0 Shares 142 Views

Intel Vs AMD : ဘယ် Chip ထုတ်လုပ်တဲ့ ကုမ္ပဏီက ပိုကောင်းသလဲ?

Dec 07, 2016
0 142

ပီစီတစ်လုံး ၀ယ်ရတာ မလွယ်ကူပါဘူး။ စဉ်းစားစရာ အစိတ်အပိုင်းတွေ အများကြီးပါ။ အားလုံးထဲမှာတော့ Central Processing Unit သို့မဟုတ် အတိုကောက် Processor လို့ခေါ်တဲ့ CPU က အဓိက ကျပါတယ်။ Processor ဟာ သင့် ကွန်ပြူတာရဲ့ အဓိက အစိတ်အပိုင်းဖြစ်တဲ့အတွက် ဦးနှောက်လို့တောင် တင်စားကြပါတယ်။

Processor ထုတ်လုပ်တဲ့ နယ်ပယ်မှာ Intel နဲ့ AMD ( Advanced Micro Devices ) တို့က ပြိုင်ဖက်တွေပါ။ AMD ရဲ့ ဒတ်စတော့ အဆင့် Bristol Ridge APUs နဲ့ Intel ရဲ့ Kaby Lake Chps တို့ကို နှိုင်းယှဉ် သုံးသပ်ထားတာတွေကို ရေးပေးလိုက်ပါတယ်။

ဈေးနှုန်း

ဈေးသက်သာတာ ကြိုက်တဲ့ လူများက AMD Chips တွေဟာ Intel Chips တွေထက် ဈေးသက်သာတယ်လို့ အယူမှားနေကြပါတယ်။ AMD ဟာ Entry Level Device တွေမှာတောင် အလုပ်လုပ်တဲ့ CPU တွေကို အကောင်းဆုံး ထုတ်လုပ်နေတာပါ။

ဥပမာအားဖြင့် 3.7GHz Frequency ( 4.0GHz with Turbo Boost ) ပါတဲ့ Athlon X4 860K ကို အမေဇုန်မှာ ဒေါ်လာ ၇၀ နဲ့ ရောင်းနေပါတယ်။ Quad-Core Processor တစ်လုံးအတွက် သင့်တင့်တဲ့ ဈေးပါ။ AMD A6-5400K ဟာ ဒေါ်လာ ၄၀ လောက်နဲ့ အမေဇုန်မှာ ရောင်းနေပါတယ်။

အမှန်တော့ Intel နဲ့ AMD တို့ဟာ ဈေးနှုန်း တူညီစွာဖြင့် ရောင်းချပေးကြတာပါ။ AMD Chips တွေဟာ ဒေါ်လာ ၂၀၀ ကျော်တာနဲ့ လူသိပ်မကြိုက်ကြတဲ့အတွက် ဈေးပေါတယ်လို့ ထင်နေကြတာပါ။ ဒါဟာ Processor ဈေးတွေ အမြဲတမ်း ပြောင်းလဲနေတာကို ပြပါတယ်။ စတင် ရောင်းချတဲ့ အချိန်ကနေ လအနည်းငယ် စောင့်ပါ။ အဲဒီအချိန်ကျရင် သင်လိုချင်ခဲ့တဲ့ Processor ဈေးတွေဟာ ကျဆင်းနေတာကို တွေ့ရမှာပါ။
intel_vs_amd

စွမ်းဆောင်ရည်

သင်ဟာ ဈေးဘယ်လောက်ကြီးကြီး အကောင်းဆုံး စွမ်းဆောင်ရည်ကို လိုချင်တယ်ဆိုရင် Intel ကို ရွေးပါ။ Intel Chips များဟာ CPU အကဲဖြတ် စမ်းသပ်တဲ့ အခါမှာ အမြဲတမ်း ရလဒ်ကောင်းတွေ ရနေရုံသာမက အပူထုတ်လုပ်မှုက နည်းပါးပါတယ်။

ဒါတွေဟာ ၂၀၀၂ ခုနှစ်ကတည်းက CPU မှာ ထည့်သွင်းလာခဲ့တဲ့ Hyperthreading ရဲ့ အကျိုးကျေးဇူးတွေပါပဲ။ Hyperthreading က Cores တွေကို ထိထိရောက်ရောက် အလုပ်ခိုင်းနိုင်ပါတယ်။

AMD ကတော့ သူ့ရဲ့ Chips တွေမှာ Cores များများ ထည့်ဖို့ အာရုံစိုက်နေပါတယ်။ AMD Chips တွေဟာ Intel Chips တွေထက် ကောင်းတယ်လို့ ထင်စရာပါပဲ။ AMD ဟာ Processing Unit တစ်ခုမှာ တတ်နိုင်သလောက် Core များများ ထည့်လေ့ရှိတဲ့အတွက် သူ့ရဲ့ Chips တွေဟာ အပူလွန်ကဲပါတယ်။ Intel Chips တွေကတော့ အပူထုတ်လုပ်မှု နည်းပါးပါတယ်။

AMD ရဲ့ ဒေါ်လာ ၂၀၀ တန် FX 9590 မှာ AMD Overdrive အင်စတောလုပ်ထားတဲ့ 4.7GHz or 5.0GHz ထည့်ထားပါတယ်။ သူက Core ၈ လုံး ပါပါတယ်။ ဒါဟာ Core i7-6700K ထက် ၂ ဆ ပိုပါပါတယ်။ ဒါပေမယ့် PCMark ရဲ့ စမ်းသပ်မှုမှာတော့ Intel Chip ဟာ စွမ်းဆောင်ရည်အပိုင်းမှာ သာလွန်နေပါတယ်။

AMD Processor တွေဟာ Clock Speed အပိုင်းမှာ ပိုမြန်ရင်တောင် Core များတဲ့အတွက် ပိုအလုပ်လုပ်ရပါတယ်။ Clock Speed မြန်တာဟာ CPU ရဲ့ လုပ်အားကို ပိုမိုညှစ်ထုတ်ရပါတယ်။ Intel Chips တွေက စွမ်းဆောင်ရည်အပိုင်းမှာ သာလွန်နေပါတယ်။

ဂရပ်ဖစ်

The Witcher 3 လို စွမ်းဆောင်ရည်မြင့် ဂိမ်းတွေ ကစားဖို့ အတွက် CPU ကိုပဲ အားကိုးလို့ မရပါဘူး။ စွမ်းရည်မြင့် ဂရပ်ဖစ် ကဒ်ကို သုံးဖို့ လိုပါတယ်။ တစ်ခါတုန်းက စွမ်းရည်နိမ့်နဲ့ စွမ်းရည်မြင့် ဂိမ်းတွေ အတွက် AMD Radeon Chips တွေဟာ Intel ထက် သာလွန်ခဲ့ပါတယ်။ Intel Iris Pro Graphics တွေ ပေါ်လာတဲ့ အခါမှာတော့ AMD Radeon Chips တွေ အရေးနိမ့်ခဲ့ပါတယ်။

စွမ်းဆောင်ရည်မြင့် ဂရပ်ဖစ် အပိုင်းမှာ သင့် CPU ကို စွမ်းရည်မြင့် AMD or Nvidia GPU များနဲ့ တွဲဖက်ကောင်း တွဲဖက်နိုင်ပါတယ်။ ဒါပေမယ့် ပိုကောင်းတာက Intel Processor ပါ။ Intel Core i3 or i5 CPU များဟာ စွမ်းရည်တူ AMD Processor များထက် တစ်စက္ကန့်လျှင် ၁၅ ကနေ ၃၀ ဖရိမ်အထိ ပိုမြန်ပါတယ်။

ဂရပ်ဖစ် အပိုင်းမှာ အနိုင်ရသူကို ပြောဖို့ ခက်ပါတယ်။ စစ်တမ်းအရ AMD ဟာ Integrated Graphics များမှာ ပိုမိုကောင်းမွန်ပြီး Intel ကတော့ GPU နဲ့ တွဲဖက် သုံးတဲ့အခါမှာ အကောင်းဆုံးလို့ သိရပါတယ်။

Overclocking

များသောအားဖြင့် ကွန်ပြူတာ သို့မဟုတ် CPU အသစ်တစ်လုံး ၀ယ်တဲ့အခါမှာ Clock Speed ကို Lock လုပ်ထားကြပါတယ်။ အချို့ Processor တွေကတော့ Lock မလုပ်ထားတဲ့အတွက် ထုတ်လုပ်သူက သတ်မှတ်ထားတဲ့ Clock Speed ထက် ပိုမြန်အောင် လုပ်နိုင်ပါတယ်။ Users များအနေနဲ့လည်း ကွန်ပြူတာ အစိတ်အပိုင်းများကို ထိန်းချုပ်နိုင်မှာပါ။

ဒီအပိုင်းမှာ AMD ဟာ Intel ထက် ပိုမိုရက်ရောပါတယ်။ AMD ရဲ့ စွမ်းရည်သင့် A-Series APU ကနေ စွမ်းရည်ပိုမို ညှစ်ထုတ်နိုင်ပါတယ်။ Intel Pentium G3258 ထက် ၆၇ ဒေါ်လာ သက်သာပါတယ်။ Intel ရဲ့ Overclock လုပ်နိုင်တဲ့ CPU များဟာ အနည်းဆုံး ဒေါ်လာ ၂၀၀ ကနေ သူ့အထက်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် Intel Unlocked Chips များဟာ AMD Chips များထက် ပိုမိုမြန်ဆန်ကြပါတယ်။ ဈေးသက်သာတာ လိုချင်ရင်တော့ AMD Chips များကို ရွေးပါ။ ပိုက်ဆံ တတ်နိုင်ရင်တော့ Intel Unlocked CPU များဟာ အကောင်းဆုံး Clock Speed ကို ပိုင်ဆိုင်ထားပါတယ်။

ထောက်ပံ့မှု

AMD Processors များရဲ့ အကြီးမားဆုံး ပြဿနာက အခြား ကုမ္ပဏီထုတ် အစိတ်အပိုင်းများနဲ့ တွဲဖက်သုံးလို့ မရတာ ဖြစ်ပါတယ်။ အထူးသဖြင့် AMD နဲ့ Intel Chips များအကြားမှာ Socket များ ကွဲပြားတဲ့အတွက်  Motherboard (mobo) ရွေးချယ်စရာများ အကန့်အသတ် ရှိပါတယ်။ အခြား ရွေးချယ်စရာ Chip Company များ ရှိပေမယ့် အဓိက အကြောင်းအချက်က Intel Sockets များဟာ Motherboard ရွေးချယ်စရာ များပြားပါတယ်။

Intel Processor များဟာ စွမ်းဆောင်ရည်မြင့်မားပြီး AMD Processor များဟာ ဂရပ်ဖစ်ကဒ် မတပ်ဆင်ထားရင်တောင် စွမ်းဆောင်ရည် မြင့်မားပါတယ်။ သင်နဲ့ သင့်တော်မယ့် Processor ကို ရရှိဖို့သာ အရေးကြီးပါတယ်။

 

KTY

Ref : techradar

Facebook Comments

You may be interested

Huawei က Panoramic Camera, Sports Band နဲ့ Bluetooth Headset များကို ပြသ
Audio & Video, Camera, NEWS
0 shares38 views

Huawei က Panoramic Camera, Sports Band နဲ့ Bluetooth Headset များကို ပြသ

Ko Thuya - May 29, 2017

Huawei က Panoramic Camera, Sports Band နဲ့ Bluetooth Headset များကို ပြသလိုက်ပါတယ်။ Huawei Panoramic Camera Huawei Panoramic Camera ဟာ ၃၆၀ ဒီဂရီ မြင်ကွင်းကျယ် ဓါတ်ပုံနဲ့ ဗီဒီယိုများ…

Huawei က အနောက် ကင်မရာ နှစ်လုံး ပါတဲ့ Nova 2 နဲ့ Nova 2 Plus တို့ကို မိတ်ဆက်
Mobiles & Tablets, NEWS
224 shares428 views

Huawei က အနောက် ကင်မရာ နှစ်လုံး ပါတဲ့ Nova 2 နဲ့ Nova 2 Plus တို့ကို မိတ်ဆက်

Ko Thuya - May 28, 2017

Huawei က စွမ်းဆောင်ရည်သင့် Nova 2 နဲ့ Nova 2 Plus တို့ကို မိတ်ဆက်လိုက်ပြီး စွမ်းဆောင်ရည်မြင့် P Series များနဲ့ ဆင်တူတဲ့အတွက် အလွန် လှပ ပါတယ်။ ထူးခြားတာက စွမ်းဆောင်ရည်သင့် ဖုန်းများမှာ အနောက်ကင်မရာ…

သင် Porn ကြည့်နေတာကို လူမမိအောင် ကာကွယ်ပေးမယ့် Minimeyes
Audio & Video, Gadgets, NEWS
192 shares946 views

သင် Porn ကြည့်နေတာကို လူမမိအောင် ကာကွယ်ပေးမယ့် Minimeyes

Ko Thuya - May 28, 2017

Minimeyes ဟာ အထူးပြုလုပ်ထားတဲ့ Motion Sensor တစ်ခု ဖြစ်ပြီး သင့် အခန်းထဲကို လူတစ်ယောက် ၀င်လာတာနဲ့ သင့် ကွန်ပြူတာ ဘရောက်စာ ၀င်းဒိုးနဲ့ အသံများကို ချက်ချင်း အလိုအလျှောက် ပိတ်ပေးနိုင်ပါတယ်။ အဲဒီ အတွက် သင့် ကွန်ပြူတာမှာ…

Most from this category