ဆမ်ဆောင်း ရဲ့ JetBlack ပုံရိပ်များ အွန်လိုင်းတွင် ထွက်ပေါ်

Galaxy Note 7 ကြောင့် ကမ္ဘာတဝန်းလုံးမှာ ၁၅ ဘီလီယံ လောက် ထိခိုက်နစ်နာခဲ့ရတဲ့ ဆမ်ဆောင်းကုမ္ပဏီ ဟာ အခု သူရဲ့ မဟာယှဉ်ပြိုင်ဘက် iPhone 7 ကို အလဲထိုးဖို့ အောင်မြင်ခဲ့တဲ့ Galaxy S7 ကို အနက်ရောင်အဖြစ် ထုတ်လုပ်ဖို့ ကြံစည်လျက်ရှိတယ် လို့ သတင်းပုံရိပ်များ ထွက်ပေါ်လာပါတယ်။
.
နည်းပညာကျွမ်းကျင်သူတွေရဲ့ အဆိုအရ Galaxy S7 jet black ဟာ iPhone 7, iPhone 7plus တို့ ထွက်ရှိမယ့် ရက် နဲ့ မရှေးမနှောင်းထွက်ပေါ်လာမယ် လို့ ဆိုပါတယ်။ အဲဒီအတွက် ဆမ်ဆောင်းချစ်သူတွေအဖို့ အခု ခရစ်စမတ်ကာလ ဟာ ဆမ်ဆောင်းကုမ္ပဏီက ပေးအပ်မယ့် လက်ဆောင်အသစ် တစ်ခု လည်း ဖြစ်လာနိုင်စရာ ရှိနေပါတယ်။
.
3ab9621d00000578-3968744-apple_has_admitted_that_the_glossy_finish_on_its_jet_black_iphon-a-49_14800091783433ab9621400000578-3968744-image-a-48_1480004467033
ဒါပေမယ့် ဒီသတင်းဟာ Rumors ခန့်မှန်းခြေသတင်းမျှသာ ဖြစ်ပြီး တောင်ကိုရိးယားနိုင်ငံအတွက် တစ်ရက်ကို အလုံးရေ ၁၅၀၀၀ ကျော် ရောင်းချနေခဲ့ရတဲ့ မဲနယ်အပြာရောင် Coral blue ထုတ်ပေးထားတဲ့အတွက် jet black ကို ဆက်ထုတ်မှာ မဟုတ်ဘူး လို့ တချို့ကလည်း ဆိုပါတယ်။ ကိုရီးယား နည်းပညာ ဆမ်ဆောင်းကလည်း အဲဒီသတင်းတွေကို ရေငုံနှုတ်ပိတ်နေခဲ့ပေမယ့်  လူမှုကွန်ယက် Weibo ကနေတဆင့် တရုတ်အကောင့်တစ်ခု ဖြစ်တဲ့ Shaokangchina ကနေ စတင်ပြီး ပုံရိပ်တွေကို လွှင့်ထုတ်တင်ပြလိုက်တာ လို့လည်း သိရပါတယ်။
Ref : DM

 

%d bloggers like this: