0 Shares 82 Views

Apple Macbook Pro မော်ဒယ်လ်သစ်တွေရဲ့ port ပြဿနာကို ဖြေရှင်းပေးမယ့် Hyper Drive

Dec 06, 2016
0 82

Apple ကုမ္ပဏီဟာ နောက်ပိုင်းထုတ်လုပ်လာခဲ့တဲ့ New Macbook Pro လက်ပ်တော့တွေမှာ USB-C port နှစ်ခုကိုသာ ထည့်သွင်းပေးလာပါတယ်။ ဒါ့ကြောင့် New Macbook Pro အသုံးပြုသူအများစုဟာ external hard drive စိုက်လို့မရတာတွေ ၊ SD card စိုက်လို့မရတဲ့ ပြဿနာတွေအပြင် ကိုယ့်ဖုန်းကိုတောင် အားသွင်းလို့မရတဲ့ ပြဿနာမျိုးတွေ ကြုံလာရပါတယ်။

အခုတော့ ဒီပြဿနာတွေကို ဖြေရှင်းပေးမယ့် ပစ္စည်းလေးတစ်ခု ပေါ်ထွက်လာခဲ့ပြီဖြစ်ပါတယ်။ ဒါကတော့ HyperDrive လို့ အမည်ရတဲ့ External adapter တစ်ခုပဲဖြစ်ပါတယ်။ Macbook Pro  မှာ ပါရင်းစွဲပါဝင်တဲ့ USB Type C နှစ်ခုကို ဒီ drive နဲ့ချိတ်ပြီး SD card, micro SD card slot, HDMI output နဲ့ USB 3.1 port နှစ်ခုအထိ တိုးချဲ့အသုံးပြုနို်င်မှာဖြစ်ပါတယ်။ Ethernet port ကိုတော့ ဒီ drive က ပြောင်းလဲပေးနိုင်မှာမဟုတ်ပေမယ့်လည်း ထုတ်လုပ်ခဲ့တဲ့ Macbook Pro 2015 မှာပါဝင်ခဲ့တဲ့အရာတွေ အကုန်လုံးကို ဒီ drive လေးက ပြန်ဆွဲခေါ်ပေးလိုက်သလိုပါပဲ။

macbook-adapter-1

လောလောဆယ်တော့ ဒီ drive လေးကို Kickstarter မှာ စတင်ရောင်းချပေးထားပြီဖြစ်ပြီး ဒေါ်လာ ၁၀၀ ခန့်သာ ကျသင့်မှာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Kickstarter ရဲ့ ပရိုမိုးရှင်းကြောင့် ဒေါ်လာ ၇၀ သာ ကျသင့်မှာဖြစ်ပြီး ၁၃ လက်မနဲ့ ၁၅ လက်မ 2016 Macbook မော်ဒယ်လ်တွေအားလုံးမှာ အဆင်ပြေပြေ သုံးစွဲနိုင်တယ်လို့ သိရပါတယ်။ Space Gray နဲ့ ငွေရောင် အရောင်နှစ်မျိုးနဲ့ ရရှိနိုင်မှာဖြစ်ပြီး ဖေဖော်ဝါရီလမှာ shipping ဝန်ဆောင်မှု စတင်သွားမှာပါ။

ဒါ့ကြောင့် ဒီ Hyper Drive လေးဟာ 2016 Macbook မော်ဒယ်လ် အသုံးပြုသူတွေအတွက် အတော်လေးအသုံးဝင်မှာဖြစ်ပါတယ်။

 

Ref : CNet

Facebook Comments

You may be interested

iDevices တွေအတွက် 256GB flash drive နဲ့ wireless stick တွေကို SanDisk မိတ်ဆက်
NEWS, Storage Devices
0 shares0 views

iDevices တွေအတွက် 256GB flash drive နဲ့ wireless stick တွေကို SanDisk မိတ်ဆက်

Thoe Gyi - Feb 28, 2017

စပိန်နိုင်ငံ ဘာစီလိုနာမှာ ကျင်းပပြုလုပ်လျက်ရှိနေတဲ့ MWC 2017 မှာ storage device တွေကို ထုတ်လုပ် အောင်မြင်နေတဲ့ SanDisk ကလည်းပါဝင်ပြသလျက်ရှိပြီး iPhone နဲ့ iPad တွေအတွက် external storage အဖြစ်သုံးနိုင်မယ့် 256GB iXpand Flash…

Mobile World Congress 2017 ရဲ့ နောက်ဆုံးရ သတင်းများ
ASUS, BlackBerry, FEATURES
0 shares0 views

Mobile World Congress 2017 ရဲ့ နောက်ဆုံးရ သတင်းများ

Ko Thuya - Feb 28, 2017

Android Fans တွေအတွက် အထင်ကရ နိုင်ငံတကာ နည်းပညာ ပြပွဲများအတွက် ပြက္ခဒိန်မှာ မှတ်သားရမယ့် နေ့ရက် ၃ ခုပဲ ရှိပါတယ်။ အဲဒါတွေကတော့ လတ်စ်ဗီးဂတ်စ်မှာ ကျင်းပတဲ့ CES (Consumer Electronics Show ) , ဘာလင်မှာ…

(၂၀၁၆) ခုနှစ်ရဲ့ အကောင်းဆုံး စမတ်ဖုန်းဆုရခဲ့တဲ့ Samsung Galaxy S7 edge
Android, HUBS, Mobiles & Tablets
0 shares0 views

(၂၀၁၆) ခုနှစ်ရဲ့ အကောင်းဆုံး စမတ်ဖုန်းဆုရခဲ့တဲ့ Samsung Galaxy S7 edge

Thoe Gyi - Feb 28, 2017

Samsung အတွက် ဂုဏ်ယူစရာဖြစ်သလို Samsung ပရိသတ်တွေအတွက် ပျော်ရွှင်ရမယ့် သတင်းတစ်ရပ် ထွက်ပေါ်လာပါတယ်။ MWC မှာ နှစ်စဉ် ချီးမြင့်နေကြဖြစ်တဲ့ Glomo (Global Mobile) Awards ဆုချီးမြှင့်ပွဲမှာ Samsung Galaxy S7 Edge က (၂၀၁၆)…

Most from this category