတဲ့ ဈေးနှုန်းကတော့ အတော်ကလေးကို ချိုသာလျက်ရှိတယ် လို့ သိရပါတယ်။အထူးသဖြင့် အဖိုးနည်းဝန်ပါ ဆိုသလို ဈေးနှုန်းချိုချို နဲ့ ထိပ်တန်း နည်းပညာမြင့် မီဒီယာဟန်းဆက် တစ်လုံးကို ရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်တယ် လို့ သိရပါတယ်။
.
Ref : Mashable

Facebook Comments

You may be interested

စက်ရုပ်တွေကို အများဆုံး အသုံးပြုနေတဲ့ တောင်ကိုရီးယား
NEWS, Science, Tech Update
0 shares0 views

စက်ရုပ်တွေကို အများဆုံး အသုံးပြုနေတဲ့ တောင်ကိုရီးယား

zayarsan - May 27, 2017

စက်ရုပ်များကို စက်ရုံများမှာ အသုံးချလာမှုဟာ အရှိန်အဟုန် မြင့်မားလာနေပါတယ်။ အဲဒီအထဲမှာ တောင်ကိုရီးယားကတော့ ကမ္ဘာမှာ စက်ရုပ် အများဆုံး အသုံးပြုတဲ့ နိုင်ငံ ဖြစ်ပါတယ်။ International Federation of Robotics ရဲ့ အဆိုအရ တောင်ကိုရီးယားဟာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများမှာ ၀န်ထမ်း…

ပေါ့ပါးသွက်လက်တဲ့ Facebook Messenger Lite အကြောင်း သိကြောင်းစရာများ
FEATURES, Softwares & Application
0 shares0 views

ပေါ့ပါးသွက်လက်တဲ့ Facebook Messenger Lite အကြောင်း သိကြောင်းစရာများ

Ko Thuya - May 27, 2017

Facebook က Messenger ကို ဆက်သွယ်ရေး ကိရိယာ တစ်ခုထက်ပိုတဲ့ ၀န်ဆောင်မှု ပလက်ဖောင်းတစ်ခု အဖြစ် ဖန်တီးနေပါတယ်။ အမေရိကန်မှာ ဆိုရင် Messenger ကနေ ငွေပေးပို့နိုင်ပါပြီ။ Messenger ကနေ Uber အငှားယာဉ်ကို နိုင်ငံအချို့မှာ ခေါ်နိုင်ကြပါတယ်။ မကြာခင်ကလည်း…

Twitter App တစ်ခုသာ ထည့်ထားတဲ့ Donald Trump ရဲ့ iPhone
Mobiles & Tablets, NEWS, Security & Safety
0 shares5 views

Twitter App တစ်ခုသာ ထည့်ထားတဲ့ Donald Trump ရဲ့ iPhone

Ko Thuya - May 27, 2017

အမေရိကန် သမ္မတ Donald Trump ရဲ့ iPhone ထဲမှာ Twitter App တစ်ခုသာ ထည့်ထားတယ်လို့ Axios ရဲ့ သတင်းထောက် ဖြစ်သူ Mike Allen က ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ရေးသားဖော်ပြထားပါတယ်။ Trump ဟာ…

Most from this category