0 Shares 1127 Views

RAM 3GB ရှိတဲ့ တန်ဖိုးနည်းစမတ်ဖုန်း Eluga Turbo ကို Panasonic ဖြန့်ချိ

Jan 27, 2016
0 1127

ဂျပန်အီလက်ထရောနစ်ပစ္စည်းကုမ္ပဏီဖြစ်တဲ့ Panasonic ဟာ ၂၀၁၆ခုနှစ်အတွက် ကုမ္ပဏီရဲ့ပထမဆုံးစမတ်ဖုန်းကို အိန္ဒိယနိုင်ငံမှာ စတင်ဖြန့်ချိလိုက်ပါတယ်။ Eluga Tubro လို့ နာမည်ပေးထားတဲ့ Android 5.1 Lollipop စနစ်သုံး စမတ်ဖုန်းကို လက်ရှိမှာ အိန္ဒိယနိုင်ငံက Snapdeal အွန်လိုင်းဈေးဝယ်ဝက်ဆိုဒ်ကနေပဲ ၀ယ်ယူလို့ရှိသေးပြီး ရူပီးငွေ ၁၀၉၉၉ ( မြန်မာငွေ ၂ သိန်းစွန်းစွန်း) သာ ဈေးရှိပါတယ်။

Panasonic Eluga Turbo ဖုန်းဟာ SIM နှစ်ကတ်ထိုးနိုင်ပြီး၊ 720×1280 pixels ရှိတဲ့ ၅လက်မအရွယ် HD ဖန်သားပြင်နဲ့ဖြစ်ပါတယ်။ octa-core ပရိုဆက်ဆာကိုအသုံးပြုထားပြီး RAM က 3GB တောင်ရှိတာကြောင့် တန်ဖိုးနည်းစမတ်ဖုန်းတွေထဲမှာ RAM အများဆုံးဖုန်းတစ်လုံးလို့ဆိုရမှာပါ။

Eluga Turbo ဖုန်းဟာ ကုမ္ပဏီရဲ့ FitHome UI ဒီဇိုင်းနဲ့ ဖြစ်ပြီး၊ ရိုးရှင်းသပ်ရပ်တဲ့ပုံစံရှိပါတယ်။ ကျောဘက်ကင်မရာက 13 megapixel ရှိပြီး LED flash မီးပါတဲ့ 5 megapixel ရှေ့ကင်မရာတို့ပါဝင်ပါတယ်။ apps၊ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ထည့်သွင်းသိမ်းဆည်းဖို့အတွက် 32 GB storage ပါရှိပြီး၊ microSD ကတ်ထပ်စိုက်ကာ ထပ်ချဲ့လို့ရပါတယ်။ ဒါပေမယ့် ဈေးကွက်အတွင်းကစမတ်ဖုန်းအများစုလိုတော့ microSD ကတ်ကြီးကြီး ထည့်လို့ရမှာမဟုတ်ဘဲ 32 GB အထိသာထည့်သုံးနိုင်ပါတယ်။

ကွန်ရက်ချိတ်ဆက်မှုပိုင်းမှာတော့ 4G LTE ကွန်ရက်ချိတ်နိုင်ပြီး၊ GPS၊ Wi-Fi၊ Bluetooth 4.0 တို့ ချိတ်ဆက်နိုင်ပါတယ်။ 2350mAh ဘက်ထရီ ပါရှိတဲ့ တန်ဖိုးနည်းစမတ်ဖုန်းတစ်လုံးဖြစ်ပြီး၊ ပင်လယ်ပြာရောင်၊ ရှန်ပိန်ရွှေရောင် (၀ါညိုနုရောင်) ၊ ပန်းရွှေရောင် ဆိုပြီး အရောင်သုံးမျိုးရွေးချယ်ဝယ်ယူနိုင်ပါတယ်။

Ref: Gadgets360

You may be interested

ရေအောက်ထဲမှာ အသုံးပြုလို့ရတဲ့ Casio ရဲ့ အကြမ်းခံ Action Camera
Camera, NEWS
211 shares26 views

ရေအောက်ထဲမှာ အသုံးပြုလို့ရတဲ့ Casio ရဲ့ အကြမ်းခံ Action Camera

Ko Thuya - Nov 22, 2017

Casio က အကြမ်းခံတဲ့ Action Camera အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ ကင်မရာဟာ ကုမ္ပဏီရဲ့ နာမည်ကျော် G-Shock Brand နဲ့ ပုံသဏ္ဍာန် ဆင်တူပါတယ်။ သူ့ရဲ့ အမည်ကတော့ G’z Eye GZE-1 ဖြစ်ပြီး အဲဒီအမည်ဟာ Casio…

OnePlus 5T နဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အချက် လေးချက်
Android, FEATURES, HUBS
258 shares78 views

OnePlus 5T နဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အချက် လေးချက်

Ko Thuya - Nov 22, 2017

OnePlus က သူ့ရဲ့ စွမ်းဆောင်ရည်မြင့် 5T စမတ်ဖုန်းကို မိတ်ဆက်ပြီး တစ်ပတ်အကြာမှာပဲ အချို့နိုင်ငံများမှာ ရောင်းချပေးလိုက်ပါပြီ။ သူ့ရဲ့ နာမည်ကျော် OnePlus 5 ကို ရောင်းချအပြီး ငါးလအကြာမှာ 5T ကို ရောင်းချပေးလိုက်တာ ဖြစ်ပါတယ်။ OnePlus ဟာ…

Facebook Messenger မှာ 4K resolution နဲ့ ပုံတွေ ပေးပို့နိုင်ပြီ
NEWS, Softwares & Application
352 shares576 views

Facebook Messenger မှာ 4K resolution နဲ့ ပုံတွေ ပေးပို့နိုင်ပြီ

Nwe Oo - Nov 22, 2017

အရင်က Facebook Messenger မှာ ပုံတွေပို့လိုက်တယ်ဆိုရင် ပုံတွေရဲ့ဖိုင်ဆိုဒ်ပမာဏကို ချုံ့ပြီးမှပို့တာကြောင့် မူလ resolution အတိုင်းမရဘဲ ဝါးသွားတာမျိုးတွေရှိပါတယ်။ အခုတော့ Facebook Messenger မှာ ပို့လိုက်တဲ့ resolution အတိုင်း ရနိုင်ပြီဖြစ်ပါတယ်။ ဘယ်လိုကွာသွားသလဲဆိုတာကို ပုံလေးတွေမှာကြည့်လိုက်ရအောင် အရင်တုန်းက Facebook…

Most from this category