0 Shares 21 Views

Spotify ရဲ့ အွန်လိုင်းဗီဒီယိုကြည့်ဝန်ဆောင်မှု Android မှာ စတင်ရရှိ

Jan 28, 2016
0 21

အခုဆိုရင် Spotify သုံးစွဲသူတွေအနေနဲ့ သီချင်းတွေတင်မကဘဲ ဗီဒီယိုတွေကိုပါ အွန်လိုင်းကနေတိုက်ရိုက်ကြည့်နိုင်တော့မှာဖြစ်ပါတယ်။

NBC ၊ Comedy Central နဲ့ BBC နဲ့ တခြားနာမည်ကြီးဒီဂျစ်တယ်မီဒီယာတွေက ရုပ်သံဗီဒီယိုတွေကို တိုက်ရိုက် streaming လုပ်ကြည့်နိုင်မှာဖြစ်ပြီး ယခုဝန်ဆောင်မှုအသစ်ကို ရယူချင်တယ်ဆိုရင်တော့၊ Spotify app ကနေ menu ထဲဝင်၊ Browse ကို နှိပ်၊ ‘shows’ ဆိုတာကို ရွေးချယ်ပေးပြီး၊ ‘video shows’ ဆိုတာကို ရွေးချယ်ပေးလိုက်ရုံပဲဖြစ်ပါတယ်။

ထို့နောက်မှာတော့ ဗီဒီယိုရယူကြည့်ရှုနိုင်တဲ့နေရာတွေပေါ်လာမှာဖြစ်ပြီး Spotify ကနေ သီချင်းတွေနားထောင်သလိုပဲ ကြိုက်နှစ်သက်ရာကိုရွေးကာကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ကုမ္ပဏီရဲ့အဆိုအရတော့ ဒီဝန်ဆောင်မှုဟာ သင်နားထောင်လျက်ရှိတဲ့သီချင်းတွေနဲ့သက်ဆိုင်တဲ့ဗီဒီယိုတွေကို ရွေးချယ်ပြသပေးဖို့ ဦးစားပေးထားတယ်လို့ သိရပါတယ်။

iOS မှာလည်း မကြာခင်ရရှိသွားဖို့ရှိပေမယ့်၊ desktop မှာတော့ ဗီဒီယိုကြည့်နိုင်တဲ့ဝန်ဆောင်မှုကို လတ်တလော ထုတ်ပေးသွားဖို့မရှိဘူးလို့လည်း သိရပါတယ်။

Youtube နဲ့မတူတဲ့တစ်ချက်ကတော့ Spotify က ဗီဒီယိုတွေဟာ လုံးဝကြော်ငြာပြသမှုမရှိဘဲ၊ အခကြေးငွေပေးကာ ကြည့်ရှုနိုင်မှာလည်းဖြစ်ပါတယ်။

လက်ရှိ ကမ္ဘာတစ်ဝန်းလုံးမှာ Spotify အသုံးပြုသူပေါင်း ၇၅ သန်းကျော်ရှိနေပါတယ်။

Ref: Engadget

You may be interested

Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+
Android, HUBS, Mobiles & Tablets
0 shares0 views

Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+

Ko Thuya - Feb 20, 2018

လာမယ့် တနင်္ဂနွေနေ့မှာ ဆမ်ဆောင်းက Galaxy S9 , Galaxy S9+ စမတ်ဖုန်းများကို ကြေညာတော့မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ သတင်းအချက်အလက်များဟာလည်း များစွာ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုတော့ Exynos ပါတဲ့ S9 ရဲ့ စွမ်းဆောင်ရည်ကို စစ်ဆေးထားတဲ့ ရလဒ်များဟာ…

Computer အသစ်မှာ Programs တွေအမြန်ဆုံး Install လုပ်ပြီးအသုံးပြုနိုင်မယ့်နည်းများ။
FEATURES, Pc & Laptops, Softwares & Application
119 shares30 views

Computer အသစ်မှာ Programs တွေအမြန်ဆုံး Install လုပ်ပြီးအသုံးပြုနိုင်မယ့်နည်းများ။

Ko Thuya - Feb 19, 2018

Smartphones,Tablets,Macs,Linux မှာ Programs တွေကိုလျှင်လျှင်မြန်မြန် အင်စတောလုပ်နိုင်ပေမယ့် Windows မှာ Programs တွေကို အင်စတောလုပ်ရတာ အနည်းငယ်အလုပ်ရှုပ် ပါတယ်။ Windows မှာ Programs တွေကို အင်စတောလုပ်ရင် Wizard တွေကိုတွေ့ မြင်ရမှာဖြစ်ပြီးတစ်ဆင့်ချင်းလုပ်ဆောင်ရတာဖြစ်ပါတယ်။ကွန်ပြူတာအသစ်ဝယ်လို့ ပဲဖြစ်ဖြစ် ၊၀င်းဒိုးအသစ်တင်လို့ ပဲဖြစ်ဖြစ်…

Nokia 10 နဲ့ပတ်သတ်တဲ့ specification များ
Mobiles & Tablets, NEWS, Nokia
283 shares329 views

Nokia 10 နဲ့ပတ်သတ်တဲ့ specification များ

Ko Thuya - Feb 19, 2018

[Zawgyi] လာမယ့် MWC 2018 ပွဲအတွက် HMD က အားလုံးအံ့အားသင့်သွားစေမယ့်အရာတစ်ခု မိတ်ဆက်မယ်လို့ ကြေညာခဲ့ပြီးသားပါ။ ဒီပွဲမှာ ဖုန်းပေါင်းများစွာပြသမှာဖြစ်ပြီး Nokia 4, Nokia 5 2018, Nokia 7 Plus နဲ့ Nokia 6…

Most from this category