အရည်ပျော်ဂြိုလ်သား ဒီဇိုင်း စက်ရုပ်ကို တီထွင်နိုင်ပြီ

ကာလဖိုးနီးယား ဆန်ဒိုင်ဂို တက္ကသိုလ် က နာနိုအင်ဂျင်နီယာပညာရှင်တွေ က နာမည်ကျော် ရုပ်ရှင်မင်းသား အာနိုးဆွာလ်နီးဂါး အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကားထဲ ဗီလိန်စက်ရုပ်ဖြစ်ခဲ့တဲ့ T1000 စက်ရုပ်(မြန်မာတို့အခေါ် အရည်ပျော်ဂြိုလ်သား စက်ရုပ်အတိုင်း ပြင်ပလောက လူနေမှုဘ၀ဆီကို ဆွဲခေါ်လာနိုင်ဖို့ လမ်းစ တွေ့ခဲ့တယ် လို့ သတင်းရရှိပါတယ်။
.
ပညာရှင်တွေဟာ နှစ်ပေါင်းများစွာ အဲဒီ T1000 စက်ရုပ်တီထွင်ဖို့အတွက် နည်လးမ်းပေါင်းများစွာ ရှာကြံနေခဲ့ရာ နောက်ဆုံးအဆင့်ဖြစ်တဲ့ (ကိုယ့်ဘာသာသွေးပြန်ဖြည့်တဲ့အဆင့်) စက်ရုပ်အရ ဆိုရင် ကိုယ့်ဘာသာ ပြန်လည်ပြုပြင်တဲ့အဆင့်မှာ ထစ်အ နေခဲ့ပြီး ရှေ့ဆက်မတိုးနိုင်ပဲ ရှိနေခဲ့ရာကနေ နာနိုအင်ဂျင်နီယာ တွေ က Device တစ်ခုကို တီထွင်အောင်မြင်လိုက်ခြင်း ဖြစ်ပါတယ်။
.
1b68599b000005dc-3894152-image-a-23_1478017954266
အဆိုပါ Device ဟာ ၃ မီလီမီတာ (၀.၁ လက်မ) မျှသာ ရှိပြီး ကြယ်သီးတစ်လုံးမျှသာ ဖြစ်ပြီး စက်ရုပ်ရဲ့ အကျီမှာ တပ်ဆင်ထားရမှာ  ဖြစ်ပြီး အဲဒီ Device ကနေ တဆင့် လျှပ်စစ်စီးကြောင်းတွေ ထုတ်လွှတ်နိုင်ပြီး ပျက်စီးနေတဲ့ အစိတ်အပိုင်းတွေကို AI နည်းပညာ နဲ့ ကြည့်ရှုပြီး Device ကနေ စက္ကန့်ပိုင်းအတွင်းမှာပဲ ပြန်လည် ပြုပြင်ပေးမယ် လို့ သိရပါတယ်။
.
ရုပ်ရှင်ထဲက T1000 စက်ရုပ်ဟာ ထိခိုက်ပျက်စီးမှုတွေအတွက် သူ့ဘာသာ ပြန်လည်ပြုပြင်နိုင်ပြီး နာနိုအင်ဂျင်နီယာတွေ တီထွင်ထားတဲ့ ပစ္စည်းကိုသာ စက်ရုပ်မှာ တပ်ဆင်လိုက်မယ် ဆိုါပက ElectroChemical အာရုံခံစနစ် ၊ ပြန်လည်တည်ဆောက်နိုင်တဲ့ ဘက်ထရီ၊ အီလက်ထရောနစ်ဆားကစ်ပေါင်းများ စွာ ပါဝင်တဲ့ ကြယ်သီးကလေးကိုသာ အသုံးပြုမယ် ဆိုပါက ညဏ်ရည်မြင့်မားတဲ့ ဘယ်လို စက်ရုပ်မျီုးမဆို သူ့ကိုယ်တိုင် ပြန်လည်ပြုပြင်သွားစေနိုင်မယ်လို့ သိရပါတယ်။

Ref : DM

Comments

comments

Top