0 Shares 426 Views

ဆယ်ကျော်သက်တွေ သုံးနေကျ လျှို့ဝှက် message code များ

Dec 09, 2016
0 426

ဆယ်ကျော်သက်လူငယ်တွေ အနေနဲ့ ချစ်သူနဲ့ ဖြစ်စေ သူငယ်ချင်းတွေနဲ့ ဖြစ်စေ message ပို့တဲ့အခါ လျှို့ဝှက် message code တွေကို အသုံးပြုလေ့ရှိကြပါတယ်။

အိမ်မှာရှိနေတဲ့အခါမျိုးမှာ အပြန်အလှန် message ပို့နေတဲ့အခါ အနီးအနားမှာ မိဘတွေရှိနေတဲ့အတွက် လွတ်လွတ်လပ်လပ် ပို့လို့မရတာကို တစ်ဖက်က သိစေဖို့အတွက် အချင်းချင်း စကားဝှက်အဖြစ် အတိုကောက် code တွေထားရှိထားကြပါတယ်။ မြန်မာနိုင်ငံကလူငယ်တွေ လေ့လာနိုင်ဖို့နဲ့ လူကြီးမိဘတွေ သိရှိစေဖို့အတွက် နိုင်ငံတကာက လူငယ်တွေ အသုံးပြုနေကျ လျှို့ဝှက် message code အချို့ကိုပြပေးလိုက်ပါတယ်။

gettyimages-575504487

GYPO

ဒါကတော့ sex chat တဲ့ အခါသုံးတဲ့ code တစ်ခုဖြစ်ပါတယ်။ Get Your Pants Off လို့ အဓိပ္ပါယ်ရပါတယ်။

GNOC

GYPO ရဲ့ နောက်တစ်ဆင့်ပါ။ Get Naked On Camera လို့ဆိုလိုတာပါ။

CU46

ဒါကတော့ See You For Sex လို့ပြောတာဖြစ်ပါတယ်။

PIR

တစ်ဖက်က အပေါ်ကလိုမျိုး sex chat တဲ့ စကားတွေပြောလာတဲ့အခါမျိုးမှာ မိမိဘက်က ပြန်ပြောဖို့ အခြေအနေမလှရင် သုံးတဲ့ code ပါ။ Parents are in the room (အခန်းထဲမှာ မိဘတွေရှိတယ်) လို့ ဆိုလိုတာဖြစ်ပါတယ်။

POS

PO ဆိုတဲ့ နှစ်လုံးကို ရုတ်တရတ်မြင်လိုက်တာနဲ့ Piece Of … လို့ထင်နိုင်ပါတယ်။ တကယ်တော့မဟုတ်ပါဘူး။ Parent Over Shoulder (မိဘတွေကြည့်နေတယ်) လို့ ဆိုလိုတာဖြစ်ပါတယ်။

Image result for teen secret message code

ROTFL

ဒါကတော့ POS နဲ့ အသုံးအနှုန်းတူပါတယ်။ Right Over There, Father Lurks (အဖေအကဲခတ်နေတယ်) လို့ဆိုလိုတာပါ။

LOL

LOL ကို လူတိုင်းသိတာက Laugh Out Loud ဖြစ်ပါတယ်။ ဒါပေမယ့် လူငယ်တွေအချင်းချင်းကတော့ Lizards On Lookout(အန္တရာယ်ရှိတယ်သတိထားပြီးပြော) လို့ဆိုလိုတာပါ။

WTF

WTF ကိုလည်း လူတိုင်းက What the Fuck လို့ပဲ သိထားကြပါတယ်။ ဒီနေရာမှာတကယ်ဆိုလိုတာက message ပို့ရတာ မလွတ်မလပ်ဖြစ်နေရတာကိုသိစေဖို့အတွက် Winds Tunning Frigid(လေစိမ်းတွေတိုက်နေတယ်၊ရာသီဥတုမသာယာဘူး) လို့ အချက်ပြတာဖြစ်ပါတယ်။

Ref: Cnet

Facebook Comments

You may be interested

သင့် စမတ်ဖုန်းကို လုံခြုံစေဖို့ အကောင်းဆုံး နည်းလမ်း
FEATURES, Mobile & Tablets, Softwares & Application
123 shares176 views

သင့် စမတ်ဖုန်းကို လုံခြုံစေဖို့ အကောင်းဆုံး နည်းလမ်း

Ko Thuya - May 25, 2017

သင့် စမတ်ဖုန်းကို လုံခြုံစေဖို့ အကောင်းဆုံး နည်းလမ်း က ဘာလဲလို့ မေးရင် အဖြေကတော့ အလွန် ရိုးရှင်းပါတယ်။ အဲဒါက စကရင်ကို Lock လုပ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် စမတ်ဖုန်း ပိုင်ရှင် အများစုဟာ အခြေခံကျပြီး အစွမ်းထက်တဲ့ လုံခြုံရေးကို…

Vivo V5 ကို ဝေဖန်သုံးသပ်ခြင်း
FEATURES, HUBS, Mobile & Tablets
167 shares248 views

Vivo V5 ကို ဝေဖန်သုံးသပ်ခြင်း

Ko Thuya - May 25, 2017

Vivo V5 ဟာ Selfie အထူးပြု စမတ်ဖုန်း ဖြစ်ပြီး အရှေ့ဘက်မှာ 20MP Camera တပ်ဆင်ထားပါတယ်။ အနောက်ကင်မရာကလည်း အရည်အသွေး ကောင်းမွန်ပါတယ်။ Chipset က စွမ်းရည်သင့်တင့်ပါတယ်။ HD Display သာ တပ်ဆင်ထားတာက အားနည်းတယ်လို့ ထင်ပါတယ်။…

အူရီဒူးမြန်မာမှ လုံခြုံစိတ်ချရပြီး ပိုမိုမြန်ဆန်သည့် သီးသန့် ကွန်ရက် IP-VPN ဝန်ဆောင်မှု စတင်
HUBS, Local, Local News
87 shares110 views

အူရီဒူးမြန်မာမှ လုံခြုံစိတ်ချရပြီး ပိုမိုမြန်ဆန်သည့် သီးသန့် ကွန်ရက် IP-VPN ဝန်ဆောင်မှု စတင်

Thoe Gyi - May 25, 2017

အူရီဒူးမြန်မာအနေဖြင့် စီးပွားရေးလုပ်ငန်းကြီးများအတွက် မြန်ဆန်သည့် အင်တာနက်ဖြင့် IP-VPN ဝန်ဆောင်မှုကို စတင် ၀န်ဆောင်မှုပေးလိုက်ပြီဖြစ်ကြောင်းသိရသည်။ IP-VPN သည် ကုမ္ပဏီတစ်ခု (သို့) အဖွဲ့အစည်းတစ်ခုအတွက် ရုံးချုပ်နှင့် မြန်မာနိုင်ငံတစ်ဝှမ်း နယ်မြေဒေသအသီးသီးတွင်ရှိသည့်  ရုံးခွဲများအား အချိန်တိုင်းအစဉ်မပြတ် သီးသန့်ကွန်ရက်ဖြင့် အဆက်အသွယ်ရှိနေစေနိုင်မည့် ၀န်ဆောင်မှုဖြစ်ပြီး ယင်း ဝန်ဆောင်မှုသည် လူအများစုမှတစ်ပြိုင်နက်ချိတ်ဆက်အသုံးပြုနိုင်ခြင်း၊…

Most from this category