Drone တွေကို ပစ်ချမယ့် DroneGun (Video Trailer)

Drone တွေ အတိုင်းထက်အလွန် ခေတ်စားလာတဲ့ အခုခေတ်ကြီးထဲမှာ Drone တွေကို အကျိုးရှိရှိအသုံးပြု တဲ့သူတွေရှိသလို လုံခြုံရေချိုးဖောက်ဖို့အတွက် မသမာစွာ အသုံးပြုနေတဲ့သူတွေလည်းရှိပါတယ်။

ဘယ်နေရာကို မဆို အလွယ်တူပျံသန်းသွားနိုင်ပြီး ဓာတ်ပုံတွေ ၊ Video တွေကို အလွယ်တကူ ရိုက်ယူနိုင်တဲ့ အတွက် ကြုံတွေ့ရနိုင်တဲ့ လုံခြုံရေး ချိုးဖောက်မှုတွေကို တားဆီးနိုင်ဖို့အတွက် အချို့နေရာတွေကို Drone ပျံ့သန်းခွင့်မပြုဘဲ တားမြစ်ထားပါတယ်။ (ရန်ကုန်မှာဆိုရင် ရွှေတိဂုံစေတီမှာ Drone တွေကိုတားမြစ်ထားပါတယ်) ဒါပေမယ့် ဒါဟာ ထင်သလောက်အလုပ်မဖြစ်နိုင်ပါဘူး။ ဘယ်လောက်ပဲတားမြစ် ထားပါစေ ခိုးကြောင်ခိုးဝှက်နဲ့ အသုံးပြုတဲ့သူတွေကတော့ရှိစမြဲပါပဲ။

ဒီပြဿ      နာကိုအကောင်းဆုံးဖြေရှင်းနိုင်ဖို့ ခွင့်ပြုချက်မရှိတဲ့ Drone ပျံသန်းမှုတွေကို အကောင်းဆုံး တားဆီးနိုင်ဖို့အတွက် DroneShield(သြစတြေးလျ Drone ထောက်လှမ်းရေး) က DroneGun လို့အမည်ပေးထားတဲ့ ရိုင်ဖယ်ပုံစံ Drone သေနတ် ကိုတီထွင်လိုက်ပါတယ်။

ds-2-620x349

DroneGun ဆိုလို့ ကောင်းကင်မှာပျံနေတဲ့ Drone တွေကို သေနတ်နဲ့ပစ်ချမယ်လို့တော့မထင်လိုက်ပါနဲ့။ Drone တစ်လုံးရဲ့ တန်ဖိုးက ကြီးမားတဲ့အတွက် Drone တွေကို အပျက်အစီးမရှိဘဲ မြေပြင်ကို ဆင်းသက်အောင် ပြုလုပ်မယ့် ကိရိယာဖြစ်ပါတယ်။ ဘယ် Drone မှာမဆို တူညီတဲ့ ဂုဏ်သတ္တိတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ချိတ်ဆက်ထားတဲ့ Signal ပြတ်တောက်သွားတဲ့အခါ မြေပြင်ကို ချောချောမွေ့မွေ့ဆင်းသက်တာပဲဖြစ်ပါတယ်။

DroneGun က ဒီအချက်ကိုအခြေခံပြီး Drone နဲ့ Controller ကြားက ချိတ်ဆက်မှု ကိုပြတ်တောက်အောင် ပြုလုပ်မှာဖြစ်ပါတယ်။ 2Km အကွာအဝေးထိ ဖမ်းယူနိုင်တဲ့ DroneGun ရဲ့ မှန်ပြောင်းကနေ ကောင်းကင်ပေါ်က Drone ကို ချိန်လိုက်တာနဲ့ Drone ဆီကို Signal တွေပစ်လွှတ်မှာဖြစ်ပြီး အဲ့ဒီ Signal တွေက Drone ရဲ့ ချိတ်ဆက်မှုတွေကို ပိတ်ဆို့နှောင့်ယှက်မှာဖြစ်တဲ့အတွက် Drone ဟာ အထိန်းအကွပ်မဲ့စွာ မြေပြင်ပေါ် သက်ဆင်းလာမှာဖြစ်ပါတယ်။

လက်ရှိမှာတော့ DroneGun ကို စမ်းသပ်မှုတွေပြုလုပ်နေဆဲဖြစ်ပြီး အဆင်သင့်ဖြစ်တာနဲ့ အမေရိကန် အစိုးရ အေဂျင်စီတွေကို အဓိကရောင်းချမှာဖြစ်တယ်လို့ သိရပါတယ်။

Ref:Technabob

%d bloggers like this: