0 Shares 38 Views

စမတ်ဖုန်းများကို ကြိုးမဲ့ အားသွင်းပေးမယ့် AOC PLS Monitor

Dec 12, 2016
0 38

စမတ်ဖုန်းများကို ကြိုးများဖြင့် ချိတ်ဆက် အားသွင်းဖို့ မလိုတဲ့အတွက် ကြိုးမဲ့ အားသွင်းစနစ်ဟာ အနာဂတ် အားသွင်းနည်းစနစ်ဖြစ်လာတော့မှာပါ။ စမတ်ဖုန်းများမှာ ကြိုးမဲ့ အားသွင်း နည်းပညာများကို ထည့်သွင်းလာကြပြီး Charging Plate များကိုလည်း တီထွင်လာကြပါတယ်။ ကြိုးမဲ့အားသွင်းနည်းပညာများထဲမှာ Qi Wireless Charging စံနှုန်းကို တွင်ကျယ်စွာ အသုံးပြုနေကြပါတယ်။ အခုတစ်ခါမှာတော့ Qi ကြိုးမဲ့အားသွင်းစနစ်ပါတဲ့ မော်နီတာတစ်ခုကို တီထွင်လိုက်ပါတယ်။
.
၂၇ လက်မအရွယ် မော်နီတာ ဖြစ်ပြီး AOC PLS Monitor လို့ အမည်ပေးထားပါတယ်။ သူဟာ Qi ကြိုးမဲ့အားသွင်းစနစ်ကို ထောက်ပံ့တဲ့ စမတ်ဖုန်း၊ တက်ဘလက်တို့လို ကိရိယာများကို အားသွင်းပေးနိုင်တဲ့ ပထမဆုံး မော်နီတာ ဖြစ်ပါတယ်။ မော်နီတာရဲ့ အောက်ခြေရှိ ဒေါက်တိုင်အပေါ်မှာ စမတ်ဖုန်း၊ တက်ဘလက်များကို တင်၍ အားသွင်းရမှာ ဖြစ်ပါတယ်။
.
မော်နီတာရဲ့ မျက်နှာပြင် Resolution ဟာ Full HD ဖြစ်ပြီး နေအိမ်နဲ့ ရုံးခန်းများမှာ အသုံးပြုဖို့ ပုံစံထုတ်ထားပါတယ်။ ယခုနှစ် ဒီဇင်ဘာလထဲမှာ ၂၄၉.၉၉ ဒေါ်လာဖြင့် ရောင်းချပေးမှာ ဖြစ်ပါတယ်။ မော်နီတာရဲ့ Qi ကြိုးမဲ့အားသွင်းစနစ်ဟာ Samsung Galaxy S5 , Galaxy S6 , Galaxy Edge Series , Motorola Droid Maxx, Google Nexus 4 ကနေ Nexus 7 , Nokia Lumia 920 ကနေ Lumia 1520 အထိ တွဲဖက် အသုံးပြုနိုင်ပါတယ်။

 

Ref : coolest-gadgets

 

Facebook Comments

You may be interested

Huawei က Panoramic Camera, Sports Band နဲ့ Bluetooth Headset များကို ပြသ
Audio & Video, Camera, NEWS
0 shares38 views

Huawei က Panoramic Camera, Sports Band နဲ့ Bluetooth Headset များကို ပြသ

Ko Thuya - May 29, 2017

Huawei က Panoramic Camera, Sports Band နဲ့ Bluetooth Headset များကို ပြသလိုက်ပါတယ်။ Huawei Panoramic Camera Huawei Panoramic Camera ဟာ ၃၆၀ ဒီဂရီ မြင်ကွင်းကျယ် ဓါတ်ပုံနဲ့ ဗီဒီယိုများ…

Huawei က အနောက် ကင်မရာ နှစ်လုံး ပါတဲ့ Nova 2 နဲ့ Nova 2 Plus တို့ကို မိတ်ဆက်
Mobiles & Tablets, NEWS
224 shares428 views

Huawei က အနောက် ကင်မရာ နှစ်လုံး ပါတဲ့ Nova 2 နဲ့ Nova 2 Plus တို့ကို မိတ်ဆက်

Ko Thuya - May 28, 2017

Huawei က စွမ်းဆောင်ရည်သင့် Nova 2 နဲ့ Nova 2 Plus တို့ကို မိတ်ဆက်လိုက်ပြီး စွမ်းဆောင်ရည်မြင့် P Series များနဲ့ ဆင်တူတဲ့အတွက် အလွန် လှပ ပါတယ်။ ထူးခြားတာက စွမ်းဆောင်ရည်သင့် ဖုန်းများမှာ အနောက်ကင်မရာ…

သင် Porn ကြည့်နေတာကို လူမမိအောင် ကာကွယ်ပေးမယ့် Minimeyes
Audio & Video, Gadgets, NEWS
192 shares946 views

သင် Porn ကြည့်နေတာကို လူမမိအောင် ကာကွယ်ပေးမယ့် Minimeyes

Ko Thuya - May 28, 2017

Minimeyes ဟာ အထူးပြုလုပ်ထားတဲ့ Motion Sensor တစ်ခု ဖြစ်ပြီး သင့် အခန်းထဲကို လူတစ်ယောက် ၀င်လာတာနဲ့ သင့် ကွန်ပြူတာ ဘရောက်စာ ၀င်းဒိုးနဲ့ အသံများကို ချက်ချင်း အလိုအလျှောက် ပိတ်ပေးနိုင်ပါတယ်။ အဲဒီ အတွက် သင့် ကွန်ပြူတာမှာ…

Most from this category