0 Shares 47 Views

Sony ၏ PlayStation လုပ်ငန်းများကို Silicon Velley သို့ရွှေ့ပြောင်းမည်

Sony က သူတို့ရဲ့ PlayStation လုပ်ငန်းတွေကို Silicon Velley ကိုရွှေ့ပြောင်းပြီး ဂိမ်းလုပ်ငန်းတွေကို တစ်မိုးထဲမှာ ပေါင်းစည်းစေမှာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။ ဂျပန်ဖျော်ဖြေရေးနဲ့
နည်းပညာကုမ္ပဏီကြီးဟာ လာမယ့် ဧပြီလမှာ အခုလိုစတင်ပြောင်းရွှေ့မှာဖြစ်ပြီး Playstation, Hardware, Software နဲ့ Online လုပ်ငန်းတွေ အားလုံးကို စုပေါင်းပြီး Sony Interactive Entertainment ဆိုတဲ့
နာမည်သစ်နဲ့ ကုမ္ပဏီတည်ထောင်မှာဖြစ်ပါတယ်။

အသစ်ပြန်လည်ဖွဲ့စည်းမယ့် ကုမ္ပဏီမှာ Sony Computer Entertainment နဲ့ Sony Network Entertainment International ကုမ္ပဏီတွေကို အမေရိကန်ပြည်ထောင်စု၊ မြောက်ကယ်လီဖိုးနီးယားက San
Mateo မြို့မှာ အခြေစိုက်မှာ ဖြစ်ပါတယ်။ Playstation အတွက် ပုံရိပ်စစ်ခေါင်းစွပ်(Virtual Reality) ပြုလုပ်နေတဲ့ အဖွဲ့ အပါအဝင်၊ သီချင်းလွှင့်တင်ရေး၊ တီဗီ နဲ့ အွန်လိုင်းဂိမ်းလုပ်တဲ့အဖွဲ့ တွေကလည်း
အခုပြန်လည်ပေါင်းစည်းလိုက်တဲ့ အထဲမှာ ပါဝင်တာဖြစ်ပါတယ်။

နောက်ဆုံးထွက် Version ကိုထုတ်လုပ်ဖို့နောက်ကျနေချိန်မှာ ပြိုင်ဘက်တွေဖြစ်တဲ့ Microsoft နဲ့ Nintendo တို့က Xbox One နဲ့ Wii U တို့ကိုအသီးသီး ထုတ်လုပ်ခဲ့တာကြောင့် PlayStation ဂိမ်းအသစ်ကို
ထပ်မံထုတ်လုပ်ဖို့ဟာ Sony အတွက် အဓိကဖြစ်နေတာဖြစ်ပါတယ်။ ဆိုနီကွန်ပျူတာဖျော်ဖြေရေး (SCE) ကထုတ်ပြန်ချက်တွေအရ PlayStation 4 ဟာ ၁၉၉၄ ခုနှစ်တုန်းက ထုတ်လုပ်ခဲ့တဲ့ PS
ပထမမျိုးဆက်တွေရဲ့နောက်ပိုင်းမှာ အမြန်ဆုံးနဲ့ အကောင်းဆုံး ဖြစ်ထားတာကိုတွေ့ခဲ့ရပါတယ်။

တစ်ကမ္ဘာလုံးမှာ PlayStation 4 စက်ပေါင်း သန်းသုံးဆယ်ကျော်ဆော့ကစားနေတယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကထုတ်ပြန်ခဲ့ပါတယ်။ PS4 ရော Xbox One ရောဟာ ၂၀၁၃ ခုနှစ်တုန်းက တစ်နှစ်ထဲ
ထုတ်လုပ်ခဲ့တာဖြစ်ပြီး PlayStation ဂိမ်းတွေကိုတော့ SCE ကိုတည်ထောင်ပြီး တစ်နှစ်အကြာ ၁၉၉၄ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

Ref: Gadgets360

You may be interested

ဝန်ထမ်းတွေရဲ့ ကိုယ်ထဲကို Micro Chips တွေ ထည့်သွင်းခဲ့လို့ ဝေဖန်ခံနေရတဲ့ နည်းပညာကုမ္ပဏီ
Chipset, Knowledge, Mobiles & Tablets
360 shares568 views

ဝန်ထမ်းတွေရဲ့ ကိုယ်ထဲကို Micro Chips တွေ ထည့်သွင်းခဲ့လို့ ဝေဖန်ခံနေရတဲ့ နည်းပညာကုမ္ပဏီ

zayarsan - Jul 25, 2017

ဝန်ထမ်းဦးရေ အယောက် ၅၀ သာ ရှိပေမယ့် အမေရိကန်ကုမ္ပဏီလောကမှာတော့ ၀န်ထမ်းတွေရဲ့ ခန္ဓာကိုယ်ထဲကို MicroChips တွေ ကနဦး ထည့်သွင်းခဲ့တဲ့ ကုမ္ပဏီ ဖြစ်လာပြီး အခုအချိန်မှာတော့ အဲဒီ ကိစ္စရပ်အတွက် ဝေဖန်မှုပေါင်းများစွာ နဲ့ ရင်ဆိုင်နေရပြီး လူ့အခွင့်အရေး အဖွဲ့အစည်းများစွာကလည်း တရားစွဲဖို့အထိ…

Code ရေးနည်း သင်ပေးမယ့် အခမဲ့ ဂိမ်း (၉) ခု
FEATURES, Games, Softwares & Application
517 shares328 views

Code ရေးနည်း သင်ပေးမယ့် အခမဲ့ ဂိမ်း (၉) ခု

Ko Thuya - Jul 25, 2017

ဒီနေ့ခေတ်မှာ သင် ၀ါသနာ ပါတဲ့ ပညာရပ်များကို အွန်လိုင်းကနေ သင်ကြားနိုင်ပါပြီ။ Programming ကို လေ့လာချင်သူများအတွက်လည်း အွန်လိုင်းမှာ သင်တန်းများ၊ ၀က်ဆိုက်များစွာ ရှိနေပါပြီ။ ကုဒ်ရေးနည်း သင်ပေးတဲ့ အခမဲ့ ဂိမ်းများတောင် ပေါ်နေပါပြီ။ ဂိမ်းတစ်ခုထဲကနေ ကွန်ပြူတာ ဘာသာစကားများကို ပြည့်စုံအောင်…

ASUS က ZenFone 4 ရဲ့ ဓါတ်ပုံအရည်အသွေး ကို ၀င့်ဝင့်ကြွားကြွား ထုတ်ဖော်ပြခဲ့
ASUS, Gadgets, HUBS
274 shares197 views

ASUS က ZenFone 4 ရဲ့ ဓါတ်ပုံအရည်အသွေး ကို ၀င့်ဝင့်ကြွားကြွား ထုတ်ဖော်ပြခဲ့

zayarsan - Jul 25, 2017

ရုရှနိုင်ငံမှာ ZenFone 4 Max ကို စတင်လွှင့်ထုတ်ခဲ့ပြီးနောက် ASUS ဟာ သူရဲ့ ဗားရှင်း ZenFone 4 ရဲ့ ကင်မရာ အရည်အသွေးကို ၀င့်ဝင့်ကြွားကြွားပဲ ထုတ်ဖော်ပြသခဲ့တယ် လို့ ဆိုပါတယ်။ ထုတ်ဖော်ပြခဲ့တဲ့ ဓါတ်ပုံတွေအရ ZenFone 4…

Most from this category