လေထဲအပြင် ရေပေါ်၊ရေအောက်မှာပါပျံသန်းနိုင်တဲ့ Loon Copter မောင်းသူမဲ့လေယာဉ်

Jan 28, 2016
0 5

ရေအောက်မှာပျံသန်းနိုင်တဲ့ဒရုန်းတွေကို ကျွန်တော်တို့မြင်တွေ့ခဲ့ကြပြီးပါပြီ။ ဒါပေမယ့် ရေထဲမှာကော၊ရေအောက်မှာပါ ပျံသန်းသွားလာနိုင်တဲ့ဒရုန်းမျိုးကတော့ မတွေ့မိသလောက်ရှားပါတယ်။

Loon Copter လို့ခေါ်တဲ့ ယခုဒရုန်းကတော့ လေထဲမှာပျံသန်းနိုင်သလို၊ ရေမျက်နှာပြင်ပေါ်မှာလည်းမောင်းနှင်နိုင်ပြီး၊ ရေအောက်ထဲပါ ငုပ်လျှိုးပျံသန်းနိုင်ပါတယ်။

Oakland တက္ကသိုလ်က တီထွင်ခဲ့တဲ့ဒရုန်းလေယာဉ်ဖြစ်ပြီး၊ Loon Copter ဟာ လေထဲမှာတော့ တခြားမောင်းသူမဲ့ဒရုန်းလေယာဉ်တွေလို ပျံသန်းနိုင်ပါတယ်။

ရေမျက်နှာပြင်ပေါ်ဆင်းသွားတဲ့အခါမှာ၊ ဒရုန်းကိုယ်ထည်မှာတပ်ဆင်ထားတဲ့အခန်းငယ်က လေယာဉ်ကို ရေပေါ်ပေါ်နေအောင် ပြုလုပ်ထားပြီး ထိုအခန်းငယ်ထဲကို ရေဖြည့်သွင်းလိုက်တာနဲ့ ရေထဲငုပ်လျှိုးသွားနိုင်မှာဖြစ်ပါတယ်။ ထို့နောက်မှာတော့ Loon Copter ဒရုန်းကို တစ်စောင်းအနေအထားနဲ့ ရေအောက်ထဲ မောင်းနှင်သွားနိုင်မှာပါ။

ရေပေါ်ပျံတက်လိုတဲ့အခါမှာလည်း ရေထည့်အခန်းငယ်ထဲက ရေတွေကို ပြန်လည်မှုတ်ထုတ်ပြီး ရေမျက်နှာပြင်ပေါ်ပြန်တက်နိုင်ပါတယ်။

Loon Copter ဒရုန်းလေယာဉ်ဟာ နှစ်စဉ်နှစ်တိုင်းဒူဘိုင်းမြို့မှာကျင်းပလေ့ရှိတဲ့ ဒရုန်းပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အထိရောက်ရှိခဲ့တဲ့ ဒရုန်းတစ်စီးဖြစ်ပါတယ်။

ဝေဟင်၊ရေပြင်နဲ့ရေအောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေမှာ ယခုဒရုန်းကိုအသုံးပြုသွားဖို့ရှိပြီး၊ရေငုပ်သဘောင်္တစ်စီးထက်တောင် ရေအောက်မှာအမြန်မောင်းနှင်နိုင်တယ်လို့ သိရှိရပါတယ်။

Ref: mashable

You may be interested

အကောင်းဆုံး စမတ်ဖုန်း ကင်မရာများအဖြစ် ရွေးချယ်ခံရတဲ့ iPhone 8 နဲ့ iPhone 8 Plus
Camera, Mobiles & Tablets, NEWS
0 shares0 views

အကောင်းဆုံး စမတ်ဖုန်း ကင်မရာများအဖြစ် ရွေးချယ်ခံရတဲ့ iPhone 8 နဲ့ iPhone 8 Plus

Ko Thuya - Sep 23, 2017

iPhone 8 နဲ့ iPhone 8 Plus တို့ကို ၂၂ ရက်နေ့မှာ စတင်ရောင်းချပေးလိုက်ပါတယ်။ စမတ်ဖုန်း ကင်မရာများကို အကဲဖြတ်စမ်းသပ်တဲ့ DxOMark က iPhone 8 ၂ လုံးရဲ့ ကင်မရာများကို စမ်းသပ်ခဲ့ပြီးနောက်မှာ အကောင်းဆုံး စမတ်ဖုန်း…

မောင်းသူမဲ့ ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံလိုက်တဲ့ Baidu
Automobiles, NEWS
110 shares17 views

မောင်းသူမဲ့ ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံလိုက်တဲ့ Baidu

Ko Thuya - Sep 23, 2017

တရုတ်နိုင်ငံရဲ့ Google လို့ တင်စားခြင်းခံရတဲ့ Baidu က စက်ရုပ်ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံမယ်လို့ ကြေညာလိုက်ပါတယ်။ သူ့ရဲ့ Apollo Fund စီမံကိန်းကနေ လာမယ့် ၃ နှစ်အတွင်းမှာ မောင်းသူမဲ့ ကား စီမံကိန်း ၁၀၀…

ရာဇ၀တ်မှုကို တိုက်ဖျက်ပေးမယ့် လုံခြုံရေး စက်ရုပ်
NEWS, Security & Safety
83 shares10 views

ရာဇ၀တ်မှုကို တိုက်ဖျက်ပေးမယ့် လုံခြုံရေး စက်ရုပ်

Ko Thuya - Sep 23, 2017

လုံခြုံရေး စက်ရုပ်များကို တီထွင်နေတဲ့ Knightscope Company က စက်ရုပ်အသစ်များကို ပြသလိုက်ပါတယ်။ စက်ရုပ်များကို K7 လို့ အမည်ပေးထားပြီး ဘီးလေးဘီး တပ်ဆင်ထားပါတယ်။ K7 ဟာ ၅ ပေကျော် အရပ်မြင့်ပြီး ၇ ပေနီးပါး အရှည်ရှိပါတယ်။ စက်ရုပ်ဟာ…

Most from this category