(၁၉၅၀)ခုနှစ်ဝန်းကျင်က ခေတ်ဟောင်း ဒီဇိုင်းနဲ့ ခေတ်ပေါ် LCD TV

(၁၉၅၀)ခုနှစ်တွေကနေ (၁၉၆၀) နှောင်းပိုင်းလောက်အထိ ခေတ်စားခဲ့တဲ့ သစ်သား ကိုယ်ထည်နဲ့ ရှေးဟောင်း TV တွေဟာ (၁၉၇၀) နှစ်လည်ပိုင်းလောက်ကစပြီး ပျောက်ကွယ်သွားခဲ့ပါတယ်။ အခုခေတ်လူငယ်တွေအနေနဲ့ကတော့ ခေတ်ဟောင်း နိုင်ငံခြား ရုပ်ရှင်တွေထဲမှာလောက်ပဲ ဒီ TV တွေကိုတွေ့မြင်ဖူးကြမှာပါ။

ဒီလိုရှေးဟောင်း TV ဒီဇိုင်း မျိုးကိုမှ ကြိုက်နှစ်သက်တဲ့သူတွေအတွက် ဂျပန်နိုင်ငံက လျှပ်စစ်ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Doshisha က အခုခေတ်ပေါ် LCD TV တွေကို ပုံထဲကလို Retro ဒီဇိုင်းနဲ့ ဖန်တီးထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။

doshisha_retro_lcd_tv_3-620x650

ကျွန်တော်တို့တောင် မမွေးသေးတဲ့ (၁၉၅၀)ခုနှစ်တွေတုန်းက ခေတ်စားခဲ့တဲ့ ပုံစံအတိုင်း ဖန်တီးထားပြီး TV ရှေ့က အသံအတိုး၊အချဲ့ခလုတ်တွေနဲ့ channel ခလုတ်တွေက အလှသက်သက်မဟုတ်ဘဲ အမှန်တကယ်အလုပ်လုပ်မှာဖြစ်ပြီး အတွင်းမှာတော့ HDMI, AV နဲ့ USB inputs တွေပါဝင်တဲ့ လက်မ(၂၀) LCD screen ကိုတပ်ဆင်ထားပါတယ်။

doshisha_retro_lcd_tv_2-620x543

LCD TV ကပါးလွှာတဲ့အတွက် အနောက်က နေရာလွတ်မှာ Game ခလုတ်တို့ Remote တို့ အခွေတို့ အစရှိတဲ့ ပစ္စည်းတွေကို ထည့်သွင်းသိမ်းဆည်းထားလို့ရပါသေးတယ်။

ဒီ TV ရဲ့ ဈေးနှုန်းကတော့ (၉၅၈) ဒေါ်လာဖြစ်ပြီး Japan Trend Shop နဲ့ Amazon Japan တို့မှာ မှာယူနိုင်ပြီဖြစ်တယ်လို့သိရပါတယ်။

%d bloggers like this: