0 Shares 67 Views

ကမ္ဘာတစ်ဝန်းလုံးမှာ လက်ရှိအသုံးပြုလျက်ရှိတဲ့ Apple ပစ္စည်းပေါင်း ၁ ဘီလီယံရှိ

Jan 27, 2016
0 67

ကမ္ဘာတစ်ဝန်းလုံးမှာ လက်ရှိအသုံးပြုလျက်ရှိတဲ့ Apple ပစ္စည်းတွေ ၁ ဘီလီယံရှိကြောင်း Apple ကုမ္ပဏီက ရှယ်ယာပိုင်ရှင်တွေထံ အင်္ဂါနေ့က ထုတ်ပြန်ခဲ့တဲ့ စာတစ်စောင်အရ သိရပါတယ်။

ဒီ Apple ပစ္စည်းတွေမှာ၊ iPhone၊ iPad၊ Macbook၊ iPods နဲ့ Apple နာရီ၊ တီဗီတွေပါဝင်ပြီး၊ လွန်ခဲ့တဲ့ ရက် ၉၀ အတွင်းမှာ ကုမ္ပဏီရဲ့ဝန်ဆောင်မှုတွေကို ၀င်ရေက်အသုံးပြုခဲ့ကြတဲ့ စက်ပေါင်း ၁ ဘီလီယံအထိရှိခဲ့တယ်လို့ Apple CEO Tim Cook က အဆိုပါစာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

” Apple ကုမ္ပဏီသမိုင်းတစ်လျှောက် အောင်မြင်မှုအကြီးမားဆုံး သုံးလပတ်ကာလကို ကျွန်တော်တို့ကုမ္ပဏီအဖွဲ့သားတွေ ယူဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒီလိုစွမ်းဆောင်နိုင်တာဟာ ကမ္ဘာ့အဆန်းအသစ်ဆုံးထုတ်ကုန်တွေကို ထုတ်လုပ်နိုင်ခဲ့တာကြောင့်ဖြစ်သလို၊
iPhone၊ Apple Watch နဲ့ Apple TV တွေ အရောင်းစံချိန်တွေချိုးနိုင်ခဲ့တာကြောင့်လည်း ဖြစ်ပါတယ်” လို့ Tim Cook က ရေးသားထားပါတယ်။

ဒါဟာ Apple ကုမ္ပဏီသမိုင်းတစ်လောက်မှာ သူတို့ရဲ့ပစ္စည်းတွေ လက်ရှိဘယ်လောက်များများသုံးနေလဲဆိုတာကို ပထမဆုံးအကြိမ် လူသိရှင်ကြားဖော်ပြခဲ့တာဖြစ်ပါတယ်။ Apple ဟာ လွန်ခဲ့တဲ့နှစ် နောက်ဆုံးသုံးလပတ်ကာလအတွင်းမှာ အများပိုင်ကော်ပိုရေးရှင်းတစ်ခုအနေနဲ့ မကြုံစဖူး စံချိန်တင်အမြတ်အစွန်း ကန်ဒေါ်လာ ၁၈ ဘီလီယံ
ရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

Ref: Cnet

You may be interested

အကောင်းဆုံး စမတ်ဖုန်း ကင်မရာများအဖြစ် ရွေးချယ်ခံရတဲ့ iPhone 8 နဲ့ iPhone 8 Plus
Camera, Mobiles & Tablets, NEWS
0 shares0 views

အကောင်းဆုံး စမတ်ဖုန်း ကင်မရာများအဖြစ် ရွေးချယ်ခံရတဲ့ iPhone 8 နဲ့ iPhone 8 Plus

Ko Thuya - Sep 23, 2017

iPhone 8 နဲ့ iPhone 8 Plus တို့ကို ၂၂ ရက်နေ့မှာ စတင်ရောင်းချပေးလိုက်ပါတယ်။ စမတ်ဖုန်း ကင်မရာများကို အကဲဖြတ်စမ်းသပ်တဲ့ DxOMark က iPhone 8 ၂ လုံးရဲ့ ကင်မရာများကို စမ်းသပ်ခဲ့ပြီးနောက်မှာ အကောင်းဆုံး စမတ်ဖုန်း…

မောင်းသူမဲ့ ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံလိုက်တဲ့ Baidu
Automobiles, NEWS
110 shares15 views

မောင်းသူမဲ့ ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံလိုက်တဲ့ Baidu

Ko Thuya - Sep 23, 2017

တရုတ်နိုင်ငံရဲ့ Google လို့ တင်စားခြင်းခံရတဲ့ Baidu က စက်ရုပ်ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံမယ်လို့ ကြေညာလိုက်ပါတယ်။ သူ့ရဲ့ Apollo Fund စီမံကိန်းကနေ လာမယ့် ၃ နှစ်အတွင်းမှာ မောင်းသူမဲ့ ကား စီမံကိန်း ၁၀၀…

ရာဇ၀တ်မှုကို တိုက်ဖျက်ပေးမယ့် လုံခြုံရေး စက်ရုပ်
NEWS, Security & Safety
83 shares10 views

ရာဇ၀တ်မှုကို တိုက်ဖျက်ပေးမယ့် လုံခြုံရေး စက်ရုပ်

Ko Thuya - Sep 23, 2017

လုံခြုံရေး စက်ရုပ်များကို တီထွင်နေတဲ့ Knightscope Company က စက်ရုပ်အသစ်များကို ပြသလိုက်ပါတယ်။ စက်ရုပ်များကို K7 လို့ အမည်ပေးထားပြီး ဘီးလေးဘီး တပ်ဆင်ထားပါတယ်။ K7 ဟာ ၅ ပေကျော် အရပ်မြင့်ပြီး ၇ ပေနီးပါး အရှည်ရှိပါတယ်။ စက်ရုပ်ဟာ…

Most from this category