လေပေါ်ပျံဝဲနေတဲ့ ဘွန်ဇိုင်းပင်လေးများ

မကြာမှီအချိန်ကာလတွေမှာ မယုံနိုင်ဖွယ်ရာ သေးငယ်လှပထူးခြားတဲ့ အပင်လေးတွေနဲ့ တန်ဆာဆင်နိုင်တော့မှာပါ။ ယခုအခါမှာ Air Bonsai ကုမ္ပဏီဟာ သူတို့ရဲ့ဆန်းသစ်တီထွင်မှုအသစ်တစ်ရပ်အဖြစ် လေပေါ်မှာ မျောပြီးဈာန်ကြွနေတဲ့ ဘွန်ဇိုင်းပင်လေးတွေကို တီထွင်ခဲ့ပါတယ်။

အချက်အလက်တွေအရ၊ ဘွန်ဇိုင်းပင်လေးတွေမှာ သံလိုက်တုံးနှစ်တုံးကို တပ်ဆင်ပြီးတော့ လေပေါ်မှာ ဈာန်ကြွပြီး လှည့်လည်နေစေတာဖြစ်တယ်လို့ ဆိုပါတယ်။ အောက်ခြေကနေ နှစ်စင်တီမီတာလောက်အထိ အပေါ်ကိုမြှောက်ကြွနေစေမှာဖြစ်ပြီး အခြားဘွန်ဇိုင်းပင်တွေထက်စာလို့ရှိရင် ရေလိုအပ်မှုပမာဏ အနည်းငယ်သာဖြစ်တယ်လို့ဆိုပါတယ်။

ကုမ္ပဏီရဲ့ Kickstarer Page မှာ သူတို့အနေနဲ့ အခုလိုမျိုးရရှိနိုင်ဖို့အတွက် ဒေါ်လာရှစ်သောင်းလောက်ကုန်ကျခဲ့တယ်လို့သိရပါတယ်။ ပရောဂျက် လည်ပတ်မှုကုန်ကျစရိတ်ကတော့ ဒေါ်လာ ၃၁၆ ၈၁၈ အထိရှိခဲ့တာဖြစ်ပါတယ်။

အပင်တွေကိုဈေးပေါပေါနဲ့ မရနိုင်ပေမယ့် တစ်စုံကို ဒေါ်လာ ၂၀၀ လောက်နဲ့ရနိုင်ဖို့ အတွက် ကုမ္ပဏီက အာမခံခဲ့ပါတယ်။ စတင်ရောင်းချမယ့် ကာလကတော့ လာမယ့် သြဂုတ်လလို့သတ်မှတ်ထားပြီး သတ်မှတ်ထားတဲ့ နိုင်ငံတွေကိုသာ တင်ပို့ဦးမှာဖြစ်ပါတယ်။

 

Ref: Independent

You may be interested

ကွေးညွှတ်ပျော့ပြောင်းတဲ့ iPhone ကို Apple ဖန်တီးနေ
Apple, HUBS, Mobiles & Tablets
208 shares45 views

ကွေးညွှတ်ပျော့ပြောင်းတဲ့ iPhone ကို Apple ဖန်တီးနေ

Ko Thuya - Nov 24, 2017

Apple က ကွေးညွှတ်ပျော့ပြောင်းတဲ့ iPhone အတွက် Patent တစ်ခုကို မှတ်ပုံတင်လိုက်ပါတယ်။ US Patent and Trademark Office (USPTO) မှ သတင်းအချက်အလက်များအရ အဲဒီ Patent ဟာ ကွေးညွှတ်ပျော့ပြောင်းတဲ့ မျက်နှာပြင်တပ်ဆင်ထားတဲ့ ကိရိယာ ဖြစ်ပြီး…

အမိုက်စားဖုန်းတို့ ဆုံစည်းရာ ၂၀၁၇ ခုနှစ်
Mobiles & Tablets, NEWS
340 shares147 views

အမိုက်စားဖုန်းတို့ ဆုံစည်းရာ ၂၀၁၇ ခုနှစ်

Nwe Oo - Nov 24, 2017

မကြာသေးခင်ကပဲ OnePlus 5T ဖုန်းတွေကို မိတ်ဆက်လိုက်ပြီးနောက်မှာတော့ ဖုန်းရဲ့ hardware ပိုင်းရော software ပိုင်းကိုပါ တော်တော်လေးစိတ်တိုင်းကျခဲ့ပါတယ်။ ပေးရတဲ့ $499 နဲ့တော်တော်ကြီးတန်တဲ့ဖုန်းတစ်လုံးလို့တော့ ဆိုရမှာပါ။ OnePlus ကုမ္ပဏီက အရမ်းတော့မကြီးပေမယ့်လည်း သူ့ရဲ့ဈေးကွက်ကို သူကိုယ်တိုင်နားလည်ပါတယ်။ $500 လောက်နဲ့  ကမ္ဘာမှာနာမည်ကြီးနေတဲ့…

Coolpad က တန်ဖိုးနည်း Note 5 Lite ကို ရောင်းချ
Mobiles & Tablets, NEWS
183 shares58 views

Coolpad က တန်ဖိုးနည်း Note 5 Lite ကို ရောင်းချ

Ko Thuya - Nov 24, 2017

Coolpad က အိန္ဒိယမှာ တန်ဖိုးနည်း Note 5 Model အသစ်တစ်ခုကို မိတ်ဆက်လိုက်ပါတယ်။ ယခုနှစ် သြဂုတ်လမှာ အိန္ဒိယတွင် ရောင်းချပေးခဲ့တဲ့ Note 5 Lite C ရဲ့ Storage ထက် နှစ်ဆ ပိုမိုများပြားတဲ့ 32GB…

Most from this category