0 Shares 637 Views

စမတ်ဖုန်းတွေ အပူလွန်တာကို တားဆီးပေးမယ့် အချက် (၆) ချက်

Dec 13, 2016
0 637

စမတ်ဖုန်းတွေကို အသုံးပြုသူတွေအနေနဲ့ အားသွင်းထားတဲ့အခါ၊ Video တွေကြည့်တဲ့၊ ရိုက်ကူးတဲ့အခါ၊ ဂိမ်းတွေဆော့တဲ့အခါ နဲ့ app ကြီးကြီးမားမားတွေအသုံးပြုတဲ့အခါမျိုးမှာ အပူလွန်ကဲမှု နဲ့ ကြုံတွေရနိုင်ပါတယ်။

ဒီလို အပူလွန်ကဲတာဟာ စမတ်ဖုန်းရဲ့ hardware အားနည်းချက်ကြောင့်လည်းဖြစ်တတ်သလို virus တွေကြောင့်လည်းဖြစ်တဲ့အပြင် အသုံးပြုသူတွေရဲ့ သတိမထားမိတဲ့ အမှားတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် အပူလွန်စေတဲ့ အချက်တွေနဲ့ အပူလွန်တာကို တားဆီးပေးနိုင်မယ့် အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

အပူစုပ်တဲ့ Case တွေကို မသုံးပါနဲ့

စမတ်ဖုန်းအသုံးပြုသူတွေဟာ မိမိတို့ရဲ့ ဖုန်းတွေကို ထိခိုက်ပွန်းပဲ့မှုကနေကာကွယ်ဖို့အတွက် ကာဗာအဖြစ် Case တွေကို အသုံးပြုကြပါတယ်။ အချို့ Case တွေကို တပ်ဆင်ထားတဲ့အခါ ဖုန်းကထွက်လာတဲ့ အပူတွေကို အပြင်မထွက်စေဘဲ စုပ်ယူထားတဲ့အတွက် ဖုန်းကို အပူလွန်ကဲစေပါတယ်။ ဒါ့ကြောင့် အပူမစုပ်တဲ့ Case တွေကို ရွေးချယ်အသုံးပြုသင့်ပါတယ်။

ညလုံးပေါက်အားသွင်းခြင်းမပြုပါနဲ့

စမတ်ဖုန်းအသုံးပြုသူအများစုဟာ ဖုန်းကိုတစ်နေကုန် စိတ်ကြိုက်အသုံးပြုပြီး ညအိပ်တဲ့အခါ ညလုံးပေါက် အားသွင်းထားတတ်ကြပါတယ်။ ဖုန်းရဲ့ ဘက်ထရီဟာ တစ်ချိန်လုံး run နေရတဲ့အတွက် အပူလွန်ကဲ တာဖြစ်ပြီး အခန့်မသင့်ရင် ဒါဟာ ဖုန်းကို ပေါက်ကွဲစေတဲ့ အထိတောင်ဖြစ်နိုင်ပါတယ်။

မာကျောတဲ့ မျက်နှာပြင်ပေါ်တင်ပြီး အားသွင်းပါ

စမတ်ဖုန်းတွေကို အားသွင်းတဲ့အခါ အပူကိုစုပ်ယူနိုင်တဲ့ ဆိုဖာတွေ၊ အိပ်ယာပေါ်တင်ပြီး အားသွင်းတာဟာ ဖုန်းကို အပူလွန်ကဲစေပါတယ်။ ဒါ့ကြောင့် အပူမစုပ်တဲ့ မာကြောတဲ့ မျက်နှာပြင်တွေပေါ်တင်ပြီး အားသွင်း သင့်ပါတယ်။

ဒီ App တွေကို ပိတ်ပါ

အချို့ App တွေဟာ ဖုန်းရဲ့ processing power သာမက graphics ကိုပါ မောင်းနှင်တဲ့အတွက် ဖုန်းကို ပူစေပါတယ်။ ပိတ်ထားတယ်ဆိုပြီး စိတ်ချလက်ချနေနေပေမယ့် နောက်ကွယ်ကနေ ဖုန်းရဲ့ CPU ကို အလုပ်ပေးနေတာမျိုးတွေရှိပါတယ်။ Processing power ကို မနားတမ်း အသုံးပြုစေချင်းက ဖုန်းကို အပူလွန်ကဲစေတာဖြစ်ပါတယ်။

နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့ပါနဲ့

စမတ်ဖုန်း အသုံးပြုသူတွေဟာ သတိမထားမိတဲ့အခါမျိုးမှာ ဖုန်းကို နေပူထဲမှာ ချထားတာမျိုးတွေရှိတတ်ပါ တယ်။ Processing power run နေတဲ့အချိန်မျိုးမှာ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ထားတဲ့အခါ ဖုန်းရဲ့ အပူချိန်ကို ပိုမိုမြင့်တက်စေပါတယ်။

Third-party charger တွေနဲ့ ဘက်ထရီတွေ မသုံးပါနဲ့

စမတ်ဖုန်းတွေပူရတဲ့ အကြောင်းအရင်းတွေထဲမှာ third-party charger တွေနဲ့ battery တွေကြောင့်လည်း ပါဝင်ပါတယ်။ အားဝင်ရင်ပြီးရောဆိုပြီး တွေ့ကရာ Charger နဲ့ အားသွင်းတဲ့အခါ Watt မတူတာမျိုး ကြုံတတ်တဲ့အတွက် ဖုန်းကို ပူစေပါတယ်။

Ref: ETs

You may be interested

Brazzers က Porn ကြည့်ဖို့ အထူးဒီဇိုင်းထုတ်ထားတဲ့ စမတ်ဖုန်းကို ဖန်တီးနေ
Mobiles & Tablets, NEWS
0 shares0 views

Brazzers က Porn ကြည့်ဖို့ အထူးဒီဇိုင်းထုတ်ထားတဲ့ စမတ်ဖုန်းကို ဖန်တီးနေ

Ko Thuya - Oct 22, 2017

လူကြီးဖျော်ဖြေရေး ၀က်ဆိုက်များဟာ Virtual Reality လို အဆင့်မြင့် နည်းပညာများကို အသုံးပြုနေကြပါတယ်။ အခုလည်း နာမည်ကျော် အပြာဝက်ဆိုက် Brazzers က Porn ကြည့်ဖို့ အထူးဖန်တီးထားတဲ့ စမတ်ဖုန်းကို ဖန်တီးနေပါတယ်။ အဲဒီ ဖုန်းကို Brazzers Peach လို့…

iPhone 9 မှာ iPhone X ရဲ့ Features အားလုံးပါပြီး ဈေးသက်သာမည်
Apple, HUBS, Mobiles & Tablets
265 shares45 views

iPhone 9 မှာ iPhone X ရဲ့ Features အားလုံးပါပြီး ဈေးသက်သာမည်

Ko Thuya - Oct 22, 2017

iPhone X ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ဒေါ်လာ ၁၀၀၀ ရှိတဲ့အတွက် အလွန် ဈေးကြီးတဲ့ ဖုန်း ဖြစ်ပါတယ်။ iPhone X ကို နိုဝင်ဘာလ ၃ ရက်နေ့မှာ စတင် ရောင်းချပေးမှာ ဖြစ်ပေမယ့် အလုံအလောက် ရောင်းချနိုင်ခြင်း…

Google က ပွာတိုရီကိုမှာ မိုးပျံဘောလုံးများဖြင့် အင်တာနက် ထုတ်လွှင့်ပေး
Google, HUBS, NEWS
83 shares2 views

Google က ပွာတိုရီကိုမှာ မိုးပျံဘောလုံးများဖြင့် အင်တာနက် ထုတ်လွှင့်ပေး

Ko Thuya - Oct 22, 2017

Google က အမေရိကန် ဆက်သွယ်ရေးကော်မရှင် (FCC) ထံကနေ ခွင့်ပြုချက် ရရှိပြီးနောက်မှာ ပွာတိုရီကိုမှာ မိုးပျံဘောလုံးများဖြင့် အင်တာနက် ထုတ်လွှင့်ပေးတဲ့ အစီအစဉ်ကို စတင်လိုက်ပါတယ်။ Google က ကျွန်းရဲ့ ဧရိယာအချို့ကို အင်တာနက်ထုတ်လွှင့်ပေးဖို့အတွက် AT&T နဲ့ ပူးပေါင်းလိုက်ပြီလို့ ပြီးခဲ့တဲ့…

Most from this category