0 Shares 53 Views

Galaxy A9 ကို Pro ဗားရှင်းအဖြစ် ထပ်မံထုတ်လုပ်ဖို့ Samsung စီစဉ်နေ

Jan 28, 2016
0 53

Samsung ဟာ လောလောလတ်လတ် ထုတ်လုပ်ထားတဲ့ အရည်အသွေးမြင့် စမတ်ဖုန်း Galaxy A9 ကိုလည်း “Pro” ဗားရှင်းနဲ့ ထုတ်လုပ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဒီ Galaxy A9 Pro အတွက် လိုအပ်တဲ့ Firmware ကိုတော့ လက်ရှိမှာ တည်ဆောက်ဖန်တီးနေဆဲ ဖြစ်တယ်လို့ သတင်းဖော်ပြချက်တွေအရ သိရပါတယ်။ Galaxy A9 Pro မှာပါဝင်လာမယ့် လုပ်ဆောင်ချက်တွေနဲ့ ကုန်ပစ္စည်းအသေးစိတ်အချက်အလက်တွေကိုတော့ ဘယ်သူမှ မသိရှိရသေးပါဘူး။ ဒါပေမယ့် ခန့်မှန်းပြောဆိုနေကြတာ တစ်ခုကတော့ “Pro” ဗားရှင်း ဖြစ်တဲ့အတွက် ကြည်လင်ပြတ်သားမှု မြင့်မားတဲ့ ပြသမှု မျိုး ၊ ထည့်သွင်းထားတဲ့ သိုလှောင်ပမာဏ များပြားလာတာမျိုးတွေ ကောင်းမွန်လာနိုင်ပြီး Android 6.0 Marshmallow ကို မူလကတည်းက ထည့်သွင်းပေးထားဖွယ်ရှိတယ်ဆိုတာတွေပါပဲ။

သတ္တုနဲ့ ကိုယ်ထည်တည်ဆောက်ထားတဲ့ Samsung ရဲ့  Galaxy A9 ကတော့ ၆ လက်မျ ကျယ်ဝန်းတဲ့ Full HD မျက်နှာပြင် ၊ 2.5D မှန်ကွေး ၊ 64-bit octa-core Qualcomm Snapdragon 652 SoC 1.8GHz ၊ RAM ကတော့ 3GB ၊ အတွင်း သိုလှောင်ပမာဏ 32GB တို့ပါဝင်ခဲ့ပါတယ်။ ကင်မရာအနေနဲ့လည်း 13 Megapixel ရှိတဲ့ အနောက်ကင်မရာ နဲ့ 8 Megapixel ရှိတဲ့ အရှေ့  ကင်မရာတို့ကိုလည်း ထည့်သွင်းပေးထားပါတယ်။ ဘက်ထရီကတော့ 4000mAh ဖြစ်ပါတယ်။

နဂို Galaxy A9 မှာကတည်းက စွမ်းဆောင်ရည်တိုင်းဟာ ကောင်းမွန်နေပြီးသားဖြစ်တဲ့အတွက် Galaxy A9 Pro မှာသာ အရမ်း အဆင့်မြှင့်တင်လိုက်မယ်ဆိုရင်တော့ ဈေးနှုန်းဟာလည်း သိသိသာသာ မြင့်တက်သွားနိုင်ဖွယ်တော့ ရှိနေပါတယ်။ Samsung ဟာ လက်ရှိမှာ Galaxy A9 Pro တစ်မျိုးတည်းမဟုတ်ပဲ Galaxy J စီးရီးမှာလည်း Galaxy J7(2016) ၊ Galaxy J5(2016) နဲ့ Galaxy J1(2016) တို့ကို ထုတ်လုပ်ဖို့ ရှိနေပါသေးတယ်။

Ref : Gadgets 360

You may be interested

အကောင်းဆုံး စမတ်ဖုန်း ကင်မရာများအဖြစ် ရွေးချယ်ခံရတဲ့ iPhone 8 နဲ့ iPhone 8 Plus
Camera, Mobiles & Tablets, NEWS
0 shares0 views

အကောင်းဆုံး စမတ်ဖုန်း ကင်မရာများအဖြစ် ရွေးချယ်ခံရတဲ့ iPhone 8 နဲ့ iPhone 8 Plus

Ko Thuya - Sep 23, 2017

iPhone 8 နဲ့ iPhone 8 Plus တို့ကို ၂၂ ရက်နေ့မှာ စတင်ရောင်းချပေးလိုက်ပါတယ်။ စမတ်ဖုန်း ကင်မရာများကို အကဲဖြတ်စမ်းသပ်တဲ့ DxOMark က iPhone 8 ၂ လုံးရဲ့ ကင်မရာများကို စမ်းသပ်ခဲ့ပြီးနောက်မှာ အကောင်းဆုံး စမတ်ဖုန်း…

မောင်းသူမဲ့ ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံလိုက်တဲ့ Baidu
Automobiles, NEWS
110 shares15 views

မောင်းသူမဲ့ ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံလိုက်တဲ့ Baidu

Ko Thuya - Sep 23, 2017

တရုတ်နိုင်ငံရဲ့ Google လို့ တင်စားခြင်းခံရတဲ့ Baidu က စက်ရုပ်ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံမယ်လို့ ကြေညာလိုက်ပါတယ်။ သူ့ရဲ့ Apollo Fund စီမံကိန်းကနေ လာမယ့် ၃ နှစ်အတွင်းမှာ မောင်းသူမဲ့ ကား စီမံကိန်း ၁၀၀…

ရာဇ၀တ်မှုကို တိုက်ဖျက်ပေးမယ့် လုံခြုံရေး စက်ရုပ်
NEWS, Security & Safety
83 shares10 views

ရာဇ၀တ်မှုကို တိုက်ဖျက်ပေးမယ့် လုံခြုံရေး စက်ရုပ်

Ko Thuya - Sep 23, 2017

လုံခြုံရေး စက်ရုပ်များကို တီထွင်နေတဲ့ Knightscope Company က စက်ရုပ်အသစ်များကို ပြသလိုက်ပါတယ်။ စက်ရုပ်များကို K7 လို့ အမည်ပေးထားပြီး ဘီးလေးဘီး တပ်ဆင်ထားပါတယ်။ K7 ဟာ ၅ ပေကျော် အရပ်မြင့်ပြီး ၇ ပေနီးပါး အရှည်ရှိပါတယ်။ စက်ရုပ်ဟာ…

Most from this category