0 Shares 704 Views

ရောင်းအားအကောင်းဆုံးဖြစ်ခဲ့သောဖုန်း ၁၀ ခု

Jan 28, 2016
0 704

ယခုအချိန်ဟာ စမတ်ဖုန်းခေတ်လို့ ဆိုရလောက်အောင် ဖုန်းတွေကို အပြိုင်အဆိုင်ထုတ်လုပ်ရောင်းချနေကြတဲ့ ခေတ်တစ်ခုဖြစ်နေတာကို တွေ့ရမှာပါ။ စမတ်ဖုန်းတွေထဲက ရောင်းအားအကောင်းဆုံး စံချိန်တင်ထားတဲ့ ဖုန်းတွေအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီစာရင်းထဲမှာ အရင်က စမတ်ဖုန်းလောကကို ဦးဆောင်ခဲ့တဲ့ Nokia ဖုန်းတွေက အမျိုးအစားရှစ်မျိုးအထိ ပါဝင်ဦးဆောင်ခဲ့တာတွေ့ရပြီး အခုအချိန်မှာ အရမ်းခေတ်စားနေခဲ့တဲ့ Samsung, Apple, Sony, HTC စတဲ့ဖုန်းတွေ တစ်မျိုးမှ ပါမလာတာလဲ အံ့အားသင့်ဖွယ်တွေ့ရမှာပါ။

၁၀) Motorola RAZR V3

best selling mobile10

Motorola ရဲ့ RAZR V3 ဖုန်းဟာ ၂၀၀၄ ခုနှစ်မှာ ရောင်းချခဲ့ပြီး အလုံးရေ သန်း၁၃၀ ရောင်းချခဲ့ရပါတယ်။

၉) Nokia 1600

best selling mobile9

Nokia 1600 စမတ်ဖုန်းကိုတော့ ၂၀၀၆ခုနှစ်မှာ စတင်ဈေးကွက်ဖြန့်ခဲ့ပြီး တရုတ်၊ အိန္ဒိယတို့ရဲ့ အဓိကဝယ်အားကြောင့် အလုံးရေ သန်း၁၃၀ ကျော်ကျော်ရောင်းချခဲ့ရတာပါ။

၈) Nokia 2600

best selling mobile8

၂၀၀၄ ခုနှစ် မှာစတင်ထုတ်လုပ်ခဲ့တဲ့ Nokia 2600 ဟာ ကင်မရာနဲ့ Bluetooth ချိတ်ဆက်နိုင်စွမ်းတွေ မပါပေမယ့် အလုံးရေ၁၃၅သန်းလောက်ထိ ရောင်းခဲ့ရပါတယ်။

၇) Samsung E1100

best selling mobile7

ဘက်ထရီသက်တမ်း ၁၃ရက်အထိခံတဲ့ စမတ်ဖုန်း E1100 ဟာ ၂၀၀၉ မှာစတင်ထွက်ရှိခဲ့ပြီး သန်း၁၅၀ အထိရောင်းချနိုင်ခဲ့ပါတယ်။

၆) Nokia 6600

best selling mobile6

ဘဲဥပုံ ဒီဇိုင်းနဲ့ ဒီဖုန်းဟာ ၂၀၀၃ခုနှစ်မှာ စတင်ရောင်းခဲ့ပြီး အလုံးရေ သန်း၁၅၀ကျော်ရောင်းခဲ့ရတာဖြစ်ပါတယ်။

၅) Nokia 5230

best selling mobile5

ထိတွေ့မျက်နှာပြင် Wi-Fi စနစ်တွေထောက်ပံ့ထားတဲ့ ဒီဖုန်းဟာ ၂၀၀၉ခုနှစ်မှာ ထွက်ရှိခဲ့ပြီး သန်း၁၅၀ ကျော်ကျော်ရောင်းချခဲ့ရပါတယ်။

၎) Nokia 1200

best selling mobile4

၂၀၀၇ခုနှစ်ကထွက်ခဲ့တဲ့ဒီ မိုဘိုင်းလ်ဖုန်းဟာ နာရီပေါင်း ၃၉၀ထိကြာရှည်ခံတဲ့ ဘက်ထရီသက်တမ်းနဲ့ အစိမ်းအနက်ပုံစံဒီဇိုင်းတွေကြောင့် ချီးမွန်းခံခဲ့ရပြီး အလုံးရေ သန်း၁၅၀ကျော်ရောင်းနိုင်ခဲ့ပါတယ်။

၃) Nokia 3210

best selling mobile3

Nokia ရဲ့ ဂန္တဝင်ဖုန်းတစ်မျိုးဖြစ်တဲ့ Nokia 3210 ကို ၁၉၉၉ ခုနှစ်မှာ အလုံးရေ သန်း၁၅၀ကျော်ရောင်းခဲ့ရပါတယ်။

၂) Nokia 1110

best selling mobile2

Nokia 1110 ဟာ ၂၀၀၅ ခုနှစ်တုန်းကထွက်ရှိခဲ့တာဖြစ်ပါတယ်။ အနက်ရောင်နောက်ခံမှာ အဖြူရောင်စာရိုက်နိုင်တဲ့ ပြောင်းပြန်ဒီဇိုင်းကြောင့် အရမ်းခေတ်စားခဲ့ပြီး အလုံးရေ သန်း၂၅၀ လောက်အထိရောင်းခဲ့ရကာ ဒုတိယနေရာကိုရောက်ရှိခဲ့ပါတယ်။

၁) Nokia 1100

best selling mobile1

Nokia 1100 ဟာ ၂၀၀၃ခုနှစ်မှာ စတင်ထွက်ခဲ့ပြီး ဖောက်ထွက်ထားတဲ့ ဒီဇိုင်းနဲ့ တခြားFeatuare တွေကြောင့် သန်း၂၅၀ကျော်ကျော်ရောင်းချခဲ့ရကာ ကမ္ဘာ့ရောင်းအားအကောင်းဆုံး နံပါတ်တစ်မှာ ယခုထက်တိုင်အောင်ရပ်တည်လျက်ရှိပါတယ်။

Ref: Telegraph, Wikipedia

You may be interested

LG ရဲ့ လေဆိပ် ဧည့်လမ်းညွှန် စက်ရုပ်
NEWS, Tech Update
0 shares0 views

LG ရဲ့ လေဆိပ် ဧည့်လမ်းညွှန် စက်ရုပ်

Ko Thuya - Jul 22, 2017

တောင်ကိုရီးယားမှာ လာမယ့်နှစ်တွင် ကျင်းပမယ့် Winter Olympics ပွဲအတွက် LG က နိုင်ငံရဲ့ အကြီးမားဆုံး လေဆိပ်မှာ စက်ရုပ်များကို စမ်းသပ်နေပါတယ်။ ဒီနေ့ကစပြီး ဆိုးလ်မြို့ရဲ့ အင်ချီယွန် နိုင်ငံတကာ လေဆိပ်မှာ LG ရဲ့ Airport Guide Robot…

Samsung က Galaxy Note 8 မိတ်ဆက်ပွဲအတွက် ဖိတ်စာများ ဝေငှ
Mobiles & Tablets, NEWS
99 shares39 views

Samsung က Galaxy Note 8 မိတ်ဆက်ပွဲအတွက် ဖိတ်စာများ ဝေငှ

Ko Thuya - Jul 22, 2017

Samsung က သြဂုတ်လ ၂၃ ရက်နေ့မှာ နယူးယောက်စီးတီးတွင် ကျင်းပမယ့် Galaxy Note 8 မိတ်ဆက်ပွဲအတွက် ဖိတ်စာများအား မီဒီယာများထံ ဝေငှလိုက်ပါတယ်။ ဖိတ်စာမှာတော့ Galaxy Note 8 ကို မိတ်ဆက်မယ်လို့ မရေးသားထားဘဲ Do bigger…

Apple ရဲ့ စက်တင်ဘာ ဟန်းဆက် (သို့မဟုတ်) iPhone Pro
Apple, HUBS, Mobiles & Tablets
687 shares1613 views

Apple ရဲ့ စက်တင်ဘာ ဟန်းဆက် (သို့မဟုတ်) iPhone Pro

zayarsan - Jul 21, 2017

Apple ရဲ့ စက်တင်ဘာ ဟန်းဆက် လို့ နာမည်ကြီးနေတဲ့ အမျိုးအစား က ဘာများပါလိမ့်...ဆိုတဲ့ မေးခွန်းဟာ လတ်တလောမှာ Apple ထုတ်ကုန်တွေကို စောင့်ကြည့်လေ့လာနေသူတိုင်းအတွက် ခေါင်းစားစေတဲ့ မေးခွန်းတစ်ခု ဖြစ်တယ် လို့ DailyMail က သုံးသပ်ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် အံ့သြစရာကောင်းတဲ့…

Most from this category