0 Shares 45 Views

ညစ်ညမ်းဝက်ဘ်ဆိုဒ်ပေါင်း ၄ သိန်းကျော်ကို ပါကစ္စတန် ပိတ်ပင်

Jan 29, 2016
0 45

ပါကစ္စတန်အစိုးရဟာ ညစ်ညမ်းအကြောင်းအရာတွေဖော်ပြတဲ့ဝက်ဘ်ဆိုဒ်ပေါင်း ၄ သိန်းကျော်ကို ပိတ်ပင်ဖို့အတွက် အင်တာနက်ကုမ္ပဏီတွေကို အင်္ဂါနေ့က အမိန့် ထုတ်ပြန်လိုက်ပါတယ်။

ယခုပိတ်ပင်မှုဟာ မူဆလင်အများစုနေထိုင်တဲ့နိုင်ငံအတွက် ‘ရိုင်းပြတဲ့အကြောင်းအရာတွေ”လို့ ပါကစ္စတန်အထက်တရားရုံးက သတ်မှတ်ထားတဲ့ အွန်လိုင်းအကြောင်းအရာတွေကို အစိုးရက နှိမ်နှင်းနေမှုအစီအစဉ် ရဲ့တစ်စိတ်တစ်ပိုင်းလည်းဖြစ်ပါတယ်။

ပါကစ္စတန်အထက်တရားရုံးအနေနဲ့ ယခုလအတွင်းမှာ ဘာသာရေးအကြည်အညိုပျက်စေတဲ့ အွန်လိုင်းအကြောင်းအရာတွေကို ပိတ်ပင်ဖို့အမိန့်ချခဲ့ပြီးနောက်၊ ယခုလို ညစ်ညမ်းဝက်ဘ်ဆိုဒ်အများအပြားကို ထပ်မံပိတ်ပင်လိုက်တာဖြစ်ပါတယ်။ လူမှုရေးအရအနည်းငယ်ရှေးရိုးစွဲဆန်တဲ့ ပါကစ္စတန်နိုင်ငံမှာ၊ ညစ်ညမ်းရုပ်ရှင်တွေဟာ ဥပဒေအရတရားမ၀င်ဖြစ်ပြီး၊ အစ္စလာမ်အယူဝါဒနဲ့ဆန့်ကျင်တယ်လို့ သတ်မှတ်ခံထားရပါတယ်။

“ IPS အင်တာနက်ဝန်ဆောင်မှုထောက်ပံ့တဲ့ကုမ္ပဏီတွေကို ညစ်ညမ်းအကြောင်းအရာတွေပါတဲ့ ၀က်ဘ်ဆိုဒ်ပေါင်း ၄ သိန်းကျော်ကို ပိတ်ပင်ဖို့ ညွှန်ကြားချက်ထုတ်ပြန်ပြီးသွားပါပြီ” လို့ အကြီးပိုင်းအစိုးရအရာရှိတစ်ဦးက AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

IPS ကုမ္ပဏီတွေရဲ့တာဝန်ရှိသူတွေကလည်း ဒီသတင်းကိုအတည်ပြုပေးခဲ့ပြီး၊ ယခုအခါ ၀က်ဘ်ဆိုဒ်တွေကို စတင်ပိတ်ပင်လျက်ရှိကာ၊ ၀က်ဘ်ဆိုဒ်အကုန် ပိတ်ပင်နိုင်ဖို့အတွက်တော့ အချိန်နည်းနည်းယူရမယ်လို့ ဆိုပါတယ်။

ပါကစ္စတန်နိုင်ငံဟာ အရင်ကလည်း Facebook နဲ့ Youtube အပါအ၀င် နာမည်ကြီးဝက်ဘ်ဆိုဒ်တွေကို ပိတ်ပင်ခဲ့ဖူးပါတယ်။

လွန်ခဲ့တဲ့အပတ်မှာ Youtube ပိတ်ပင်ထားမှုကို ရုပ်သိမ်းပေးခဲ့ပေမယ့် ၊ ပါကစ္စတန်နိုင်ငံအတွက် သီးသန့်ဖန်တီးထားတဲ့ Youtube ဆိုက်ကိုသာ ပါကစ္စတန်နိုင်ငံမှာ အသုံးပြုခွင့်ရရှိမှာဖြစ်ပြီး၊ အစိုးရက ကြိုက်သလိုဆင်ဆာဖြတ်ခွင့်ရှိနေပါတယ်။

Ref: Gadgets360

 

 

 

 

 

You may be interested

Amazon က ဈေးဝယ်သူများနောက်ကို လိုက်၍ ဖုန်း အားသွင်းပေးမယ့် စက်ရုပ်ကို ဖန်တီးနေ
NEWS, Tech Update
173 shares27 views

Amazon က ဈေးဝယ်သူများနောက်ကို လိုက်၍ ဖုန်း အားသွင်းပေးမယ့် စက်ရုပ်ကို ဖန်တီးနေ

Ko Thuya - Jul 22, 2017

Amzon က လေဆိပ်များ ၊ ဈေးဝယ်စင်တာများလို အများပြည်သူ နေရာများမှာ လူများရဲ့ နောက်သို့ လိုက်ပါ၍ ဖုန်းအားသွင်းပေးမယ့် စက်ရုပ် Patent ကို မှတ်ပုံတင်လိုက်ပါတယ်။ အဲဒီ စက်ရုပ်များမှာ အားသွင်းပေါက်များနဲ့ အားသွင်းကြိုးများကို တပ်ဆင်ပေးထားပါတယ်။ အချိန်အတော်ကြာ ဈေးဝယ်ထွက်သူများနဲ့ လေဆိပ်မှာ…

Walmart က ဈေးဝယ်သူများ စိတ်မကျေနပ်ဖြစ်ခြင်းကို သိနိုင်တဲ့ စမတ်ကင်မရာကို ဖန်တီးနေ
NEWS, Softwares & Application, Tech Update
93 shares15 views

Walmart က ဈေးဝယ်သူများ စိတ်မကျေနပ်ဖြစ်ခြင်းကို သိနိုင်တဲ့ စမတ်ကင်မရာကို ဖန်တီးနေ

Ko Thuya - Jul 22, 2017

ကမ္ဘာကျော် ဈေးဝယ်စင်တာ တစ်ခု ဖြစ်တဲ့ Walmart က ဈေးဝယ်သူများ စိတ်မကျေနပ်ဖြစ်ခြင်း၊ ဒေါသထွက်ခြင်းနဲ့ အခြား စိတ်မနှစ်မြို့ဖွယ်ရာ မျက်နှာ အမူအယာများကို ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ စမတ် ကင်မရာ နည်းပညာကို ဖန်တီးနေပါတယ်။ အဲဒီ နည်းပညာကို ငွေရှင်းတဲ့ ကောင်တာများအနီးမှာ တပ်ဆင်ထားတဲ့…

Facebook က Modular Smartphone ကို တီထွင်နေသလား ?
Mobiles & Tablets, NEWS
459 shares247 views

Facebook က Modular Smartphone ကို တီထွင်နေသလား ?

Ko Thuya - Jul 22, 2017

ယခင် DARPA ရဲ့ ဒါရိုက်တာ ဖြစ်သူ Regina Dugan ဦးဆောင်တဲ့ Facebook ရဲ့ Building 8 ဟာ လျှို့ဝှက်ဌာန ဖြစ်ပြီး အစိတ်အပိုင်းများကို ဖြုတ်လဲနိုင်တဲ့ Modular Smartphone ကို တီထွင်နေတယ်လို့ Business Insider…

Most from this category