0 Shares 151 Views

လုပ်ဆောင်ချက်အသစ်များစွာပါဝင်တဲ့ Android စနစ်သုံး Firefox App ဗားရှင်းအသစ်ထွက်ရှိ

သင့်အနေနဲ့ Android စနစ်သုံး မိုဘိုင်းလ်ဖုန်းမှာ ၀က်ဘ်ဆိုက်တွေကြည့်ရှုဖို့အတွက် Browser App တစ်ခု လိုအပ်နေပြီး Chrome App ကိုလည်း မသုံးချင်ဖြစ်နေတာလား? အခြား ကွဲလွဲတာတွေရှိနေပါတယ်။ Mozilla ကုမ္မဏီ ရဲ့  Firefox Browser ရဲ့  ဗားရှင်းအသစ် v44 ဟာ လုပ်ဆောင်ချက်အသစ်တွေများစွာနဲ့အတူ ထွက်ပေါ်လာခဲ့ပါပြီ။

Firefox v44 မှာ အသစ်ပါဝင်လာမယ့် လုပ်ဆောင်ချက်တွေများစွာရှိနေပါတယ်။ Cloud Printing ကို လုပ်ဆောင်နိုင်ဖို့အတွက် Android Print Service ဆိုတဲ့ လုပ်ဆောင်ချက်ကို အသုံးပြုနိုင်မှာဖြစ်ပြီ။ နောက်ထပ်လည်း Tab တစ်ခုအတွင်းမှာ URL တွေဖွင့်တော့မယ်ဆိုရင် အသုံးပြုသူကို သတိပေးမှုတွေလည်း ပြုလုပ်ပေးမှာပါ။ ကိုယ်အရင်က ရှာဖွေခဲ့ဖူးတဲ့ Search History ကိုလည်း ပြန်လည် အကြံပြုပေးဦးမှာပါ။ mms: protocol တွေနဲ့ URL တွေ ဖွင့်လှစ်ခြင်းကိုလည်း Support လုပ်ပေးမှာဖြစ်ပြီး အသုံးပြုသူတွေအနေနဲ့ ပထမဆုံးပြသမယ့် Homepage ကိုလည်း မိမိ နှစ်သက်တဲ့ ၀က်ဘ်ဆိုက် လင့်ခ်တွေ ထည့်သွင်းပေးထားနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အရင်တုန်းကတည်းက ပါဝင်ပြီးသား လုပ်ဆောင်ချက်အချို့ ပြောင်းလဲသွားတာကိုလည်း Firefox v44 မှာတွေ့ရမှာပါ။ Firefox ဗားရှင်းအသစ်ဟာ RC4 decipher လုပ်ဆောင်ချက် Support ရရှိမှုကို ဖယ်ရှားလိုက်ပါတယ်။ ဒါ့အပြင် Firefix ဟာ Equifax Secure Certificate ၊ Authority 1024-bit root Certificate နဲ့ UTN – DATACorp SGC to validate secure website certificates တို့ကိုလည်း Trust ပေးတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ကောင်းမွန်စွာ ပြောင်းလဲသွားတာတစ်ခုက Tabs Tray ပါ။ Tabs Tray ကိုဖွင့်လိုက်ရင်တော့ ကိုယ်ဖွင့်လှစ်ထားတဲ့ Tab တွေ အစဉ်လိုက်ကျလာမှာဖြစ်ပြီး လေးထောင့်ကွက်လေးထဲမှာ Tab တွေရဲ့  မြင်ကွင်းတွေကို ဖော်ပြပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Tab Manager ဘားကိုလည်း အပေါ်ဘက်မှာ မြင်ချင်ရင် ရွှေ့ပြောင်းနိုင်တယ်လို့ သိရပါတယ်။

Mozilla ကုမ္မဏီ ကပြောကြားခဲ့တာကတော့ Firefox ဗားရှင်းအသစ်ရဲ့ UI ဟာ တတ်ဘလတ်တွေနဲ့ ပိုမို သင့်တော်ပြီး ကျယ်ပြန့်တဲ့ မျက်နှာပြင်အနေအထား မျိုးမှာ ပိုပြီး အသုံးဝင်တယ်လို့ ဆိုထားပါတယ်။ Firefox v44 ကို Google Play Store မှာ update ၀င်လုပ်လို့ ရနေပါပြီ။

Ref : Android Police

You may be interested

မြန်မာနိုင်ငံကို သွားလည်ကြည့်ဖို့ တိုက်တွန်းတဲ့ Twitter CEO ဝေဖန်ခံရ
NEWS
770 shares256 views

မြန်မာနိုင်ငံကို သွားလည်ကြည့်ဖို့ တိုက်တွန်းတဲ့ Twitter CEO ဝေဖန်ခံရ

Nigma - Dec 10, 2018

(Zawgyi) Twitter CEO Jack Dorsey ဟာ မြန်မာနိုင်ငံအကြောင်း ချီးကျူးပြောဆိုမှုကြောင့် ဝေဖန်ခံနေရပါတယ်။ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်နေတဲ့ မြန်မာနိုင်ငံကို လည်ပတ်ဖို့ အကောင်းဆုံးနေရာတခု ဖြစ်ကြောင်း Jack Dorsey က တနင်္ဂနွေနေ့မှာ ရေးသားခဲ့အပြီးမှာ ဝေဖန်ခံခဲ့ရတာပါ။ Jack…

512GB ပါတဲ့ ZTE Nubia X Starry Night ထွက်ရှိ
HUBS, Mobiles & Tablets, NEWS
151 shares57 views

512GB ပါတဲ့ ZTE Nubia X Starry Night ထွက်ရှိ

Ko Thuya - Dec 10, 2018

ZTE က မကြာခင်ကပဲ မျက်နှာပြင် နှစ်ခု ပါတဲ့ Nubia X ကို ကြေညာခဲ့ပါတယ်။ သူ့အတွက် 64 or 256GB များ ထုတ်လုပ်ပေးထားပါတယ်။ အခုတော့ 512GB ပါတဲ့ Starry Night Model ကို…

ညအလင်းရောင်ကို သဘာဝကျကျ အလှပဆုံး ဖမ်းယူနိုင်တဲ့ ၈၉၉,၉၀၀ ကျပ်တန် OPPO R17 Pro
Android, HUBS, Mobiles & Tablets
208 shares32 views

ညအလင်းရောင်ကို သဘာဝကျကျ အလှပဆုံး ဖမ်းယူနိုင်တဲ့ ၈၉၉,၉၀၀ ကျပ်တန် OPPO R17 Pro

Ko Thuya - Dec 10, 2018

OPPO Myanmar က Seize the Night ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ မိတ်ဆက်ပေးလာတဲ့ high-end R series အသစ် OPPO R17 Pro ကိုတော့ (၈၉၉,၉၀၀) ကျပ်ဖြင့် ဒီဇင်ဘာ (၁၀) ရက်နေ့ ကစပြီး…

Most from this category