ဖုန်းဘေလ် မကုန်စေမယ့် MPT ရဲ့ Facebook Flex

မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး ဆက်သွယ်ရေး ကွန်ယက်တစ်ခု ဖြစ်တဲ့ MPT ကနေ စာဖတ်ဝါသနာပါသူတွေအတွက် ဖုန်းဘေလ်မကုန်ပဲ အချိန်နဲ့ တပြေးညီ သတင်း၊ ဝတ္ထုတို၊ စာစောင်တွေကို ဖတ်ရှုစေနိုင်မယ့် နည်းလမ်းကို မျှဝေထားလျက်ရှိကြောင်း MPT Facebook Status အရ သိရပါတယ်။
.
MPT ရဲ့ အခမဲ့ Facebook Flex ကို အသုံးပြုလိုပါက MPT ဆင်းကတ်ဖြင့် မိုဘိုင်းဒေတာ (အင်တာနက်) ကိုဖွင့်ပြီး Facebook ကို စိတ်ကြိုက်လွယ်ကူစွာ သုံးလို့ရပါတယ်။ အခမဲ့ သုံးဖို့အတွက် “Go To Free” ကိုနှိပ်လိုက်ရုံနဲ့တင် အဆင်ပြေစေမှာ ဖြစ်ပြီး Facebook Flex ကို အသုံးပြုဖို့အတွက် လျှောက်ထားရယူရန် အခက်အခဲ တစ်စုံတရာ မလိုအပ်ဘူး လို့လည်း သိရပါတယ်။
.
Android ဖုန်းသုံးသူတွေအဖို့ လက်ရှိအသုံးပြုနေတဲ့ ကိုယ့်ရဲ့ Facebook Application ကနေ တိုက်ရိုက်ဝင်ရောက်ပြီး ဖြစ်ဖြစ် ၊ Browser တွေကနေ တစ်ဆင့် www.facebook.com ကို ဝင်ရောက်ခြင်းဖြင့် လည်းကောင်း အသုံးပြုလို့ရနိုင်ကြောင်း သိရပါတယ်။
.
iPhone အသုံးပြုသူများအတွက်တော့ Facebook Flex ကို လက်ရှိ Application မှ တိုက်ရိုက်ဝင်ရောက် အသုံးပြုနိုင်မှာဟုတ်ပဲ Browser ကနေ တစ်ဆင့် www.facebook.com ကိုဝင်ရောက်ပြီး အသုံးပြုနိုင်တယ် လို့ သိရပါတယ်။ အစီအစဉ်အရ MPT ရဲ့ Facebook Flex က ဖုန်းဘေလ်မရှိတော့ရင်တောင် ဖုန်းငွေထပ်ဖြည့်စရာမလိုဘဲ အခမဲ့ အသုံးပြုလို့ ရပြီး ဝန်ဆောင်မှုကို subscribe လုပ်ပြီး ရယူစရာလည်း မလိုတဲ့ MPT သုံးစွဲသူများအနေနဲ့ Facebook ဖွင့်လိုက်တာနဲ့ဝန်ဆောင်မှုအဆင်သင့်ရရှိပြီးသား ဖြစ်သွားမှာ ဖြစ်ကြောင်း ကို သိရပါတယ်။
.

Facebook Flex ဘယ်လို အသုံးပြုနိုင်မလဲဆိုတာကို အသေးစိတ် သိရှိလိုသူတွေအနေနဲ့ http://bit.ly/1RV0gaT မှာ အသေးစိတ် ဖတ်ရှုနိုငတယ် လို့ သိရပါတယ်။

Ref : MPT facebook

%d bloggers like this: