ရိုဘော့ ခုနှစ်လွှာချွတ်မယ်

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း က ကျင်းပပြီးစီးသွားခဲ့တဲ့ International Sex Show ပွဲမှာ တက်ရောက်အားပေးခဲ့တဲ့ လူတွေ အားလုံး စိတ်ဝင်တစား ကြည့်ခဲ့ကြတဲ့ ခုနှစ်လွှာချွတ်မယ် တစ်ယောက် ကတော့Pole Dancer လို့ ခေါ်တဲ့ အဖော်အချွတ်မယ် ကလေး ပါပဲ။
.
ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာ က အဲဒီ ခုနှစ်လွှာချွတ်မယ် ဟာ ရိုဘော့စက်ရုပ်တစ်ရုပ်မျှသာ ဖြစ်ပြီး တီထွင်သူက ဗြိတိန်သား အနုပညာရှင် Giles Walker ဖြစ်တယ် လို့ သိရပါတယ်။ ၂၀၁၂ခုနှစ် က မအောင်မမြင်ဖြစ်ခဲ့ရတဲ့ စက်ရုပ်ကိုပဲ ပြန်လည်မွန်းမံထားတာ ဖြစ်ပါတယ်။
.
3abf2c4300000578-3971484-image-a-5_1480081722867
ကပွဲခန်းမအလယ်မှာ တည်ရှိနေတဲ့ တိုင်တစ်တိုင် မှာ ပတ်ပြီး လာရောက်တဲ့ ဧည့်သည်တွေကို ဧည့်ခံခဲ့တဲ့ ရိုဘော့ခုနှစ်လွှာချွတ်မယ်ကလေးအတွက် တီးလုံးသံကိုလည်း Robot DJ က တာဝန်ယူခဲ့ပါတယ်။ ကြမ်းရှခက်ထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ အကြားမှာ အနုပညာရသမြောက်ဖို့နဲ့ စိတ်လှုပ်ရှားမှုတွေ ဖြစ်ပေါ်စေဖို့အတွက် ပညာရှင် ဂီလီဝေါကာ ဟာ ၅ နှစ်ကျော် အချိန်ယူခဲ့ရပြီး ကကွက်တွေနဲ့ သီချင်းသရုပ်ဖော် ဗွီဒီယိုခွေပေါင်းများစွာကို လေ့လာခဲ့ရတယ် လို့ ဆိုပါတယ်။
.
ဦးနှောက်အတွင်းမှာ တုံ့ပြန်ဖို့ တပ်ဆင်ထားတဲ့ AI အပါအဝင် တခြား ကုန်ကျစရိတ်တွေ ပါ ထည့်တွက်မယ် ဆိုရင် Robot Stripper လို့ ခေါ်တဲ့ ခုနှစ်လွှာချွတ်မယ် အတွက် ပေါင် ၅၀၀၀ ခန့် ရင်းနှီးမြုပ်နှံခဲ့ရတယ် လို့ ဆိုပါတယ်။ အခုအချိန်မှာတော့ ပရောဂျက်အောင်မြင်သွားတဲ့ ဂီလီဝေါ့ကာ ဟာ သူ့ရဲ့ပရောဂျက်ကို ကုမ္ပဏီကြီးတစ်ခု ကို ပြန်လည်ရောင်းချသွားဖို့ အခွင့်အလမ်း ရရှိသွားပြီး ရှိုးပွဲရဲ့ CCTV ကင်မရာ အရ Robotic Pole Dancer အက ဟာ လူပေါင်းများစွာကို
စိတ်ဝင်တစား နဲ့ စောင့်ကြည့်စေနိုင်တဲ့အထိ ဆွဲဆောင်နိုင်တဲ့ ခုနှစ်လွှာချွတ် အက တစ်ခုလည်း ဖြစ်ခဲ့တယ လို့ သိရပါတယ်။
..
Ref : DM

%d bloggers like this: