ဆမ်းဆောင်း Galaxy S8 ရဲ့ ခန့်မှန်းခြေ Specs

လာမည့်နှစ် ၂၀၁၇ ခုနှစ် Mobile World Congress ပွဲစဉ်မှာ ချပြဖို့ ရှိနေတဲ့ Samsung Galaxy S8 ရဲ့ ခန့်မှန်းခြေ သတင်းတွေပေါ်ထွက်ခဲ့ပြီးနောက် ပါဝင်လာနိုင်ဖွယ်ရှိနေတဲ့ Specifications တွေကို ယနေ့ ဘလော့ဂ်တွေ နဲ့ ဝက်ဘ်ဆိုဒ်အများအပြား က ဖော်ပြထားခဲ့ပါတယ်။
.
samsung-galaxy-s8-trailer-2017122
အဲဒီ သတင်းတွေ အဆိုအရ အနီးစပ်ဆုံးနဲ့ အခါးသီးဆုံး ပြိုင်ဘက် iPhone 7 ကို ယှဉ်ပြိုင်ဖို့ အတွက် Galaxy S7 ထက် ပိုမိုကောင်းလွန်တဲ့ ပါဝင်ပစ္စည်းတွေက  S8 ဟာ 256GB အမျိုးအစား ဖုန်းကို အဓိက ထားပြီး အကောင်းဆုံး Tools တွေ ပံ့ပိုးသွားမယ် လို့ ဆိုပေမယ့် အရင်ကလို 32GB, 64GB ဗားရှင်းတွေတော့ ထုတ်လုပ်ဦးမှာ ဖြစ်ပါတယ်။
ဆမ်ဆော်ငးဟာ လက်ရှိမှာ Galaxy s8 version နှစ်ခုကို Dream 1 , Dream 2 အနေဖြင့် လျှို့ဝှက်အမည်ပေးထားခဲ့ပါတယ်။ Dream 1, Dream 2 တွေမှာ Micro SD card slot ပါရှိလာနိုင်ဖွယ် ရှိပြီး Galaxy S7 မှာ 4GB သုံးစွဲခဲ့ပေမယ့်  S8 မှာတော့ 6GB RAM ကို ထုတ်ပေးမှာဖြစ်ပါတယ်။ ပရိုဆက်ဆာ Snapdragon 835 ကိုပဲ ဆက်လက်သုံးစွဲသွားဖွယ်ရာ ရှိပြီး Exynos Chipset နဲ့ အလုပ်လုပ်မှာ ဖြစ်ပါတယ်။
ပေါ်ထွက်လာခဲ့တဲ့ ဗွီဒီယို အရ ၅.၁ လက်မ(3500 mAh ဘက်ထရီ) ၊ ၅.၅ လက်မ (4000 mAh ဘက်ထရီ) တွေနဲ့ ဗားရှင်း ၂ မျိုး နဲ့ ထုတ်လုပ်သွားမှာ ဖြစ်ပြီး Android 7 Nougat ကို အထောက်အပံ့ပေးမယ့် OS ကို ထည့်သွင်းထားပါတယ်။
မျက်နှာပြင် က Gorilla Glass သုံးစွဲထားပြီး Display အနေနဲ့ VR စက်တွေကိုပါ အထောက်အပံ့ပြုစေနိုင်မယ့် 4K resolution ကို ထည့်သွင်းသွားမှာ ဖြစ်တယ် လို့
သိရပါတယ်။
12 Megapixel, Dual Camera ပါရှိမှာဖြစ်ပြီး System UI ကိုလည်း အသစ်သုံးစွဲထားပါတယ်။ အရောင်တွေ အနေနဲ့ ပုလဲဖြူ၊ ရွှေသားပလက်တီနမ်၊ ပလက်တီနမ် ဘော်ငွေရောင် စတဲ့အရောင်တွေ ထုတ်လုပ်သွားမယ် လို့ သိရပါတယ်။ မျက်လုံးကို စကင်ဖတ်ပြီး ထိန်းချုပ်ထားနိုင်တဲ့ Iris Scanner ကိုလည်း လုံခြုံရေးအရ ထည့်သွင်းထားတယ် လို့ သိရပါတယ်။
Ref : CNet ၊ ibtimes ၊ Yahoo

%d bloggers like this: