နည်းပညာအသုံးချ စွမ်းအားမြင့် လက်နက်ဆန်း ၁၀မျိုး

ကွန်ပျူတာ အဆင့်မြင့် လုပ်ဆောင်ချက်တွေက နိုင်ငံတွေအထိပါ ပါဝင်ပတ်သက်နေပြီး နည်းပညာ နဲ့ ထိန်းချုပ်ထားတဲ့ Milarty Tech လို့ ခေါ်လို့ရမယ့်  နည်းပညာမြင့် လက်နက်ဆန်းတွေကို ဗဟုသုတ အလို့ငှာ  ဖော်ထုတ်ရေးသားလိုက်ပါတယ်။

ဇီဝဓါတ်ပေါင်း (Biodesign Synthetic Organism)

DARPA (Defense Advanced Research Projects Agency) အမေရိကန်နိုင်ငံ ကာကွယ်ရေး သုတေသနလုပ်ငန်းများ အေဂျင်စီ) က အဆင့်မြင့်တင်နေတဲ့ ဇီဝဓါတုပေါင်းစပ်မှု့တွေပြုလုပ်ဖန်တီးထားပါတယ်၊ စစ်သားတွေအတွက် မသေဆေးလို့တောင် ခေါ်တွင်နိုင်ပြီး၊ သေဆုံးမှု့ကို ထားဆီးတဲ့ မော်လီကျူးတွေပါဝင်ပါသတဲ့။ ဒဏ်ရာပြင်းထန်တဲ့ စစ်သားတွေဟာ ထိုင်းမှိုင်းလေးလံကာ ဖုတ်ကောင်ကဲ့သို ဖြစ်သွားစေမယ့် ကြောက်မက်ဖွယ်စိတ်ကူးပါ။ အမေရိကန်လွှွတ်တော်နှစ်ရပ်စလုံး မှာ အချင်းများခဲ့ကြရတဲ့ လက်နက်ဖြစ်ပြီး စတင်မထုတ်လုပ်ရသေးပေမယ့် ရံပုံငွေ ဒေါ်လာ ၆ မီလီယံလောက်ထိ ရရှိနေပါပြီ။

 real_xm25

XM-25 ဗုံးပစ်လောင်ချာ (XM-25 Grenade Launcher)

ပြီးခဲ့တဲ့ ၃ နှစ် ကစပြီး Afghanistan စစ်ပွဲမှာအသုံးပြုခဲ့တဲ့ XM-25 အမျိုးအစား ဗုံးပစ်လောင်ချာဟာ ပေါက်ကွဲအားမြင့်တဲ့ ဗုံးအလုံးရေ ၂၅ လုံးထိပစ်လို့ရနိုင်ပြီး မျက်စိနဲ့ လှမ်းမြင်နိုင်တဲ့ မည်သည့်အကွာအဝေးကိုမဆို ပစ်လို့ရပါတယ်။ ကွန်ပြူတာဖြင့်လည်း ထိန်းချုပ်ကာ အသုံးပြုနိုင်ပြီး၊ ပစ်မယ့်အချိန်၊ အကွာအဝေးတွေကိုလည်း ထည့်သွင်းနိုင်ကာ ကွန်ပြူတာနဲ့ လက်နက်တို့ရဲ့ အံ့မခန်း ပေါင်းစပ်မှု့ကလည်း ဒီလက်နက်ရဲ့စွမ်းအားကို ပိုမိုမြင့်မားစေပါတယ်။ ထို့ပြင်သယ်ဆောင်ရလွယ်ကူပြီး၊ မည်သည့်စစ်သားမဆို အလွယ်တကူအသုံးပြုလို့ရနိုင်ပါတယ်။

aurora-excalibur-uas
အာရုံဦးရဲ့ သူရဲကောင်း (Aurora Excalibur)

ဆန်းပြားခေတ်မီတဲ့ ဂျက်လေယာဉ်နဲ့ ရဟတ်ယဉ်တို့ ပေါင်းစပ်ထားတဲ့ လူမဲ့လေယာဉ်ပါ။ ရဟတ်ယာဉ်တွေလို ဒေါင်လိုက်အတက်အဆင်း ပြုလုပ်နိုင်ပြီး တစ်နာရီအတွင် မိုင် ၄၅၀ခရီးရောက်နိုင်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ စတင်စမ်းသပ်အောင်မြင်ခဲ့ပြီး ဗုံးလက်နက်တွေကို သယ်ဆောင်သွားနိုင်မယ့် လေယာဉ်ပါ။ ယာဉ်မောင်းမလိုပဲ မြေပြင်ကနေပဲ ထိန်းချုပ်ပျံသန်းသွားနိုင်ပါတယ်။ လတ်တလောမှာ စစ်ပွဲတချို့မှာ တိတ်တဆိတ်သုံးစွဲလျက်ရှိပါတယ်။

hqdefault

အသံတိတ် လူသတ်သမား (Dread Silent Weapon)

နာမည်နဲ့လိုက်အောင် တိကျတယ်၊ လျှင်မြန်တယ်၊ ရှောင်ရှားဖို့ ခက်ခဲပါတယ်။ တစ်မိနစ်အတွက် အချက်ပေါင်း ၁၂၀ ၀၀၀ ကိုတိကျအောင်ပစ်ခတ်နိုင်စွမ်းရှိပြီး ယမ်းအစား လျှပ်စစ်စွမ်းအင်ကို အသုံးပြုထားပါတယ်။ ဒါကြောင့် အနောက်ကို ပြန်ကန်ခြင်း၊ အသံကျယ်လောင်မှု့နဲ့ အပူစွမ်းအင် လုံးဝမရှိပါဘူး။

 darpa-hi-mems-021

စက်ရုပ်ကြမ်းပိုး (Hybrid Insect MEMS)

007 သုံးတဲ့လက်နက်အလားပါပဲ။ စက်နဲ့ ကြမ်းပိုးနှစ်မျိုး စပ်ထားတဲ့ လက်နက်ပါ။ သတင်းအချက်အလက်တွေ စုဆောင်းဖို့၊ ဂတ်စ်နဲ့ ရောင်ခြည်ဖြာထွက်မှု့တွေကို ဖမ်းယူနိုင်ဖို့် အသုံးပြုပါတယ်။ ပိုးကောင်ဘ၀ ဆင့်ကဲပြောင်းလဲမှု့ကိုအသုံးချကာ သေးငယ်တဲ့ စက်ကိရိယာတွေ နဲ့ပေါင်းစပ်ထားတဲ့လက်နက်ပါ။

 corner_shot_02

ထောင့်ချိုးပစ် သေနတ်( Corner Shot Launcher)

အစ္စရေးနဲ့ ဂျာမန်ကာကွယ်ရေးတပ်တွေရဲ့ ပေါင်းစပ်ဖန်တီးမှု့ဖြစ်တဲ့ ဒီလက်နက်ဟာ ကင်မရာပါဝင်ပြီး ဒေါင့်တစ်နေရာမှာရှိနေတဲ့ ရန်သူကို ထိပ်မှာထပ်ဆင်ထားတဲ့ ကင်မရာမှတဆင့် ကြည့်ရှု့ကာ အကွယ်မှနေပြီး ရန်သူကို ချေမှုန်းလို့ရပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကတည်းက နာမည်ထွက်ခဲ့ပေမဲ့၊ မည်သည့်နိုင်ငံကမှ ဒီလက်နက်ကို စတင်ဖြန့်ဝေခြင်းမရှိခဲ့ပါဘူး။

railgun-gtav

Railgun

လျှပ်စစ်သံလိုက်စွမ်းအင်ကို အသုံးပြုပြီး ကျည်ဆန်တွေကို မြင့်မားတဲ့ အဟုန်နဲ့ပြေးထွက်စေမယ့် အရာပါ။ ကျည်ဆန်ထွက်နှုန်းဟာ တစ်စက္ကန့်ကို ၂.၄ ကီလိုမီတာထိရှိပါတယ်။ အသံရဲ့ အလျှင်ထက် ၇ဆပိုမြန်တဲ့အရှိန်နဲ့ပါ။

hellads

ဒုံးကာကွယ်ရေးစနစ် (HELLADS)

ပင်တဂွန်ရဲ့ လေဆာအသုံးပြု ကာကွယ်ရေးစနစ် တစ်ခုပါ။ ဒီစနစ်နဲ့ လေကြောင်းဆိုင်ရာ ကာကွယ်မှု့တွေပြုလုပ်ဖို့ ရည်ရွယ်ထားပါတယ်။ လေဆာရောင်ခြည်များဟာ သေးငယ်ပြီး စွမ်းအားအင်မတန် မြင့်မားတဲ့အတွက် ရန်သူတွေပစ်လွှတ်လိုက်တဲ့ ဒုံးလက်နက်တွေကို ကြားဖြတ်ကာကွယ်နိုင်ပါတယ်။

pirates-600-3

အီလက်ထရွန်လေဆာ (Free Electron Laser)

အမေရိကန်ရေတပ်ရဲ့ ကြားဖြတ်ဒုံးကာကွယ်ရေးစနစ်ဖြစ်ပါပြီး စစ်သင်္ဘောတွေပေါ်မှာတပ်ဆင်ထားပါတယ်။ နည်းပညာမြင့်မားတဲ့ အာရုံခံစနစ်တွေပါဝင်ပြီး သတင်းအချက်အလက်တွေကို ဖမ်းယူနိုင်စွမ်းလည်း ရှိပါတယ်။ စစ်သင်္ဘောတွေအတွက် မရှိမဖြစ်ဖြစ်လာမယ့် အစိတ်အပိုင်းတစ်ခုပါ။

mahem_model_aw

MAHEM

DARPA (Defense Advanced Research Projects Agency) ရဲ့ နောက်ထပ် စီမံကိန်းတစ်ခုက Magneto Hydrodynamic Explosive Munition လို့ခေါ်နိုင်သလို Mayhem (ဝရုန်းသုန်းကား၊ ဖျက်ဆီးခြင်း) မှာ Y ဖြုတ်ပြီး MAHEM လို့လည်း ခေါ်တွင်ပါတယ်။ တင့်ကားတွေနဲ့ စစ်သားအစုအဝေးကို ပြင်းထန်စွာဖြိုခွင်းရာမှာ ဒီလက်နက်ကိုအသုံးပြုပါတယ်။

 

 

Ref : DM

 

%d bloggers like this: