0 Shares 209 Views

ဒေါ်လာ ၅ ဘီလီယံတန် Apple ရုံးချုပ်အသစ် ကို ဒရုမ်း နဲ့ ရိုက်ယူပြီး လွှင့်ထုတ်ပြ

Nov 29, 2016
0 209

Apple ကုမ္ပဏီကနေပြီး လာမည့် ၂၀၁၇ ခုနှစ်အတွင်းမှာ စတင်ရုံးထိုင်မယ့် အမေရိကန် ဒေါ်လာ ၅ ဘီလီယံတန် ရုံးချုပ်အသစ် ကို Drone လေယာဉ် နဲ့ ရိုက်ကူးခဲ့ပြီး သတင်းမီဒီယာတွေနဲ့ ၀န်ထမ်းတွေကို အကြောင်းကြား ပြသခဲ့ပါတယ်။

.
ဝန်ထမ်းတွေအတွက် ကုန်ဆုံးသွားတဲ့ စွမ်းအင်တွေကို ပြန်လည် ဖြည့်တင်းပေးဖို့ အကောင်းဆုံးနေရာတစ်ခု အဖြစ် ကုမ္ပဏီ က တင်စားပြောဆိုခဲ့ပါတယ်။ ရုံးချု့်အသစ် ကို Cupertino ရုံးချုပ်လို့ ခေါ်ဆိုခဲ့ပြီး စတိဗ်ေ၈ျာ့ဘ် က Apple Campus 2 လို့ အမည်ပေးထားခဲ့ပါတယ်။ စတိဗ်ဂျော့ဘ် ရှိစဉ်ကတည်း က အဲဒီရုံးချုပ်အတွက်ကို တင်ကြိုစဉ်းစားထားတာဖြစ်တဲ့အပြင် ၁၇၆ ဧက ရှိခဲ့တဲ့ မြေဧက ကျယ်ဝန်းလွန်းတဲ့ နေရာတစ်ခု ကို ၀ယ်ယူအခြေချတဲ့အတွက် “အာကာသ ထဲက နေရာတစ်ခုကို တော့ ငါတို့ ရောက်ပြီ“ ဆိုပြီး ချီးကျူးခဲ့ပါတယ်။
.
ဗြိတိန်နိုင်ငံရဲ့ နာမည်ကျော် ဗိသုကာပညာရှင်များ အဖွဲ့အစည်းဖြစ်တဲ့ Norman Foster အဖွဲ့ က ရေးဆွဲပေးခဲ့တာ ဖြစ်ပြီး ၀န်ထမ်းပေါင်း ၁၃၀၀၀ ကျော် အမှုထမ်းဆောင်နိုင်အောင်ကို ပင် ကျယ်ဝန်းတဲ့ နေရာရှိပါတယ်။ ကြီးမားကျယ်ပြန်တဲ့ ပန်းခြံတစ်ခု လည်း ပါဝင်ပြီး အလယ်တည့်တည့်ရဲ့ အဆောက်အဦး ဟာ လက်စွပ်ကွင်း ၄ ခု ကို ခေါင်းချင်းဆိုင်ထားသကဲ့သို့ ရှိပါတယ်။
.
ပင်မအဆောက်အဦး ရဲ့ ခေါင်မိုးကို ဆိုလာပြားတွေနဲ့ တည်ဆောက်ထားပြီး စိမ်းလန်းစိုပြေလွန်းတဲ့ သီးပင်၊ စားပင်တွေပါ စိုက်ပျိုးပေါက်ရောက်လျက်ရှိတဲ့အပြင် အပင်ပေါင်း ရာနဲ့ချီပါဝင်ပါတယ်။ ဧရိယာစတုရန်း ပေ နဲ့ တွက်ချက်ကြည့်မယ် ဆိုရင် ပေပေါင်း ၁ သိန်း ကျော် ရှိတဲ့ မြေနေရာမှာ Facility ပြည့်ဝတဲ့ ရုံးခန်းအဆင်အပြင် ၊ ကျယ်ပြန့်တဲ့ ကားပါကင်နေရာတွေအပြင် ဆိုင်ကယ်၊ စက်ဘီး စီးရင်း အပန်းဖြေခရီးတို ထွက်လိုသူတွေအတွက်လည်း အဆင်ပြေစေတဲ့အပြင် Drone လိုမျိုး ထုတ်ကုန်အသစ်တွေကို စမ်းသပ်လေ့ကျင့်နိုင်စေမယ့် နေရာတစ်ခုလည်း ဖြစ်ပါတယ်။

Ref : recode

You may be interested

Brazzers က Porn ကြည့်ဖို့ အထူးဒီဇိုင်းထုတ်ထားတဲ့ စမတ်ဖုန်းကို ဖန်တီးနေ
Mobiles & Tablets, NEWS
0 shares0 views

Brazzers က Porn ကြည့်ဖို့ အထူးဒီဇိုင်းထုတ်ထားတဲ့ စမတ်ဖုန်းကို ဖန်တီးနေ

Ko Thuya - Oct 22, 2017

လူကြီးဖျော်ဖြေရေး ၀က်ဆိုက်များဟာ Virtual Reality လို အဆင့်မြင့် နည်းပညာများကို အသုံးပြုနေကြပါတယ်။ အခုလည်း နာမည်ကျော် အပြာဝက်ဆိုက် Brazzers က Porn ကြည့်ဖို့ အထူးဖန်တီးထားတဲ့ စမတ်ဖုန်းကို ဖန်တီးနေပါတယ်။ အဲဒီ ဖုန်းကို Brazzers Peach လို့…

iPhone 9 မှာ iPhone X ရဲ့ Features အားလုံးပါပြီး ဈေးသက်သာမည်
Apple, HUBS, Mobiles & Tablets
265 shares45 views

iPhone 9 မှာ iPhone X ရဲ့ Features အားလုံးပါပြီး ဈေးသက်သာမည်

Ko Thuya - Oct 22, 2017

iPhone X ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ဒေါ်လာ ၁၀၀၀ ရှိတဲ့အတွက် အလွန် ဈေးကြီးတဲ့ ဖုန်း ဖြစ်ပါတယ်။ iPhone X ကို နိုဝင်ဘာလ ၃ ရက်နေ့မှာ စတင် ရောင်းချပေးမှာ ဖြစ်ပေမယ့် အလုံအလောက် ရောင်းချနိုင်ခြင်း…

Google က ပွာတိုရီကိုမှာ မိုးပျံဘောလုံးများဖြင့် အင်တာနက် ထုတ်လွှင့်ပေး
Google, HUBS, NEWS
83 shares2 views

Google က ပွာတိုရီကိုမှာ မိုးပျံဘောလုံးများဖြင့် အင်တာနက် ထုတ်လွှင့်ပေး

Ko Thuya - Oct 22, 2017

Google က အမေရိကန် ဆက်သွယ်ရေးကော်မရှင် (FCC) ထံကနေ ခွင့်ပြုချက် ရရှိပြီးနောက်မှာ ပွာတိုရီကိုမှာ မိုးပျံဘောလုံးများဖြင့် အင်တာနက် ထုတ်လွှင့်ပေးတဲ့ အစီအစဉ်ကို စတင်လိုက်ပါတယ်။ Google က ကျွန်းရဲ့ ဧရိယာအချို့ကို အင်တာနက်ထုတ်လွှင့်ပေးဖို့အတွက် AT&T နဲ့ ပူးပေါင်းလိုက်ပြီလို့ ပြီးခဲ့တဲ့…

Most from this category