0 Shares 107 Views

(၂၀၁၇) မှာ ထွက်ရှိမယ့် laptop တွေဟာ စမတ်ဖုန်းတွေနဲ့ ဆင်တူလာနိုင်

Dec 08, 2016
0 107

လက်ရှိ နည်းပညာလောထဲက high-end ဖုန်းတွေနဲ့ tablet တွေမှာ အသုံးပြုတဲ့ Qualcomm ရဲ့ နောက်ဆုံးထွက် processor ဟာ Windows 10 နဲ့ အဆင်ပြေစွာတွဲဖက်အသံနိုင်မှာဖြစ်တဲ့အတွက် လာမယ့် (၂၀၁၇) မှာထွက်ရှိမယ့် laptop တွေဟာ စမတ်ဖုန်းတွေနဲ့ ပိုမိုဆင်တူလာနိုင်တယ်လို့ CNET မှာ ဖော်ပြပါတယ်။

snapdragon835

Microsoft ရဲ့ Windows 10 devices တွေဟာ Snapdragon 835 processor နဲ့ တွဲဖက်တော့မှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ Microsoft ရဲ့ Windows Hardware Engineering Community event မှာ  Qualcomm က ကြေညာခဲ့တာဖြစ်ပြီး ဒီ chip ဟာ Gigabit LTE connectivity နဲ့ ဘက်ထရီ ကို နှစ်ဆနီးပါး ကြာရှည်ခံစေဖို့ ထောက်ပံ့ပေးမှာဖြစ်တယ်လို့သိရပါတယ်။

ဒါဟာ ဖုန်းတွေ၊ တက်ဘလက်တွေနဲ့ ကွန်ပျူတာတွေကြားက ကွာခြားမှုတွေကို ပိုမိုနီးစပ်လာစေမှာ ဖြစ်ပြီး Qualcomm ရဲ့ စွမ်းဆောင်ရည်မြင့်မားတဲ့ chip ရဲ့ ထောက်ပံ့မှုကြောင့် အနာဂတ် Laptop တွေကို ဖုန်းတစ်လုံးလိုမျိုး တစ်ချိန်လုံး ဖွင့်ထားပြီး အင်တာနက်ချိတ်ဆက် အသုံးပြုထားနိုင်မှာဖြစ်ပါတယ်။

အခုလိုမျိုး ဖုန်း တစ်လုံးလို ပါဝါမပိတ်ဘဲ အသုံးပြုလိုရပြီဖြစ်တဲ့အတွက် ပန်ကာမလိုအပ်ဘဲ ပိုမိုသေးငယ်တဲ့ ဒီဇိုင်းတွေနဲ့ touchscreen laptop တွေကို ပိုမိုမျှော်လင့်နိုင်ပြီဖြစ်ပါတယ်။

Microsoft ရဲ့ ဒုတိယ ဥက္ကဌဖြစ်သူ Terry Myserson က “ Windows 10 ကို Qualcomm ရဲ့ နည်းပညာ ARM ecosystem ဆီ ခေါ်ဆောင်နိုင်ခဲ့တဲ့အပေါ် စိတ်လှုပ်ရှားမိပါတယ်“ လို့ ပြောကြားခဲ့ပါတယ်။

Ref: CNET

Facebook Comments

You may be interested

Huawei က Panoramic Camera, Sports Band နဲ့ Bluetooth Headset များကို ပြသ
Audio & Video, Camera, NEWS
0 shares38 views

Huawei က Panoramic Camera, Sports Band နဲ့ Bluetooth Headset များကို ပြသ

Ko Thuya - May 29, 2017

Huawei က Panoramic Camera, Sports Band နဲ့ Bluetooth Headset များကို ပြသလိုက်ပါတယ်။ Huawei Panoramic Camera Huawei Panoramic Camera ဟာ ၃၆၀ ဒီဂရီ မြင်ကွင်းကျယ် ဓါတ်ပုံနဲ့ ဗီဒီယိုများ…

Huawei က အနောက် ကင်မရာ နှစ်လုံး ပါတဲ့ Nova 2 နဲ့ Nova 2 Plus တို့ကို မိတ်ဆက်
Mobiles & Tablets, NEWS
224 shares428 views

Huawei က အနောက် ကင်မရာ နှစ်လုံး ပါတဲ့ Nova 2 နဲ့ Nova 2 Plus တို့ကို မိတ်ဆက်

Ko Thuya - May 28, 2017

Huawei က စွမ်းဆောင်ရည်သင့် Nova 2 နဲ့ Nova 2 Plus တို့ကို မိတ်ဆက်လိုက်ပြီး စွမ်းဆောင်ရည်မြင့် P Series များနဲ့ ဆင်တူတဲ့အတွက် အလွန် လှပ ပါတယ်။ ထူးခြားတာက စွမ်းဆောင်ရည်သင့် ဖုန်းများမှာ အနောက်ကင်မရာ…

သင် Porn ကြည့်နေတာကို လူမမိအောင် ကာကွယ်ပေးမယ့် Minimeyes
Audio & Video, Gadgets, NEWS
192 shares946 views

သင် Porn ကြည့်နေတာကို လူမမိအောင် ကာကွယ်ပေးမယ့် Minimeyes

Ko Thuya - May 28, 2017

Minimeyes ဟာ အထူးပြုလုပ်ထားတဲ့ Motion Sensor တစ်ခု ဖြစ်ပြီး သင့် အခန်းထဲကို လူတစ်ယောက် ၀င်လာတာနဲ့ သင့် ကွန်ပြူတာ ဘရောက်စာ ၀င်းဒိုးနဲ့ အသံများကို ချက်ချင်း အလိုအလျှောက် ပိတ်ပေးနိုင်ပါတယ်။ အဲဒီ အတွက် သင့် ကွန်ပြူတာမှာ…

Most from this category