သတင်းလိမ်တွေကို ဖေ့စ်ဘုတ် ဖယ်ရှားတော့မည်

ရက်သတ္တပတ်ပေါင်းများစွာ ခေါင်းမာမာနဲ့ ငြင်းဆန်ခဲ့ပြီးနောက် Fake news လို့ ခေါ်တဲ့ မဟုတ်မမှန်သတင်းတွေကို Facebook ပေါ်ကနေ ဖယ်ရှားဖို့အတွက် မက်ဇူကာဘတ်ဟာ ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း သူ့ရဲ့ Facebook Status အရ သိရပါတယ်။
.
အစောပိုင်းက မဲလိမ်မှုတွေကို တရားစွဲမယ် လို့ ပြောဆိုခဲ့တဲ့ သမ္မတလောင်း ဒေါ်နယ်ထရန့် ဟာ မဲအပြတ်အသတ် နဲ့ အနိုင်ရရှိသွားခြင်း ဟာ ဟီလာရီ ကလင်တန် အပေါ် မဟုတ်မမှန်သတင်းများစွာ ဖြန့်ကြတဲ့ Fake News တွေကြောင့် ဖြစ်ကြောင်း လူအများက ပြောဆိုခဲ့ကြပါတယ်။
အဲဒီအကြောင်းအရာ ကို ဖေ့စ်ဘုတ် ရဲ့ ပိုင်ရှင်ဖြစ်သူ မက်ဇူကာဘတ်ကို စာပို့ပြောတဲ့ အထိ ဖြစ်ခဲ့ပြီး အစပိုင်းကတော့ ဒါဟာ Facebook အမှား မဟုတ်ကြောင်း မက်ဇူကာဘတ်က စာနယ်ဇင်းသတင်းများစွာ ထုတ်ဖော်ပြီး ငြင်းဆိုခဲ့ပါတယ်။
.
နောက်ပိုင်းမှာတော့ အမေရိကန်သမ္မတ အိုဘားမားကိုယ်တိုင် ဆိုရှယ်မီဒီယာပေါ်က Fake News တွေကို မယုံကြဖို့ သေချာ စိစစ်ဖို့အတွက် ပြောဆိုမှု တစ်ခု ပြုလုပ်ခဲ့တာကြောင့် မက်ဇူကာဘတ်ဟာ သူ့ရဲ့ ခံယူချက် ကို ပြောင်းလိုက်ရတဲ့ အနေအထား ဖြစ်လာပါတယ်။ သမ္မတ အိုဘားမား အနေနဲ့ အခြားပါတီဘက်ကို တိုက်ရိုက်ရည်ညွန်း ပြောဆိုခြင်း မဟုတ် ဘဲ ယေဘုယျအားဖြင့်သာ ရည်ညွှန်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
.
ဖေ့စ်ဘုတ် ပိုင်ရှင် ဇူကာဘတ် အနေနဲ့ Facebook ပေါ်ကနေ FakeNews နဲ့ Fake လို့ ထင်မှတ်ဖွယ်ရာ ရှိတဲ့ သတင်းတွေကို ဖယ်ရှားသွားမှာ ဖြစ်ပေမယ့် လုပ်ငန်းစဉ်ဟာ ထင်သလောက်တော့ မလွယ်ကူဘူး လို့ သိရပါတယ်။ အထူးသဖြင့် သက်ဆိုင်ရာနိုင်ငံတွေက ပညာရှင်တွေရဲ့အကူအညီ မပါဘဲ ရိုဘော့ကားအကိုး နဲ့ ချဉ်းကပ်မယ် ဆိုရင် အရင်လို Real News ယောင်ဆောင်ထားတဲ့ Fake News တွေ သာ ပြန်လည် ရရှိနေဦးမှာ ဖြစ်တယ် လို့ ဆိုပါတယ်။
.
အဲဒီအတွက် ဖေ့စ်ဘုတ် ပေါ်မှာ ပို့စ်တင်နေတဲ့သူတွေ၊ ဖေ့စ်ဘုတ်ပေ့ချ်တွေဟာ စစ်ဆေးခံရမှာ ဖြစ်ပြီး blue mark ဖြစ်ထားတဲ့ Verified Page တွေကတော့ ဒီ သတင်းမှာ အကျုံးဝင် ၊ မဝင်ကိုတော့ တိတိကျကျ ပြောဆိုသွားခဲ့ခြင်း မရှိသေးပါဘူး။
..
Ref : Mark

%d bloggers like this: