MPT မှ တက္ကသိုလ်ကျောင်းများတွင် ဈေးရောင်းပွဲနှင့် ဆင်းကတ်မှတ်ပုံတင်ခြင်းအစီအစဉ်ပြုလုပ်

MPT မှ အထူးဈေးရောင်းပွဲတော်နဲ့ ဆင်းကတ်မှတ်ပုံတင်ခြင်းဆိုင်ရာ ဝန်ဆောင်မှုတွေကို ရန်ကုန်မြို့ရှိ တက္ကသိုလ်ကျောင်း (၁၆) ခုမှာ အခုလအတွင်း ပြုလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

အခုလိုမျိုး တက္ကသိုလ်ကျောင်းတွေမှာ ဆင်းကတ်မှတ်ပုံတင်ခြင်းဆိုင်ရာ ဝန်ဆောင်မှုတွေကို လိုက်လံ ဆောင်ရွက်ပေးခြင်းဖြင့် ကျောင်းသားကျောင်းသူတွေဟာ ဆင်းကတ်မှတ်ပုံတင်ဖို့အတွက် MPT အမှတ်တံဆိပ်အရောင်းဆိုင်များ နဲ့ အခြားမိုဘိုင်းဖုန်းဆိုင်များသို့ တကူတက သွားရောက်စရာ မလိုတော့ဘဲ ကျောင်းမှာတင် အလွယ်တကူ ဆောင်ရွက်နိုင်မှာဖြစ်ပြီး မှတ်ပုံတင်ဖို့အတွက် မှတ်ပုံတင်မူရင်း (ဒါမှမဟုတ်) ကျောင်းသားကတ် ပြသဖို့ လိုအပ်တယ်မှာဖြစ်ပါတယ်။

ပွဲအတွင်းမှာ ငွေဖြည့်ကတ် (ဒါမှမဟုတ်) MPT ဆင်းကတ်တစ်ကတ် ဝယ်ယူတဲ့ ကျောင်းသားကျောင်းသူ တွေအနေနဲ့ အမှတ်တရ လက်ဆောင်များအဖြစ် T-Shirt၊ MPT Cup နဲ့ ငွေဖြည့်ကတ် အပိုဆုတွေအပြင် ထီး၊ မျက်နှာသုတ်ပုဝါနဲ့ USB stick တို့ကိုပါ ရရှိနိုင်မှာဖြစ်ပါတယ်။

MPT-KSGM ရဲ့ Chief Commercial Officer ဖြစ်သူ Mr. Koichi Kowase က “MPT အသုံးပြုသူ ကျောင်းသား ကျောင်းသူများ ဆင်းကတ်မှတ်ပုံတင်နိုင်ဖို့အတွက် ဒီလိုပျော်စရာကောင်းပြီး အကျိုးရှိစေမယ့် ပွဲတွေကို စီစဉ်ပေးတာဖြစ်ပါတယ်။” ဆိုပြီး ပြောကြားခဲ့တယ်လို့ သိရပါတယ်။

%d bloggers like this: