MyanmarSat-1a ၏ C-Band နှင့် MyanmarSat-1b ၏ Ku-Band Transponder များ ငှားရမ်းနိုင်

ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ၊ သတင်းအချက်အလက်နည်းပညာ နှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန နှင့် Intelsat Global Sale & Marketing Ltd. တို့ နှစ်ဦးသဘောတူစာချုပ် ချုပ်ဆိုထားပြီး ဖြစ်တဲ့အတွက် C-Band Transponder များကို (62  ံE) တွင်ရှိသော MyanmarSat-1a ဂြိုဟ်တု မှလည်းကောင်း၊ Ku-Band Transponder များကို 64.15  ံ E တွင်ရှိသော MyanmarSat-1b ဂြိုဟ်တုမှလည်းကောင်း (၁-၁၂-၂၀၁၆) ရက်နေ့မှ စတင်၍ ဝန်ကြီးဌာနများ နှင့် ကုမ္ပဏီများမှ ကာလတို/ ကာလရှည် ငှားရမ်း အသုံးပြုနိုင်ပြီဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားတယ်လို့သိရပါတယ်။

 ငှားရမ်းအသုံးပြုလိုတဲ့ ကုမ္ပဏီတွေအနေနဲ့ အသေးစိတ် သိရှိလိုပါက e-mail လိပ်စာအမှတ် [email protected] သို့ စုံစမ်းမေးမြန်း နိုင်ပါကြောင်း သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

%d bloggers like this: