0 Shares 219 Views

အကောင်းစား စမတ်ဖုန်း ကင်မရာ ၃ ခုကို နှိုင်းယှဉ် သုံးသပ်ခြင်း

Dec 10, 2016
0 219

စမတ်ဖုန်းကင်မရာများဟာ အဆင့်မြင့်လာကြပြီး ရုပ်ရှင်၊ ဗီဒီယိုတွေကိုတောင် ရိုက်ကူးလာကြပါတယ်။ စမတ်ဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီများကလည်း ကင်မရာ စွမ်းရည်ကို ပြိုင်ဘက်များထက် သာအောင် အပြိုင်အဆိုင် တီထွင်လာကြပါတယ်။ အခုဆိုရင် အနောက်ကင်မရာ ၂ လုံး ပူးတွဲ တပ်ဆင်ထားတဲ့ စမတ်ဖုန်းများ ခေတ်စားနေပါတယ်။  စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများဖြစ်တဲ့ Apple iPhone 7 Plus , LG V20 နဲ့ Google Pixel တို့ကို ကာလရှည်ကြာ စမ်းသပ်ကိုင်တွယ်ခဲ့ပြီး အဒီအထဲက အကောင်းဆုံး စမတ်ဖုန်း ကင်မရာကို ရွေးထုတ်ပြချင်ပါတယ်။
27021490093_0777fc173c_b-780x439

iPhone 7 Plus နဲ့ LG V20 တို့ရဲ့ အနောက်ဘက်မှာ ကင်မရာ ၂ လုံးစီ တပ်ဆင်ထားတဲ့အတွက် အနောက်ကင်မရာ ၁ လုံးထဲပါတဲ့ စမတ်ဖုန်းထက် စွမ်းဆောင်ချက် ပိုများပါတယ်။ ဒီနှစ်ထဲမှာတော့ အနောက်ကင်မရာ ၂ လုံး အတွဲအစပ်ဟာ ခေတ်စားနေပြီး ၂၀၁၇ ခုနှစ်မှာ ပိုအရှိန်မြင့်လာမှာပါ။ ကင်မရာ ၂ လုံးအတွဲအစပ်ကို အသုံးချတဲ့ LG နဲ့ Apple နည်းလမ်းများကတော့ ကွဲပြားပါတယ်။

အဲဒီအတွက် ဘယ်ကုမ္ပဏီက ဘယ်လမ်းကြောင်းကို သွားနေလဲဆိုတာ လေ့လာဖို့ လိုပါတယ်။ သင် ဓါတ်ပုံ ရိုက်တဲ့ အလေ့အထအပေါ် မူတည်ပြီး သင့်တော်တဲ့ ကင်မရာကို ရွေးချယ်ရမှာပါ။ Apple က Zoom စွမ်းရည်တိုးတက်ဖို့ အနောက်ကင်မရာ ၂ လုံးကို ပေါင်းစပ် အသုံးချပါတယ်။ iPhone 7 Plus ဟာ သုံးဖူးသမျှဖုန်းထဲမှာ အကောင်းဆုံးနဲ့ အညက်ညောဆုံး Zoom ကို ပံ့ပိုးပေးပါတယ်။ နောက်တစ်ချက်က DSLR နဲ့ ရိုက်မှ ရတဲ့ DoF (Depth of Field) Effect ကို iPhone 7 Plus က ရိုက်ပေးနိုင်ပါတယ်။ ကင်မရာ ၂ လုံးက မတူညီတဲ့ Depth Data ကို ဖမ်းယူပါတယ်။ Foreground ကို ကြည်လင်ပြတ်သားစွာ ဖန်တီးပြီး Background ကိုတော့ Blur ဖြစ်အောင် ပြုလုပ်ပါတယ်။ ဒါပေမယ့် Apple ရဲ့ နည်းပညာဟာ အစောပိုင်းအဆင့်မှာသာ ရှိပါသေးတယ်။ အလင်းရောင်နည်းပါးတဲ့ နေရာများမှာ Camera App က DoF Effect အတွက် အလင်းနည်းလွန်းတယ်လို့ သတိပေးပါတယ်။

phone_banner

Google ကလည်း ဒီလို ရိုက်နိုင်တဲ့ စွမ်းဆောင်ချက်ကို Pixel မှာ ထည့်ပေးထားပါတယ်။ ဒါပေမယ့် ရိုက်ချင်တဲ့ အရာဝတ္ထု ပတ်လည်ကို ကင်မရာ မြင်ကွင်း ရွှေ့ပေးရပါတယ်။ အဲဒီနောက်မှာ App က Depth Data ကို တွက်ချက်ပြီး ဓါတ်ပုံ ဖန်တီးပါတယ်။ Pixel မှာ ကင်မရာ ၁ လုံးပဲ ပါပြီး သုံးဖက်မြင် ဒေတာ လိုအပ်လို့ ဒီလိုလုပ်ရတာပါ။ Apple DoF ထက် အလုပ်ပိုရှုပ်ပါတယ်။ Google က အလင်းရောင်နည်းပါးတဲ့ အချိန်မှာ အဆင်ပြေအောင် ဖန်တီးထားပါတယ်။ Pixel ဟာ ကင်မရာ သုံးလုံးထဲမှာ အမြန်ဆုံး ဓါတ်ပုံရိုက်ပေးနိုင်ပြီး Exposure , Color Depth, Dynamic Range အပိုင်းမှာ အရည်အသွေးမြင့်မားပါတယ်။

lg-v20-6334-001

LG G5 နဲ့ V20 မှာ Standard High-Resolution f/1.8 12MP Camera နဲ့ Wide Angle f/2.4 8MP Camera ၂ လုံးကို အနောက်ဘက်မှာ ပူးတွဲတပ်ဆင်ထားပါတယ်။ EIS ( Electronic Image Stabilization ) အစား OIS (Optical Image Stabilization ) ကို သုံးထားပါတယ်။ G5 ထက် V20 ကို အသားပေးပြောရသလဲဆိုရင် G5 မှာတောင် မပါတဲ့ Selfie Camera ၂ လုံး တပ်ဆင်ထားလို့ပါ။ Apple ကတော့ 12MP Camera ၂ လုံးကို သုံးထားပါတယ်။ Pixel မှာတော့ ကင်မရာ ၂ လုံး မပါပါဘူး။ အခြား ကင်မရာ ၂ လုံးမှာ ပါတဲ့ OIS လည်း မပါပါဘူး။ ဒါဟာ အလင်းရောင်နည်းတဲ့ နေရာမှာ ရလဒ် မကောင်းတတ်ပါဘူး။ ဒါပေမယ့် Google ရဲ့ အလွန် စွမ်းရည်မြင့်တဲ့ HDR+ Algorithm ကြောင့် ကင်မရာ ၂ လုံး နဲ့ OIS မပါတာတောင် ကျန်တဲ့ ဖုန်း ၂ လုံးကို ကဏ္ဍအများစုမှာ ယှဉ်ပြိုင်နိုင်ပါတယ်။

LG V20 ဟာ စာရေးသူ အမြင်အရ iPhone 7 Plus , Google Pixel တို့ထက် ပိုကောင်းပါတယ်။ သာမာန်အခြေအနေမှာ LG ကင်မရာဟာ iPhone , Galaxy S7, Pixel တို့နဲ့ ယှဉ်နိုင်ပါတယ်။ LG V20 ရဲ့ အားသာချက်ကတော့ အခြား ဖုန်းများထက် အသေးစိတ်ကျတဲ့ ဓါတ်ပုံများကို ရိုက်ကူးပေးနိုင်လို့ပါ။

KTY
Ref : Forbes

 

Facebook Comments

You may be interested

iDevices တွေအတွက် 256GB flash drive နဲ့ wireless stick တွေကို SanDisk မိတ်ဆက်
NEWS, Storage Devices
0 shares0 views

iDevices တွေအတွက် 256GB flash drive နဲ့ wireless stick တွေကို SanDisk မိတ်ဆက်

Thoe Gyi - Feb 28, 2017

စပိန်နိုင်ငံ ဘာစီလိုနာမှာ ကျင်းပပြုလုပ်လျက်ရှိနေတဲ့ MWC 2017 မှာ storage device တွေကို ထုတ်လုပ် အောင်မြင်နေတဲ့ SanDisk ကလည်းပါဝင်ပြသလျက်ရှိပြီး iPhone နဲ့ iPad တွေအတွက် external storage အဖြစ်သုံးနိုင်မယ့် 256GB iXpand Flash…

Mobile World Congress 2017 ရဲ့ နောက်ဆုံးရ သတင်းများ
ASUS, BlackBerry, FEATURES
0 shares0 views

Mobile World Congress 2017 ရဲ့ နောက်ဆုံးရ သတင်းများ

Ko Thuya - Feb 28, 2017

Android Fans တွေအတွက် အထင်ကရ နိုင်ငံတကာ နည်းပညာ ပြပွဲများအတွက် ပြက္ခဒိန်မှာ မှတ်သားရမယ့် နေ့ရက် ၃ ခုပဲ ရှိပါတယ်။ အဲဒါတွေကတော့ လတ်စ်ဗီးဂတ်စ်မှာ ကျင်းပတဲ့ CES (Consumer Electronics Show ) , ဘာလင်မှာ…

(၂၀၁၆) ခုနှစ်ရဲ့ အကောင်းဆုံး စမတ်ဖုန်းဆုရခဲ့တဲ့ Samsung Galaxy S7 edge
Android, HUBS, Mobiles & Tablets
0 shares0 views

(၂၀၁၆) ခုနှစ်ရဲ့ အကောင်းဆုံး စမတ်ဖုန်းဆုရခဲ့တဲ့ Samsung Galaxy S7 edge

Thoe Gyi - Feb 28, 2017

Samsung အတွက် ဂုဏ်ယူစရာဖြစ်သလို Samsung ပရိသတ်တွေအတွက် ပျော်ရွှင်ရမယ့် သတင်းတစ်ရပ် ထွက်ပေါ်လာပါတယ်။ MWC မှာ နှစ်စဉ် ချီးမြင့်နေကြဖြစ်တဲ့ Glomo (Global Mobile) Awards ဆုချီးမြှင့်ပွဲမှာ Samsung Galaxy S7 Edge က (၂၀၁၆)…

Most from this category