0 Shares 102 Views

ဗီဒီယိုဂိမ်းတွေအပြင် VR နည်းပညာရဲ့ အခြားအသုံးဝင်မှုများ

Dec 13, 2016
0 102

VR လို့အတိုကောက်ခေါ်တဲ့ Virtual Reality နည်းပညာကို ဗီဒီယိုဂိမ်းတွေ ဆော့ကစားဖို့အတွက်သာ အဓိကထား အသုံးပြုကြပေမယ့် အခြားသောနယ်ပယ်တွေမှာလည်း ဒီနည်းပညာကို အကျိုးရှိစွာ အသုံးချလို့ ရနိုင်ပါတယ်။ အသုံးလည်းပြုနေကြပါပြီ။

ဒါ့ကြောင့် VR ကို အသုံးပြုနိုင်တဲ့ အခြားသော အသုံးဝင်မှုပုံစံတွေကိုဖော်ပြပေးလိုက်ပါတယ်။

ပညာရေး

vr-technology-education

Oculus headphones တွေကိုသုံးပြီးတော့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေအကြောင်း ပညာပေးဖို့ အတွက် VR နည်းပညာကို အသုံးပြုနိုင်ပါတယ်။ Simulation ပိုင်းမှာ အကောင်းဆုံး အထောက်အကူပြုတဲ့ အတွက် ရိုးရိုးတန်းတန်း ပညာပေးတာထက် ပိုမိထိရောက်ပါတယ်။

ဖျော်ဖြေရေး

virtual-reality-entertainment

VR နည်းပညာရဲ့ အကူအညီနဲ့ 3D ရုပ်ရှင်တွေကို အကောင်းဆုံး ခံစားကြည့်ရှုနိုင်ပါပြီ။ Oculus Cinema လိုမျိုး application တွေက အသုံးပြုသူတွေကို အကောင်းဆုံးသော VR အတွေ့အကြုံအသစ်တွေကို ပေးစွမ်းနိုင်ပြီး မိမိအကြိုက်ဆုံး ရုပ်ရှင်တွေကို virtual, big screen နဲ့ စိတ်တိုင်းကျ ကြည့်ရှုခံစားနိုင်နေပြီ ဖြစ်ပါတယ်။

 ကျန်းမာရေး စောင့်ရှောက်မှု

virtual-reality-health-care

ခွဲစိတ်ကုသမှုတွေအတွက် system generated graphic တွေကိုသုံးပြီး ကျန်းမာရေး စောင့်ရှောက်မှုပိုင်းမှာ VR နည်းပညာကို အသုံးပြုနိုင်ပါတယ်။ လူနာရဲ့ ခန္ဒာဗေဒဆိုင်ရာ ultrasound ရလဒ်ပုံရိပ်တွေကို 3D structure တွေအဖြစ် ရယူနိုင်တဲ့အတွက် ဆရာဝန်တွေအနေနဲ့ tumor cells တွေကို အသက်အန္တရာယ်ကင်းစွာ ရှာဖွေဖို့ အကောင်းဆုံး ကူညီပေးနိုင်ပါတယ်။ သာမန် ရုပ်ပိုင်းဆိုင်ရာကုသမှုတွေထက် ပိုမိုမြန်ဆန်ပြီး ပိုမို ထိထိရောက်ရောက် ကုသမှုပေးနိုင်တာတွေ့ရှိရပါတယ်။

ကာကွယ်ရေး နဲ့ စစ်ဘက်ဆိုင်ရာ

virtual-reality-defense-military

အမေရိကန် စစ်တပ်က စစ်သားတွေရဲ့ လေ့ကျင့်မှုတွေမှာ VR နည်းပညာကို စတင်အသုံးပြုနေပြီဖြစ်ပါတယ်။ တိုက်ပွဲအတွေ့အကြုံရဖို့နဲ့ ကြိုတင်ပြင်ဆင်နိုင်ဖို့အတွက် အမျိုးမျိုးသော VR ဂိမ်းတွေက အကောင်းဆုံး အထောက်အကူပြုပါတယ်။ တကယ့်စစ်မြေပြင်မှာ စစ်သားအချင်းချင်း အတူတကွ ဘယ်လိုလုပ်ဆောင်မလဲ ဘယ်လိုဗျူဟာတွေ ခင်းကျင်းမလဲ၊ လျပ်တပြက်ဆုံးဖြတ်ချက်တွေဘယ်လိုချရမလဲ ဆိုတာကို အကောင်းဆုံး လေ့ကျင့်နိုင်ပါတယ်။

ဥပဒေနဲ့ တရားစီရင်ရေး

virtual-reality-legal-system

တရားရုံးအတွင်းမှာ တရားစီရင်တဲ့အခါ 2D/3D graphic နဲ့ ပုံရိပ်တွေကို ဝေဖန်ပိုင်းခြားသုံးသပ်ပြီး မှုခင်းဖြစ်စဉ်တွေကို အကောင်းဆုံးကောက်ချက်ချနိုင်ပါတယ်။ VR နည်းပညာရဲ့ကူညီမှုက crime scene မှာ အရာဝတ္ထုတွေရဲ့ လှုပ်ရှားမှုတွေကို အတိကျအမှန်ကန်ဆုံး သိရှိစေမှာဖြစ်ပါတယ်။

ပြတိုက်

virtual-reality-museum

ပြတိုက်တွေက developer တွေဟာ virtual tour တွေအတွက်ပြင်ဆင်နေပြီဖြစ်ပါတယ်။ ပြတိုက်အတွင်းက အမွေအနှစ်ပစည်းကို ကြည့်ရှုတဲ့အခါ ပိုမိုစိတ်လှုပ်ရှားစရာအတွေ့အကြုံတွေကို VR နည်းပညာက ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက သဘာဝသမိုင်းပြတိုက်မှာတော့ လေ့လာသူတွေအတွက် VR headsets တွေအသုံးပြုပြီးကြည့်ရှုလေ့လာနိုင်မယ့် Virtual tour တွေကို ခွင့်ပြုပေးလိုက်ပြီလို့ သိရပါတယ်။

မော်တော်ယာဉ်ထုတ်လုပ်ရေး

virtual-reality-automotive

မော်တော်ယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီတွေဟာ မော်တော်ယာဉ်တွေထုတ်လုပ်တဲ့အခါ virtual version စမ်းသပ်မောင်းနှင်မှု တွေပြုလုပ်ဖို့အတွက် VR နည်းပညာကို အသုံးပြုနေပြီဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပြောရရင် Ford Motor ကုမ္ပဏီပါ။ ကားရဲ့ အတွင်းပိုင်းနဲ့ အပြင်ပိုင်းကို အကောင်းဆုံး ဒီဇိုင်းဆင်ဖန်တီးနိုင်ဖို့အတွက် ဝန်ထမ်းတွေကို VR headset တွေ အသုံးပြုစေပြီး မထုတ်လုပ်ခင်မှာ အကောင်းဆုံး ပြင်ဆင်နိုင်ပြီဖြစ်ပါတယ်။

စိတ်ကျန်းမာရေးနဲ့ တရားထိုင်မှု

virtual-reality-psychological-health-meditation

VR meditation program တွေမှာ Oculus headphone ကိုသုံးခြင်းက စိတ်ငြိမ်အောင်ပြုလုပ်လိုသူတွေနဲ့ တရားထိုင်သူတွေအတွက် တိတ်ဆိတ်ငြိမ်သက်ပြီး ငြိမ်းချမ်းတဲ့ နေရာဒေသတစ်ခုကိုရောက်ရှိသွားအောင် ကူညီပေးပါတယ်။ စိတ်ဖိစီးမှုတွေများလို့ စိတ်ပိုင်းဆိုင်ရာကို ငြိမ်းအေးစွာ အနားယူလိုသူတွေအတွက် ကောင်းမွန် ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်လာပါတယ်။

အာကာသ

virtual-reality-space

NASA က သိပ္ပံပညာရှင်တွေရဲ့ VR နည်းပညာကိုအသုံးပြုမှုဟာ အာကာသယာဉ်မှုးတွေကို အနားယူ နိုင်စေပြီဖြစ်ပါတယ်။ oculus Riftsto မှာပါတဲ့ motion sensor နဲ့ချိတ်ဆက်ပြီး အာကာသတွင်းက လုပ်ဆောင်ချက်တွေကို NASA ရဲ့ ဓာတ်ခွဲခန်းအတွင်းကနေ လုပ်ဆောင်နိုင်နေပါပြီ။ အာကာသယာဉ်မှူး တွေအနေနဲ့လည်း မားစ်ဂြိုဟ်ပေါ်ကို ဆင်းသက်စရာမလိုဘဲ ယာဉ်ပေါ်ကနေ VR headset သုံးပြီး လုပ်ဆောင်နိုင်ဖို့ သုတေသီတွေက လေ့ကျင့်ပေးလိုက်ရှိပါတယ်။

Ref: QT

You may be interested

Android 8.0 Oreo ရရှိနိုင်မယ့် Device များအား Lenovo အတည်ပြု
HUBS, Lenovo, Mobiles & Tablets
0 shares0 views

Android 8.0 Oreo ရရှိနိုင်မယ့် Device များအား Lenovo အတည်ပြု

Ko Thuya - Oct 18, 2017

တရုတ်စမတ်ဖုန်းထုတ်လုပ်သူ Lenovo ကသုံးစွဲသူတွေအနေနဲ့ သူတို့ရဲ့ စမတ်ဖုန်းမော်ဒယ် ၃ မျိုးထဲက တခုကိုပိုင်ဆိုင်လျင်ပင် Android 8.0 Oreo ကိုရရှိနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။ သူတို့ဆီကထုတ်လုပ်ထားတဲ့ စမတ်ဖုန်းတွေဖြစ်တဲ့ K8, K8 Plus နဲ့ K8 Note စမတ်ဖုန်းများကို နောက်ဆုံးထွက် Android…

ကမ္ဘာ့ပထမဦးဆုံး 3D-Priint နည်းပညာဖြင့်ဆောက်ထားသည့် တံတား နယ်သာလန်တွင် ဖွင့်လှစ်
NEWS, Tech Update
81 shares14 views

ကမ္ဘာ့ပထမဦးဆုံး 3D-Priint နည်းပညာဖြင့်ဆောက်ထားသည့် တံတား နယ်သာလန်တွင် ဖွင့်လှစ်

Ko Thuya - Oct 18, 2017

3D နဲ့ပရင့်ပြုလုပ်ခြင်းနည်းပညာဟာ အခုနောက်ပိုင်းမှာ အတော်ကြီးခေတ်စားလာခဲ့ပါတယ်။ လူပုံစံရုပ်တွေကစ လို့ အရာဝတ္ထူပုံတူတွေထုတ်လုပ်ခြင်း၊ အဆောက်အအုံပြုလုပ်ခြင်းတွေ တဖြည်းဖြည်းနဲ့ ပြလုပ်လာခဲ့တာဟာ အခုဆိုရင် 3D Print ထုတ်ပြီးဆောက်လုပ်ထားတဲ့ တံတားအဆင့်ထိတောင်ရောက်လာခဲ့ပါပြီ။ နယ်သာလန်နိုင်ငံ အရှေ့တောင်ပိုင်းမှာရှိတဲ့ ဂျီမတ်မြို့လေးမှာ တံတားအတိုလေးတံစင်းကို ပြုလုပ်ဖွင့်လှစ်ခဲ့တာပါ။ စက်ဘီးတွေစီးနင်းပြီးဖွင့်လှစ်ခဲ့တဲ့ ဒီပွဲမှာ Eindhoven…

အမေရိကန် လူမျိုးများဟာ Apple Products များကို ပိုမို စွဲလမ်းနေဟု စစ်တမ်းက ဖော်ပြ
Android, HUBS, Mobiles & Tablets
342 shares18 views

အမေရိကန် လူမျိုးများဟာ Apple Products များကို ပိုမို စွဲလမ်းနေဟု စစ်တမ်းက ဖော်ပြ

Ko Thuya - Oct 18, 2017

အမေရိကန် လူမျိုးများဟာ အခြား ထုတ်ကုန်များထက် Apple ထုတ်ကုန်များကို ပိုမို စွဲလမ်းနေတယ်လို့ စစ်တမ်းတစ်ခုက ဖော်ပြလိုက်ပါတယ်။ CNBC ရဲ့ All-American Economic စစ်တမ်းက ပျမ်းမျှအားဖြင့် အမေရိကန် အိမ်ထောင်စုတစ်ခုမှာ Apple ထုတ်ကုန် ၂.၆ ခု ပိုင်ဆိုင်တယ်လို့…

Most from this category