0 Shares 7511 Views

Nokia D1C smartphone ကို version (၂) မျိုး ထုတ်လုပ်နိုင်ဖွယ်ရှိ

Dec 01, 2016
0 7511

Nokia ရဲ့ Android OS သုံး စမတ်ဖုန်းအသစ်ဖြစ်တဲ့ Nokia D1C ကို specs version (၂) မျိုး ထုတ်လုပ်နိုင်ဖွယ်ရှိ တယ်လို့ သိရပါတယ်။

Mobile ဖုန်းလောကရဲ့ နန်းကျဘုရင်တစ်ပါးဖြစ်တဲ့ Nokia ဟာ လာမယ့် နှစ်အတွင်းမှာ Android OS သုံး စမတ်ဖုန်းတွေကို ထုတ်လုပ်ပြီး စမတ်ဖုန်းဈေးကွက်အတွင်းကို တစ်ဖန်ပြန်လည်ဝင်ရောက်လာမှာ ဖြစ်တယ်လို့ အတည်ပြုပြောကြားပြီးတဲ့နောက်မှာ ပထမဦးဆုံး ထုတ်လုပ်မယ့် စမတ်ဖုန်းကတော့ Nokia D1C ဖြစ်ပါတယ်။

Nokia D1C ကို Specification နှစ်မျိုးနဲ့ ထုတ်လုပ်မှာဖြစ်ပြီး အနိမ့်စားနဲ့ အလတ်စား ဆိုပြီး ခွဲခြားမှာ ဖြစ်ပါတယ်။

အနိမ့်စားနဲ့ Nokia D1C ရဲ့ specs တွေကတော့ Android 7.0 ၊ 1080p(HD) resolution ထောက်ပံ့မယ့် (၅) လက်မ display ၊ Snapdragon 430 processor ၊ RAM 2GB ၊ Storage 16GB ၊13 MP rear camera နဲ့ 8 MP selfie camera တို့ဖြစ်တယ်လို့ သိရပါတယ်။

အလတ်စား Nokia D1C မှာတော့ (၅.၅)လက်မ display ၊ RAM 3GB နဲ့ rear camera 16 MP တို့က လွဲရင် ကျန်တဲ့ specs တွေက အနိမ့်စား D1C နဲ့ အတူတူပဲ လို့ သတင်းတွေထွက်ပေါ်လျက်ရှိပါတယ်။

ဈေးနှုန်းတွေနဲ့ ထွက်ရှိမယ့် နေ့ရက်ကိုတိတိကျကျ မသိရသေးပေမယ့် လာမယ့် (၂၀၁၇) ဖေဖော်ဝါရီလ အတွင်းမှာ ထွက်ရှိနိုင်ချေရှိတယ် လို့ ခန့်မှန်းပြောဆိုမှုတွေရှိနေပါတယ်။

Ref: Geekly-Gadgets

Facebook Comments

You may be interested

Instagram မှာ ဓါတ်ပုံတစ်ပုံတင်ရင် မြန်မာငွေ သိန်း ၁၂၀ ၀န်းကျင်ရတဲ့ စုံတွဲ
NEWS, Photography
0 shares0 views

Instagram မှာ ဓါတ်ပုံတစ်ပုံတင်ရင် မြန်မာငွေ သိန်း ၁၂၀ ၀န်းကျင်ရတဲ့ စုံတွဲ

Ko Thuya - May 30, 2017

အသက် ၂၆ နှစ်အရွယ် Jack Morris နဲ့ သူ့ရဲ့ ချစ်သူ အသက် ၂၄ နှစ်အရွယ် Lauren Bullen တို့ဟာ Instagram မှာ ၀င်ငွေများစွာ ရှာဖွေနိုင်တဲ့ စုံတွဲ ဖြစ်ပါတယ်။ ငယ်ရွယ်တဲ့ စုံတွဲဟာ ကမ္ဘာပတ်ပြီး…

ဖုန်းကညီမအတွက်မရှိမဖြစ်အရာတစ်ခုပါလိုပြောတဲ့ မော်ဒယ် ရွှေရေးချယ်
CELEBRITY, Interview
0 shares0 views

ဖုန်းကညီမအတွက်မရှိမဖြစ်အရာတစ်ခုပါလိုပြောတဲ့ မော်ဒယ် ရွှေရေးချယ်

Pyone Thizar Ye - May 30, 2017

အနုပညာလောထဲကို ဒုတိယအကြိမ် ပြန်လည်ဝင်ရောက်လာတဲ့သူ Photo Model တစ်ယောက်အနေနဲ့ မဂ္ဂဇင်းတော်တော်များများမှာတွေရတဲ့သူ သူမကတော့ မော်ဒယ်ရွှေရေးချယ် ပဲဖြစ်ပါတယ်။ ရွှေရေးနဲ့တွေ့တုန်း သူမရဲ့အနုပညာလှုပ်ရှားမှုနဲ့အတူ ဖုန်းအကြောင်းကိုလည်း အခုလိုမေးဖြစ်ခဲ့ပါတယ်။ Q. အနုပညာလောကထဲကို စဝင်ခဲ့ဖြစ်ခဲ့ပုံ ပြောပြပေးပါလား။ ခရီးသွားမဂ္ဂဇင်း ကာဗာရိုက်ဖို့ အသိ ဓာတ်ပုံဆရာတစ်ယောက်က ကမ်းလှမ်းတာကနေ…

Xiaomi ရဲ့ တန်ဖိုးနည်း Mi 6c လာမည်
Android, HUBS, Mobiles & Tablets
288 shares578 views

Xiaomi ရဲ့ တန်ဖိုးနည်း Mi 6c လာမည်

Ko Thuya - May 30, 2017

ရှောင်မီက တန်ဖိုးကြီး စွမ်းဆောင်ရည်မြင့် Mi 6 ကို ယခင်လက မိတ်ဆက်ခဲ့ပါတယ်။ တန်ဖိုးကြီး မော်ဒယ်ကို မတတ်နိုင်သူများအတွက် ရှောင်မီက တန်ဖိုးနည်း Mi 6 Model ကို ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။ အဲဒီ ဖုန်းကို Mi 6c…

Most from this category