အများစောင့်မျှော်နေတဲ့ Feature တွေပါဝင်လာတော့မယ့် Pokemon Go

လာမယ့် ဒီဇင်ဘာလအတွင်းမှာ ထွက်ရှိလာမယ့် Pokemon Go update မှာ လူအများ စောင့်မျှော်နေတဲ့ Feature တွေ ပါဝင်လာတော့မှာဖြစ်ပါတယ်။

ရာဂဏန်းကျော်တဲ့ Normal နဲ့ Legendary Pokemon တွေ၊ player အချင်းချင်းချလို့ရတဲ့ battle တွေ၊ Pokemon အချင်းချင်း trade လို့ရတာတွေနဲ့ Pokemon တွေရဲ့ ability တွေကို မြင့်တက်အောင် လေ့ကျင့်ပေးလို့ရတာတွေ အစရှိတဲ့ ကစားသူတွေ မျှော်လင့် တောင့်တနေတဲ့ Feature တွေပါဝင်လာဖို့အတွက် သေချာသလောက်ရှိနေပြီး Legendary Pokemon တွေဖြစ်တဲ့ Mew နဲ့ Mewtwo ပါဝင်လာဖို့ပါ မျှော်လင့်ထားတယ်လို့ သိရပါတယ်။

ဒီ Feature တွေအားလုံးနဲ့ပတ်သတ်ပြီး Pokemon Go ကိုဖန်တီးခဲ့တဲ့ Niantic Labs ရဲ့ CEO ဖြစ်သူ John Hanke နဲ့ လူသိရှင်ကြားဆွေးနွေးခဲ့ တရားဝင် အတည်ပြုချက်တော့ မထုတ်ပြန်သေးဘူးလို့သိရပါတယ်။ ဒါပေမယ့် Niantic ရဲ့ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးကတော့ “Gen 2” is coming လို့ပြောကြားခဲ့တဲ့အတွက် ဒီဇင်ဘာလအတွင်းမှာ တစ်ခုခု ထူးခြားတာ ပါလာမှာတော့ သေချာသလောက်ရှိနေပြီဖြစ်ပါတယ်။

ဒီ Feature တွေသာ အမှန်တကယ်ပြန်လည်ပါဝင်လာခဲ့ပါက Pokemon Go ဆော့ကစားသူ ဦးရေဟာ ပြန်လည် မြင့်တက်လာဖွယ် ရှိတယ်လို့ သိရပါတယ်။

Ref: AndroidAuthority

%d bloggers like this: