ဟက်ကာများက အမေရိကန် ရေတပ်သားများရဲ့ အချက်အလက်များစွာ ခိုးယူသွားခဲ့

ဟက်ကာများ က အမေရိကန် ရေတပ် ရဲ့ ဒေတာဘေ့စ်ကို ဖောက်ထွင်းပြီး အတွင်းမှာရှိတဲ့ သင်္ဘောသား ၁သိန်း၃သောင်း ကျော် ရဲ့ အမည်၊ မှတ်ပုံတင်အမှတ်၊ ရေတပ် ရေလုံခြုံရေး နံပါတ် တခြား သတင်းအချက်အလက်များ ခိုးယူသွားနိုင်ခဲ့တယ် လို့ သိရပါတယ်။
.
ပြီးခဲ့တဲ့ လ နောက်ဆုံးပတ်က အဲဒီ ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကမှ ရေတပ်သင်္ဘောသားတွေရဲ့ ဦးစီးအရာှုရှိ က အထက်ကို တင်ပြခဲ့ခြင်း ဖြစ်ပါတယ်။ မည်သူမည်ဝါမှန်း သဲကွဲတဲ့ သဲလွန်စတွေ မရရှိခဲ့တဲ့ သူခိုးတွေဟာ ရေတပ်သဘောၤအုပ်စု The Navy’s USS Coronado ပေါ်က သဘောၤသားတွေကို ယခုလို ပစ်မှတ်ထား တိုက်ခိုက်သွားတာဖြစ်ပါတယ်။ Coronado သင်္ဘော အုပ်စု ဟာ ဆိပ်ကမ်းအနေီး အောက်တိုဘာ ၁၆ ရက်နေ့ ကျောက်ချခဲ့စဉ်မှာ အဲဒီ မသင်္ကာဖွယ်ရာအမှု စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး  စိုးရမ်စရာတော့ မရှိလှပေမယ့် သတိဝိရီယ ရှိကြဖို့ ဦးစီးအရာရှိဖြစ်သူ Robert Brokke က ပြောကြားခဲ့ပါတယ်။
.

Ref : Nydailynews

 

%d bloggers like this: