ထာဝစဉ် လှပနေချင်သူတွေအတွက် စမတ်မှန်

ထာဝစဉ်လှပနေချင်သူတွေ၊ အမြဲလိုနုပျိုလိုသူတွေအတွက် မျက်နှာပြင် ပေါ်က အရေးအကြောင်းမှန်သမျှကို နေ့စဉ်ဆိုသလို စစ်ဆေးပေးနိုင်စေမယ့် စမတ်မှန် တစ်ခု ကို မိတ်ဆက်ပေးချင်ပါတယ်။
.
189 ပေါင်တန် ဒီ စမတ်မှန် HiMirror ဟာ မြန်မာငွေနဲ့ ဆိုရင်တော့ ၂သိန်းခွဲဝန်းကျင်လောက် ကျသင့်မှာ ဖြစ်ပါတယ်။ တကယ်လို့ မှန်ကိုယ်ထည် ကို ပါ ယူမယ်ဆိုရင်တော့ ပိုပြီး ပြည့်စုံသွားမှာ ဖြစ်ပေမယ့် ပေါင် ၃၀၀ လောက် ကျသင့်မှာ ဖြစ်ပါတယ်။ မှန်ကို ကြည့်ရှုလိုက်စဉ်မှာ အသားအရည်ကို Capture ဖမ်းပြီး tone ခွဲကာ အသားအရည် ပျက်စီးမှု ရှိ၊ မရှိဆိုတာ ကို စစ်ဆေးပေးမှာ ဖြစ်ပါတယ်။ အဲဒီလို စစ်ဆေးတဲ့နေရာမှာလည်း မျက်ခုံး၊မျက်လုံးအောက်တွေ က အရေးအကြာင်း သေးသေးလေးတွေ က အစ အသေးစိတ် စစ်ဆေးပေးမှာ ဖြစ်ပါတယ်။ Hi Mirror နောက်ကွယ်မှာ Skin Analysis Engine တစ်ခုက နောက်ကွယ်ကနေ အလုပ်လုပ်ပေးမှာ ဖြစ်ပါတယ်။
.
အဲဒီအပြင်မှာ ကိုယ့်မျက်နှာပြင်မှာ ရှိတဲ့ အဖြူစက်၊ အနီစက်တွေ ၊ ချိုင့်ခွက်တွေ ၊ ဝက်ခြံအဖုအပိန့်တွေကိုပါ စမ်းသပ်စစ်ဆေးပေးမှာ ဖြစ်ပါတယ်။ စမတ်မှန်ထဲက Application တွေ အလု်ပလုပ်ဖို့အတွက် Wi-Fi access လိုအပ်ပါတယ်။ အဲဒီကနေတဆင့် မှန်ကိုထုတ်လုပ်တဲ့ Skincare Zone  ဆာဗာကို သွားရောက်ပြီး ပရိုဂရမ် ရဲ့ ထည့်သွင်းထားတဲ့ logic အရ အမှားအယွင်းရှိနေတဲ့နေရာကို ညွှန်းဆိုပြသပြီး ပြုပြင်ဖို့ အကြံပေးမှာဖြစ်တယ် လို့ သိရပါတယ်။ Wi-Fi နဲ့ ချိတ်ဆက်အသုံးပြုတာ ဖြစ်တဲ့အတွက် Privacy ကိုတော့ အနည်းနဲ့ အများဆိုသလို ထိခိုက်စေမှာ ဖြစ်တဲ့အတွက် ကျန်းမာရေးပညာရှင် အချို့ကတော့ သိတ်ပြီး မနှစ်ခြိုက်ကြဘူး လို့ လည်း သိရပါတယ်။
.
စမတ်မှန်ကို လက်အမူအရာ ၊ ကိုယ်အမူအရာတွေ အပြင် ကိုယ့်ရဲ့ အသံစနစ်နဲ့ ပါ ထိန်းချုပ်ပေးမယ် လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း က အမေရိက ဈေးကွက်မှာ ရောင်းချအောင်မြင်ခဲ့ပြီးနောက် သိတ်မကြာခင်လအတွင်းမှာပဲ အာရှ နဲ့ အရှေ့အာရှဈေးကွက် ကို ရောက်ရှိမယ် လို့ ဆိုပါတယ်။

 

Ref : DM

%d bloggers like this: