0 Shares 19 Views

iOS စနစ်သုံး ကိရိယာတွေအတွက် အကောင်းဆုံး သတင်းတွေစုစည်းဖော်ပြပေမယ့် Microsoft ရဲ့  News Pro App

Jan 27, 2016
0 19

သတင်းတွေနဲ့ ပတ်သက်တဲ့ ပြဿနာကတော့ သတင်းတွေများပြားနေခြင်းပါပဲ။ ကျွန်ုပ်တို့ဟာ နေ့စဉ် မိနစ်တိုင်းမှာ အရေးကြီး ကြားဖြတ် သတင်းတွေ ၀န်းရံထားတာကို ခံနေရပါတယ်။

ဒါဆိုရင် ကျွန်တော်တို့ အသုံးမ၀င်တဲ့ သတင်းတွေကနေ အသုံးဝင်တဲ့ သတင်းတွေကို ဘယ်လိုခွဲခြားကြမလဲ? Microsoft ကုမ္မဏီဟာ ဒါကိုဖြေရှင်းနိုင်ဖို့အတွက် News Pro ဆိုတဲ့ အက်ပလီကေးရှင်း တစ်ခုကို ထုတ်လုပ်လိုက်ပါတယ်။ စိတ်မကောင်းစရာကတော့ ဒီ အက်ပလီကေးရှင်းဟာ iOS ဗားရှင်းသာ ထွက်ပေါ်လာသေးတာဖြစ်ပါတယ်။ သေချာတာကတော့ Microsoft ဟာ iOS 9 မှာပါဝင်တဲ့ Apple ရဲ့  ကိုယ်ပိုင်အက်ပလီကေးရှင်း Apple News ကို ယှဉ်ပြိုင်ဖို့ ကြိုးစားနေတယ်ဆိုတာပါပဲ။

Microsoft က ဒီ အက်ပလီကေးရှင်းကို ဖော်ကျူးထားတာကတော့ “သင့်အလုပ်အတွက် အလွန်-အသုံးတည့်သောသတင်းများ” ဆိုတာပဲဖြစ်ပါတယ်။ ပြောချင်တာကတော့ New Pro အက်ပလီကေးရှင်းဟာ Bing ကို အသုံးပြုပြီး သတ်မှတ် သတင်း စုစည်းမှုတစ်ခုကို ဖန်တီးထားနိုင်မှာပါ။ သင်ဟာ အိုင်တီနယ်ပယ်မှာ အလုပ်လုပ်ကိုင်နေသူဆိုရင်လည်း နည်းပညာနဲ့ ပတ်သက်တဲ့ အရေးကြီးပြီး အသုံးတည့်သော သတင်းတွေအားလုံးကို စုစည်းပြီး သင့်ဆီမှာ ပြသပေးမှာပါ။ သင့်အတွက် ဂရုစိုက်စရာ မလိုသတင်းတွေကို ဖယ်ရှားထားပေးမှာပါ။

ဒီ အက်ပလီကေးရှင်းကို အသုံးပြုတော့မယ်ဆိုရင် Linkedln သို့ Facebook ကနေ Sign In ပြုလုပ်ပေးရမှာပါ။ ပြီးရင်တော့ သင့်ရဲ့  အချက်အလက်တွေကို ဖြည့်စွက်ပြီး သင်လိုချင်တဲ့ သတ်မှတ် သတင်းစုစည်းမှု တစ်ခုကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ အခမဲ့ ဒေါင်းလုဒ် ပြုလုပ်နိုင်မယ့် ဒီအက်ပလီကေးရှင်းကို အမေရိကန် ပြည်ထောင်စုမှာပဲ အသုံးပြုခွင့်ရနိုင်ဦးမှာပါ။ ကျန်တဲ့ နိုင်ငံတွေမှာတော့ Browser ကတစ်ဆင့် ၀င်ရောက်အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

Ref : Tech Radar

You may be interested

Samsung Galaxy S9 ရဲ့တကယ့်အပြင်ပုံစံပေါက်ကြားလာ
Mobiles & Tablets, NEWS, Samsung
0 shares0 views

Samsung Galaxy S9 ရဲ့တကယ့်အပြင်ပုံစံပေါက်ကြားလာ

Nwe Oo Thant - Feb 22, 2018

[Zawgyi] အခုဆိုရင် Mobile World Congress 2018 ပွဲကျင်းပဖို့ Samsung Galaxy S9 နဲ့ S9 Plus တွေတရားဝင်မိတ်ဆက်ဖို့ ရက်ပိုင်းလေးလောက်ပဲလိုပါတော့တယ်။ တကယ်ဖုန်းလေးရဲ့ ပုံစံကိုအပြင်မှာ မြင်ချင်နေကြတဲ့သူတွေရှိမှာပါ။ အခုဒီဖုန်းလေးတွေက ဘာစီလိုနာမှာကျင်းပမယ့်ပွဲအတွက် ဘာစီလိုနာဆီရောက်လာခဲ့ပါပြီ။ အခုအောက်မှာဖော်ပြလိုက်တဲ့ပုံကတော့ တစ်စုံတစ်ယောက်…

Motherboard တစ်ခုဘယ်လိုအလုပ်လုပ်သလဲ?
Chipset, FEATURES
86 shares93 views

Motherboard တစ်ခုဘယ်လိုအလုပ်လုပ်သလဲ?

Nwe Oo Thant - Feb 22, 2018

[Zawgyi] Motherboard ဆိုတဲ့စကားလုံးကို တော်တော်များများကြားဖူးကြမှာပါ။ ဒါပေမယ့် motherboard တစ်လုံးဘယ်လိုအလုပ်လုပ်သလဲဆိုတာက?? Motherboard ကို ကုမ္ပဏီကြီးတစ်ခုရဲ့ရုံးချုပ်အနေနဲ့စဉ်းစားကြည့်လိုက်ရအောင်။  ရုံးချုပ်ဆိုတာမျိုးမရှိရင် အလုပ်သမားတွေကိုတာဝန်တွေဘယ်သူက ခွဲဝေပေးမလဲ? ဒီလိုပါပဲ ကွန်ပျူတာတစ်လုံးရဲ့အချက်အခြာကလည်း motherboard ဖြစ်ပြီး ကွန်ပျူတာတစ်လုံးမှာရှိသမျှအရာတွေကို ချိတ်ဆက်ပေးထားပါတယ်။ ဒါဆို motherboard ဆိုတာဘာလဲ? Motherboard…

အိတ်ထောင်ထဲထည့်လိုက်ရုံနဲ့ကြိုးမဲ့အားသွင်းပေးမယ့် Snow-C စမတ်ဂျက်ကက်
Life Style, Tech Update
74 shares68 views

အိတ်ထောင်ထဲထည့်လိုက်ရုံနဲ့ကြိုးမဲ့အားသွင်းပေးမယ့် Snow-C စမတ်ဂျက်ကက်

Nwe Oo Thant - Feb 22, 2018

[Zawgyi] နောက်ဆုံးမှာတော့ တစ်နေ့တစ်ခြားအလုပ်တွေနဲ့မအားလပ်လာတဲ့လူတွေအတွက် ၂၁ရာစု ဂျက်ကတ် တွေကအသင့်ဖြစ်နေပါပြီ။ တစ်နေ့တစ်နေ့အားသွင်းကြိုးတွေနဲ့ရှုပ်ယှက်ခတ်နေစရာမလိုတော့အောင် SNOW-C စမတ်ဂျတ်ကတ်လေးရောက်လာပါပြီ။ ကိုယ့်ရဲ့အိတ်ကပ်ထဲမှာကြိုးမဲ့အားသွင်းတဲ့ charger လိုမျိုးလုပ်ပေးမှာဖြစ်ပေမယ့် ဘက်ထရီထည့်ထားတယ်လို့တော့ ခံစားရစေမှာမဟုတ်ပါဘူး။ တစ်နေ့တာအတွက်တော့ ဘက်ထရီကုန်မှာပူစရာမလိုတော့ဘူးပေါ့။ Wireless Charging Pockets ကြိုးမဲ့အားသွင်းနိုင်ဖို့အတွက် wireless charger တွေကို…

Most from this category