21 megapixel ကင်မရာနဲ့ လက်ဗွေရာဖတ်စနစ်တို့ပါရှိတဲ့ Lenovo Vibe X3 ဖုန်းထွက်ရှိ

Jan 28, 2016
0 8

လက်ဗွေရာဖတ်စနစ်နဲ့ 21 megapixel ကင်မရာပါရှိတဲ့ Lenovo Vibe X3 စမတ်ဖုန်းကို အိန္ဒိယနိုင်ငံမှာ စတင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း Lenovo ကုမ္ပဏီက ဗုဒ္ဓဟူးနေ့မှာ ကြေငြာခဲ့ပါတယ်။ အိန္ဒိယရူပီးငွေ ၁၉၉၉၉ (မြန်မာငွေ ၃၈၀၀၀၀ နီးပါး) ဈေးရှိပြီး ကြာသပတေးနေ့၊ နေ့လယ် ၂နာရီမှာ Amazon India ကနေ တဆင့်မှာယူဝယ်နိုင်ပြီဖြစ်ပါတယ်။

Lenovo ဟာ Vibe X3 စမတ်ဖုန်းကို လွန်ခဲ့တဲ့နှစ်လက တရုတ်နိုင်ငံမှာ စတင်မိတ်ဆက်ဖြန့်ချိခဲ့တာ ဖြစ်ပြီး၊ Vibe X3 စမတ်ဖုန်းရဲ့ဈေးထက်အနည်းငယ်သက်သာတဲ့ Vibe X3 ‘Youth’ စမတ်ဖုန်းလည်း  မကြာခင် အိန္ဒိယဈေးကွက်ထဲ စတင်ဝင်ရောက်တော့မှာဖြစ်ပါတယ်။

ကုမ္ပဏီရဲ့နာမည်ကျော် Vibe X စမတ်ဖုန်းစီးရီးရဲ့နောက်ဆုံးမျိုးဆက် Vibe X3 ဖုန်းဟာ မျက်နှာပြင် ၅.၅ လက်မရှိပြီး (1080×1920 pixels) IPS-LCD မျက်နှာပြင်ကိုသုံးစွဲထားတာကြောင့် ရုပ်ထွက်ပိုမို ကောင်းမွန်ပြီး၊ စွမ်းအင်သုံးစွဲမှုလည်းပိုနည်းပါတယ်။ ပွန်းရာခြစ်ရာတွေကနေကာကွယ်ပေးနိုင်မယ့် Corning Gorilla Glass ဖန်သားပြင်ကိုအသုံးပြုထားပြီးပါတယ်။

Lenovo Vibe X3 ဖုန်းရဲ့ နောက်ကျောဘက်ကင်မရာရဲ့အောက်မှာ လက်ဗွေရာဖတ်စနစ်ပါဝင်ပြီး၊ SIM နှစ်ကတ်ထိုးဖြစ်ပေမယ့်၊ hybrid SIM ကတ်အပေါက်ဖြစ်တာကြောင့်၊ microSD ကတ်နေရာမှာ SIM ကတ်ထိုးပြီးလည်း SIM နှစ်ကတ်ဖုန်းအဖြစ်သုံးနိုင်ပါတယ်။

4G ချိတ်ဆက်နိုင်ပြီး၊ hexa-core Snapdragon 808 ပရိုဆက်ဆာ၊ RAM 3GB ၊ နဲ့ ဖုန်းတွင်းဒေတာ သိမ်းထားနိုင်မှု 32 GB တို့ပါရှိပါတယ်။ 128 GB အထိရှိတဲ့ microSD ကတ်ပါ ထပ်စိုက်နိုင်တာကြောင့် ဒေတာအများအပြားသိမ်းထားနိုင်မှာပါ။

အထူးခြားဆုံးကတော့ LED flash မီးပါဝင်တဲ့ 21 megapixel ရှိကျောဘက်ကင်မရာဖြစ်ပြီး၊ 4K ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပါတယ်။ ရှေ့ကင်မရာကလည်း 8-megapixel တောင်ရှိတာကြောင့် selfie ကောင်းကောင်းရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

ဘက်ထရီက 3500 mAh ဘက်ထရီဖြစ်ပြီး၊ တရုတ်မှာဖြန့်ချိခဲ့တဲ့ Vibe X3 ဖုန်းထက်တော့ ဘက်ထရီ ပိုနည်းပါတယ်။ Bluetooth ၊ Wi-Fi ၊ NFC နည်းပညာတွေပါဝင်ပြီး၊ IR အနီအောက်ရောင်ခြည် blaster ပါဝင်တာကြောင့် အီလက်ထရောနစ်ပစ္စည်းတွေအတွက် ရီမုတ်ကွန်ထရိုးအဖြစ်ပါ သုံးစွဲနိုင်တဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။

လက်အမူအရာပုံစံနဲ့ထိန်းချုပ်နိုင်တဲ့ Gesture Control ၊ ဖုန်းမျက်နှာပြင်ကိုပုတ်လိုက်တာနဲ့ ဖန်သားပြင် လင်းလာမယ့် Tap-to-Wake ၊ စတဲ့ စွမ်းဆောင်ရည်တွေလည်း အများအပြားပါဝင်ပြီး၊ HD အသံ ပေးစွမ်းနိုင်တဲ့ Dolby Atmos စနစ်သုံး စပီကာနှစ်လုံးပါဝင်တာကြောင့် အကောင်းဆုံးဂီတသံတွေကို နားဆင်နိုင်မှာဖြစ်ပါတယ်။

Ref: Gadgets360

You may be interested

Asus ZenBook 3 ကို ဝေဖန်သုံးသပ်ခြင်း
ASUS, FEATURES, HUBS
0 shares0 views

Asus ZenBook 3 ကို ဝေဖန်သုံးသပ်ခြင်း

Ko Thuya - Feb 21, 2018

Asus ZenBook 3 ဟာ ZenBook များရဲ့ မျိုးဆက်သစ်ဖြစ်ပြီး Mobile Computing နယ်ပယ်ရဲ့ ရှေ့ခြေတစ်လှမ်းတိုးလာနိုင်တဲ့ ထုတ်ကုန် ဖြစ်ပါတယ်။ ဒီဇိုင်းအပိုင်းကို ပြင်ဆင်ဆန်းသစ်ထားပြီး အကောင်းဆုံး ZenBook ဖြစ်ပါတယ်။ ယခင်မျိုးဆက်များထက် ပိုမိုပေါ့ပါးပြီး ပါးလွှာလာပါတယ်။ ပိုမိုမာကျောပြီး စွမ်းရည်မြင့်လာပါတယ်။…

Sony Xperia XZ2 နဲ့ XZ2 Compact တိုရဲ့ စိတ်ဝင်စားစရာ specification လေးတွေ
Mobiles & Tablets, NEWS, Sony
144 shares41 views

Sony Xperia XZ2 နဲ့ XZ2 Compact တိုရဲ့ စိတ်ဝင်စားစရာ specification လေးတွေ

Ko Thuya - Feb 21, 2018

[Unicode] အခုဆို Sony Xperia XZ2 နဲ့ XZ2 Compact တို့ရဲ့ specification လေးတွေ သတင်းထွက်လာပါပြီး ဆွီဒင်နိုင်ငံက Android ဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Swedroid ကနေထွက်လာခဲ့တာဖြစ်ပြီး ဒီဖုန်းတွေထွက်ဖို့လည်း ရက်ပိုင်းလောက်ပဲလိုတော့တာပါ။ ဟန်းဆက် ၂မျိုးလုံးမှာ Snapdragon 845…

Fujifilm ရဲ့ ကင်မရာအသစ် ၃မျိုးကိုမြန်မာနိုင်ငံဈေးကွက်အတွင်းတင်သွင်း
Camera, Local News
67 shares11 views

Fujifilm ရဲ့ ကင်မရာအသစ် ၃မျိုးကိုမြန်မာနိုင်ငံဈေးကွက်အတွင်းတင်သွင်း

Nwe Oo Thant - Feb 21, 2018

[Zawgyi] ဓာတ်ပုံပိုင်းနဲ့ကင်မရာပိုင်းမှာ ဟိုးအရင်ကတည်းက နာမည်ကြီးခဲ့တဲ့ ဂျပန်ကုမ္ပဏီကတော့ Fujifilm ပါ။ အခုလည်း သူ့ရဲ့ X စီးရီးထုတ်ကုန်သစ် X-A5 နဲ့ X-H1, XP စီးရီးရဲ့ထုတ်ကုန်သစ် XP-130 တွေ မြန်မာနိုင်ငံဈေးကွက်ထဲရောက်လာပါပြီ။ ဒီမော်ဒယ်လ် ၃မျိုးထဲမှာမှ X-series ရဲ့…

Most from this category