0 Shares 18 Views

ကတ်မလိုဘဲ စမတ်ဖုန်းကနေတဆင့် ငွေထုတ်နိုင်တဲ့ ATM တွေကို Chase စတင်မိတ်ဆက်

Jan 28, 2016
0 18

နည်းပညာတိုးတက်လာတဲ့ခေတ်ကြီးမှာ ငွေထုတ်ဖို့အတွက် သင့်ရဲ့ ATM ကတ်ကို နေရာတကာဆောင်သွားဖို့ မလိုတော့ပါဘူး။

အခုဆိုရင် New York အခြေစိုက် Chase ဘဏ်ကုမ္ပဏီဟာ စမတ်ဖုန်းတွေကနေတဆင့် ငွေထုတ်နိုင်တဲ့ ATM စက်တွေကို စမ်းသပ်ခဲ့ပြီးနောက်၊ ယခုနှစ်အတွင်း New York ပြည်နယ်အတွင်းက Chase ATM စက်တွေ အကုန်လုံးကို upgrade ပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

eATMS လို့အမည်ပေးထားတဲ့ ATM စက်တွေကိုအသုံးပြုသူတွေအနေနဲ့ ငွေထုတ်ချင်တဲ့အခါ မိမိစမတ်ဖုန်းရဲ့ Chase app ကို ၀င်ရောက်ပြီး တစ်ခါသုံးလှို့ဝှက်နံပါတ် အရင်ရယူရမှာဖြစ်ပါတယ်။ ထို့နောက် ထို Pin နံပါတ်ကို ATM စက်ထဲ ရိုက်သွင်းပြီး မိမိအကောင့်ထဲက ငွေကိုထုတ်ယူနိုင်မှာဖြစ်တယ်လို့ JPMorgan Chase ဘဏ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Michael Fusco က ပြောကြားခဲ့ပါတယ်။

နောက်မကြာမီအချိန်အတွင်းမှာ၊ ယခုနည်းထက်ပိုမိုအဆင့်မြင်တဲ့ NFC နည်းပညာ ကိုအသုံးပြုကာ ဖုန်းကို ATM စက်က NFC ဖတ်စက်မှာ ထိလိုက်ရုံနဲ့ ငွေထုတ်ယူနိုင်အောင်လည်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ Fusco က ဆက်လက်ပြောကြားပါတယ်။

” ATM ကတ်တွေကိုအစားထိုးတာမဟုတ်ဘဲ၊ သုံးစွဲသူတွေအတွက် ပိုပိုအဆင်ပြေစေမယ့်နည်းလမ်းတစ်ခုကို အပ်နှင်းလိုက်တာဖြစ်ပါတယ်။ ကျွန်တော်တို့ဘဏ်ကိုသုံးစွဲသူတွေအနေနဲ့ တစ်ချိန်လုံးကတ်တွေသယ်ပြီးသွားနေစရာမလိုပါဘူး” လို့ Fusco က ဆိုပါတယ်။

ယခု eATM စက်တွေမှာ ငွေထုတ်နိုင်တဲ့ပမာဏလည်းပိုများလာပြီး၊ တစ်နေ့ကို ဒေါ်လာ ၃၀၀၀ အထိထုတ်နိုင်ပါတယ်။ မိုဘိုင်းဖုန်းကနေတဆင့်ငွေထုတ်တဲ့အခါ ဆင့်သုံးဆင့်သာ ၀န်ဆောင်ခဖြတ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Chase ဘဏ်ဟာ New York မှာ ATM စက်ပေါင်း ၂၁၀၀ တပ်ဆင်ထားပြီး ATM အများဆုံးရှိတဲ့ဘဏ်တစ်ခုဖြစ်ပါတယ်။

Ref: USA Today

You may be interested

ဈေးကွက်ထဲ ထိုးဖောက်ယှဉ်ပြိုင်လာနိုင်မှာက V7 များဖြစ်လေမလား????
Vivo
0 shares0 views

ဈေးကွက်ထဲ ထိုးဖောက်ယှဉ်ပြိုင်လာနိုင်မှာက V7 များဖြစ်လေမလား????

Nwe Oo - Nov 25, 2017

Vivo V7 ဖုန်းတွေကို မြန်မာနိုင်ငံဈေးကွက်ထဲ နိုဝင်ဘာလတတိယပတ်ကစပြီး ဖြန့်လိုက်ပါပြီ။ V7+ ထက်တော့ ဈေးနည်းပေမယ့် သုံးရတဲ့ experience တွေကတော့ V7+ နဲ့ V7 တူတူလောက်ပါပဲ။ ဈေးနှုန်းလျော့သွားတယ်ဆိုတော့ ဒါ ဈေးကွက်မှာ အပြိုင်နေရာယူတော့မယ့်ပုံစံပါပဲ။ သုံးရတာချင်းသိပ်မကွာဘူး ဈေးနှုန်းကျကွာသွားတယ်ဆိုတော့ V7…

ပိုင်ဆိုင်မှု ဒေါ်လာ ၁၀၀ ဘီလီယမ် ကျော်သွားတဲ့ ကမ္ဘာ့အချမ်းသာဆုံး Jeff Bezos
NEWS
0 shares17 views

ပိုင်ဆိုင်မှု ဒေါ်လာ ၁၀၀ ဘီလီယမ် ကျော်သွားတဲ့ ကမ္ဘာ့အချမ်းသာဆုံး Jeff Bezos

Ko Thuya - Nov 25, 2017

Jeff Bezos ဟာ ဒေါ်လာ ၁၀၀ ဘီလီယမ်ကျော် ပိုင်ဆိုင်တဲ့ ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာပါတယ်။ သူဟာ အမေဇုန် အွန်လိုင်းစတိုးဆိုင်ကို တည်ထောင်သူဖြစ်ပြီး စတော့ရှယ်ယာအများဆုံးကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ သူဟာ ၉၃.၆ ဘီလီယမ် တန်ကြေးရှိတဲ့ အမေဇုန်ရဲ့ စတော့ရှယ်ယာပေါင်း…

Budweiser က အာကာသမှာ ဘီယာ ထုတ်လုပ်မည်
NEWS, Science, Tech Update
93 shares15 views

Budweiser က အာကာသမှာ ဘီယာ ထုတ်လုပ်မည်

Ko Thuya - Nov 24, 2017

Budweiser ဘီယာကို ထုတ်လုပ်တဲ့ Anheuser-Busch Company က ယခုနှစ်အစောပိုင်းမှာ အင်္ဂါဂြိုလ်တွင် ပထမဆုံး ဘီယာထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်ချင်တယ်လို့ ပြောခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းကတော့ ဒီစကားကို ယုံကြည်သူ နည်းပါးခဲ့ပါတယ်။ အခုတော့ အဲဒီစီမံကိန်းရဲ့ ပထမဆုံး အဆင့်ကို ကြေညာလိုက်ပါတယ်။ Budweiser…

Most from this category